ထိုင်းရောက် မွန်အသိုင်းအဝိုင်းထံမှ အကြံပြုချက်နှင့် ပူးပေါင်းကူညီမှုရရှိရန် NMSP-AD စည်းရုံးလှုံ့ဆော်

ထိုင်းရောက် မွန်အသိုင်းအဝိုင်းထံမှ အကြံပြုချက်နှင့် ပူးပေါင်းကူညီမှုရရှိရန် NMSP-AD စည်းရုံးလှုံ့ဆော်
ဓာတ်ပုံ - Crd
ဓာတ်ပုံ - Crd

မွန်အမျိုးသားလွတ်မြောက်ရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် အနာဂတ်အကြံပြုချက်များနှင့် ပူးပေါင်းကူညီမှုများ ရရှိနိုင်ရန် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD သည် ထိုင်းနိုင်ငံ ရောက် မွန်လုပ်ငန်းရှင်များ၊ အတတ်ပညာရှင်များ၊ လူထုများနှင့် ဆက်တိုက်တွေ့ဆုံကာ စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်လျက်ရှိသည်။

လက်ရှိ နိုင်ငံရေးနှင့် တော်လှန်ရေးအခြေအနေများ၊ NMSP-AD ၏ လုပ်ငန်းဆောင်တာများ၊ ရာမညမွန်တပ် တော်၏ ရှေ့လုပ်ငန်းစဉ်များနှင့် အခက်အခဲများကို ထိုင်းရောက် မွန်လူထုအား တိုက်ရိုက်ရှင်းလင်း ပြောကြား နိုင်ရန် ယခုကဲ့သို့ တွေ့ဆုံမှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားက ပြောသည်။

နိုင်ကောင်းစကားက “ကျနော်တို့ဘက်က ဘာတွေလုပ်နေလဲဆိုတာ သတင်းတွေ၊ မီဒီယာတွေမှာ အကုန်လုံး တင် ပြလေ့ မရှိတာ ကြောင့် သူတို့အနေနဲ့ မသိတာတွေရှိတယ်။ လက်ရှိလုပ်ဆောင်နေတာတွေရော၊ ခက်ခဲနေတာ တွေရော သိသွားအောင်၊ အဲဒီအပေါ်မှာလည်း သူတို့အနေနဲ့ အကြံပေးလို့ရအောင်၊ ကူညီပေးလို့ရအောင် တွေ့ဆုံ တာဖြစ်ပါတယ်” ဟု ပြောသည်။

တွေ့ဆုံပွဲများအတွင်း NMSP-AD အတွင်းရေးမှူး နိုင်ဗညာလယ် အပါအဝင် ပါတီ၏ ထိုင်းဆက်ဆံရေးတာဝန်ခံ၊ ပြည်ပစည်းရုံးရေးတာဝန်ခံ၊ လူမှုကယ်ဆယ်ရေးတာဝန်ခံနှင့် ပြည်ပစည်းရုံးရေး ဒုတာဝန်ခံတို့က အဓိက ဦးဆောင်လျက်ရှိသည်။

မွန်အမျိုးသား လွတ်မြောက်ရေးအတွက် ကဏ္ဍအသီးသီးမှ မွန်လူထု ပါဝင်ရန် လိုအပ်ကြောင်းလည်း နိုင်ကောင်းစကားက ဆက်ပြောသည်။

“လူမျိုးလွတ်မြောက်ရေးအတွက် ရုန်းကန်မှုတွေမှာ မွန်လုပ်ငန်းရှင်တစ်ခုတည်းမကဘူး၊ ကဏ္ဍအသီးသီးက လူတွေအကုန်လုံး ဥပမာ အလုပ်သမား၊ လူငယ်၊ ပညာတတ်၊ ပညာရှင်တွေ၊ သူဌေးတွေ၊ သံဃာတော်တွေ စသဖြင့်အကုန်လုံးက ကူညီရုန်းကန်ပါဝင်ကြမှ ပန်းတိုင်မြန်မြန်ရောက်မယ်လို့ ယုံကြည်ထားပါတယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ မွန်ရွှေ့ပြောင်းလုပ်သားများ ဖမ်းဆီးခံရပြီး နယ်စပ်ဒေသများသို့ ပြန်လည်ပို့ဆောင်ခံရသည့် အခြေအနေနှင့် နေထိုင်ခွင့် အခက်အခဲများကိုလည်း NMSP-AD မှ ပူးပေါင်းကူညီ ဖြေရှင်းပေးရန် အစီအစဉ်ရှိသည်။

NMSP-AD နှင့် ထိုင်းနိုင်ငံရောက် မွန်လုပ်ငန်းရှင်များ၊ အတတ်ပညာရှင်များသည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်နေ့က ထိုင်းနိုင်ငံတစ်နေရာ၌ တွေ့ဆုံကာ အမြင်ဖလှယ် ဆွေးနွေးခဲ့ကြကြောင်း NMSP-AD ၏ လူမှုကွန်ရက် စာမျက်နှာ ထုတ်ပြန်ချက်အရ သိရသည်။

ယခု ၂၀၂၆ ခုနှစ်အတွင်း NMSP-AD ထိပ်ပိုင်းခေါင်းဆောင်များသည် ထိုင်းနိုင်ငံ ဒေသအသီးသီးရှိ ပါတီအဖွဲ့ဝင် များ၊ စည်းရုံးရေးနှင့် ထောက်ပံ့ရေးတာဝန်ခံများအပြင် မွန်အဖွဲ့အစည်းများ၊ မွန်လူထုများနှင့်ပါ မကြာခဏ တွေ့ဆုံလျက်ရှိသည်။

September 18, 2026
မွန်ပြည်၊ ရေးမြို့နယ်အတွင်း ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါး သုံးစွဲသူနှင့်...
ဓာတ်ပုံ - မော်လမြိုင်မြို့အဝင်ဆိုင်းဘုတ်။ / Crd
September 17, 2026
မွန်ပြည်၊ မော်လမြိုင်မြို့တွင် အသက်မပြည့်သေးသည့် ကလေး ၂ ဦး အပါအဝင် မူးယစ်ဆေးဝါး သုံးစွဲနေသည့်...
ရေဖြူမြို့နယ်အတွင်းက လမ်းပိုင်းတစ်နေရာ။ / CJ
September 16, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရာဖူး-အလယ်စခန်း လမ်းပိုင်းတွင် စစ်အုပ်စုတပ် စစ်ကြောင်းများ...
September 15, 2026
မွန်ပြည်အတွင်းရှိ မြို့ပေါ်နှင့် ကျေးရွာများတွင် စစ်အုပ်စုတပ်က ပေါ်တာဆွဲမည်ကို စိုးရိမ်နေရသဖြင့်...