ဘုရားသုံးဆူတွင် စားသောက်ဆိုင်ထိုင်နေသည့် DKBA ဗိုလ်မှူးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

ဘုရားသုံးဆူတွင် စားသောက်ဆိုင်ထိုင်နေသည့် DKBA ဗိုလ်မှူးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

ကရင်ပြည်၊ ဘုရားသုံးဆူမြို့ပေါ် ဥဒေါင်းကန်လမ်းရှိ စားသောက်ဆိုင်တစ်ခုတွင် အမည်မသိ လက်နက်ကိုင်တစ်စု ၏ ပစ်ခတ်မှုကြောင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) မှ ဗိုလ်မှူးအဆင့်ရှိသူတစ်ဦး သေဆုံးခဲ့ ကြောင်း မြို့ခံများက ပြောသည်။

DKBA တပ်နယ် (၂) လက်အောက်ခံ တပ်ရင်း (၉၀၁) မှ ဗိုလ်မှူးအာလူး (ခ) ထွန်းဇော် သည် အဆိုပါ စားသောက် ဆိုင်သို့ ရောက်ရှိနေစဉ် လက်နက်ကိုင်တစ်စုက မော်တော်ယာဉ်ဖြင့် ရောက်ရှိလာပြီး စက်တင်ဘာလ ၁၅ ရက် နေ့က သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူနှင့် နီးစပ်သည့် အမည်မဖော်လိုသူ DKBA တပ်ဖွဲ့ဝင်တစ်ဦးက "ဗိုလ်အာလူးက အဲဒီဆိုင်မှာ ပွဲလုပ်ပြီး စားသောက်နေကြတုန်း ကားတစ်စီးနဲ့ လူတွေဆင်းလာပြီး ပစ်သွားတာ။ ကျည် ၃ ချက်၊ ၄ ချက်မသိဘူး ထိပြီး ဆုံးသွားတယ်။ ပစ်တဲ့အုပ်စုက ကားနဲ့ ပြန်ထွက်ပြေးသွားတယ်” ဟု ပြောသည်။

ဗိုလ်မှူးထွန်းဇော်သည် ဘုရားသုံးဆူမြို့တွင် စီးပွားရေးတာဝန်ခံအဖြစ်လည်း တာဝန်ယူထားသူဖြစ်ပြီး ၎င်း သေ ဆုံးမှုနှင့် ပတ်သက်၍ ကျူးလွန်သူများကို အဖွဲ့အစည်းဘက်က လိုက်လံစုံစမ်းနေသသော်လည်း ယနေ့ထက်ထိ ဖမ်းဆီးရမိခြင်း မရှိသေးပေ။

ထို့ပြင် ဗိုလ်မှူးထွန်းဇော်သည် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) ကိစ္စများတွင် ပါဝင်ပတ်သက်မှုရှိသူဖြစ်၍ ယခု ပစ်ခတ်သတ်ဖြတ်ခံရသည့် ဖြစ်စဉ်နှင့် အကြောင်းအရင်း ဆက်စပ်မှုရှိနိုင်ကြောင်း ဘုရားသုံးဆူမြို့တွင်း သတင်းအရင်းအမြစ်အချို့က ဆိုသည်။

ကေအိုင်စီအနေဖြင့်မူ အဆိုပါ ပြောဆိုချက်များအပေါ် သီးခြားအတည်ပြုနိုင်ရေး ဆက်လက် ကြိုးပမ်းလျက် ရှိသည်။

မြို့ခံများ၏ ပြောပြချက်အရ DKBA ထိန်းချုပ်ထားသည့် ဘုရားသုံးဆူမြို့၌ အွန်လိုင်းငွေလိမ်လုပ်ငန်းများ ပိုမိုများပြားလာနေပြီး တပ်ဖွဲ့ဝင်အချို့မှာလည်း အပြိုင်အဆိုင် အကျိုးစီးပွား ပါဝင်လုပ်ကိုင်နေကြကြောင်း သိရသည်။

ထို့ပြင် မြို့ပေါ်တွင် တရားဥပဒေစိုးမိုးမှု အားနည်းနေသကဲ့သို့ မူးယစ်ဆေးဝါး သုံးစွဲနိုင်သည့် စားသောက်ဆိုင်၊ အရက်ဆိုင်၊ KTV နှင့် အနှိပ်ခန်းများလည်း ပိုမိုများပြားလာရာ ဒုစရိုက်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့ကလည်း ဘုရားသုံးဆူမြို့၌ DKBA အဖွဲ့မှ ဗိုလ်မှူးတစ်ဦးနှင့် သူ၏ဇနီးဖြစ်သူတို့ ဆိုင်ကယ်စီးနင်းလာစဉ် လူနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးပြီး အဆိုပါ ကျူးလွန်သူများကိုလည်း ယနေ့ထက်ထိ ဖမ်းဆီးရမိခြင်း မရှိသေးပေ။

ဓာတ်ပုံ - CJ

ဓာတ်ပုံ - CJ
September 18, 2026
ကရင်ပြည်၊ ကော့ကရိတ်မြို့နယ် နောင်ထပ္ပံ-နန်းကော်တေး ရွာချင်းဆက်လမ်းတွင် လမ်းသွားလမ်းလာ နန်းကော်...
သံတောင်ကြီးမြို့နယ်အတွင်း ဖာလာစိုက်ပျိုးထားသည့် ဥယျာဉ်ခြံတစ်ခြံအား တွေ့ရစဉ်။ / CJ
September 18, 2026
ပဲခူးတိုင်း၊ တောင်ငူ (တောအူး) ခရိုင်၊ သံတောင်ကြီးမြို့နယ်အတွင်း ဖာလာပေါ်ချိန် ရောက်သော်လည်း...
ပုံဟောင်း / MOI
September 17, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်နှင့် မအူပင်မြို့နယ်တို့တွင် ပြီးခဲ့သည့် သြဂုတ်လမှ စတင်ကာ...
September 17, 2026
စစ်အုပ်ချုပ်ရေးယန္တရား ပြန်လည်ထူထောင်ထားသည့် ကရင်ပြည်၊ ကော့ကရိတ်မြို့ပေါ် ရပ်ကွက်များတွင် လူသူ...