မြဝတီ ဖလူးဒေသတွင် စစ်အုပ်စု ဒရုန်းဖြင့် တိုက်ခိုက်၍ ကလေးတစ်ဦး သေဆုံး

မြဝတီ ဖလူးဒေသတွင် စစ်အုပ်စု ဒရုန်းဖြင့် တိုက်ခိုက်၍ ကလေးတစ်ဦး သေဆုံး
ဓာတ်ပုံ - Social Media
ဓာတ်ပုံ - Social Media

နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်၊ မြဝတီမြို့နယ်၊ ဖလူးဒေသတွင် စစ်အုပ်စုတပ်၏ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ကလေးတစ်ဦး သေဆုံးပြီး အရပ်သားပြည်သူ သုံးဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တောင်ဘက် ကျောက်ခက်နယ်မြေအနီးတွင် စစ်အုပ်စုတပ်နှင့် တော်လှန်ရေး အင်အားစုတို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ဖလူးနယ်မြေတွင် စစ်အုပ်စုတပ်က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှု ရှိခဲ့ခြင်းဖြစ်သည်။

မြဝတီမြို့တောင်ဘက် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ထိန်းချုပ်ရာ ကျောက်ခက်နယ်မြေ အနီး အနားရှိ သဲဖြူချောင်းဒေသသို့ စစ်အုပ်စုတပ်က စစ်ကြောင်းထိုး ထိုးစစ်ဆင်ခဲ့သဖြင့် ကရင်အမျိုးသား လွတ် မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၆) ဦးစီးသည့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့နှင့် စက်တင်ဘာလ ၄ ရက်နေ့အထိ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

စစ်အုပ်စုတပ်သည် သဲဖြူချောင်းဒေသမှတစ်ဆင့် အနီးအနားရှိ DKBA ဗိုလ်ချုပ်စိုင်းကျော်လှ၏ နေရာဖြစ်သော ကျောက်ခက်နယ်မြေအတွင်းသို့ တိုးဝင်ထိုးဖောက်ရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး ကျောက်ခက်နယ်မြေရှိ အွန်လိုင်း ကျားဖြန့် လုပ်သားများကို DKBA ဘက်က အရင်ကတည်းက ကြိုတင်ရွှေ့ပြောင်းပေးထားသည်။

စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်အုပ်စုတပ်က ဖလူးနယ်မြေ ကျွန်းတောရွာကို ဒရုန်းဖြင့် တိုက်ခိုက် ခဲ့ရာ ပြည်သူ ၄ ဦး ထိခိုက်ခဲ့ပြီး ထိုအထဲမှ ကလေးတစ်ဦး သေဆုံးကာ ကျန် ၃ ဦးမှာ ဒဏ်ရာအသီးသီး ရရှိခဲ့ကြ သည်။

စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်အုပ်စုတပ်က ဖလူးနယ်မြေ ကျွန်းတောရွာကို ဒရုန်းဖြင့် တိုက်ခိုက် ခဲ့ရာ ပြည်သူ ၄ ဦး ထိခိုက်ခဲ့ပြီး ထိုအထဲမှ ကလေးတစ်ဦး သေဆုံးကာ ကျန် ၃ ဦးမှာ ဒဏ်ရာအသီးသီး ရရှိခဲ့ကြ ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

စစ်အုပ်စုတပ်သည် မြဝတီမြို့တောင်ပိုင်း စစ်ကြောင်းထိုး တိုက်ခိုက်မှုအတွင်း အထိနာနေသဖြင့် ဒေသခံပြည်သူ များ ရှိရာနေရာများကို ပစ်မှတ်ထားကာ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့သလို DKBA တပ်ဖွဲ့များ စခန်းချရာနေရာများ နှင့် အွန်လိုင်းကျားဖြန့် စင်တာများ ရှိရာနေရာများကိုလည်း တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်နေသည်။

ပြီးခဲ့သည့် ဇူလိုင်လနှင့် ဩဂုတ်လကလည်း ဖလူးနယ်မြေအနီး သုံးထပ်ကွေ့ရှိ ဘုန်းကြီးကျောင်းနှင့် ကျွန်းတောရှိ DKBA စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်စောဆန်းအောင်၏ တပ်စခန်းကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲ ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် ရဟန်းသံဃာတစ်ပါး အပါအဝင် DKBA တပ်ဖွဲ့ဝင်များ သေဆုံးခဲ့ရသည်။

မြဝတီတောင်ဘက် နယ်မြေအတွင်း အထိနာခဲ့သည့် စစ်အုပ်စုတပ်သည် စစ်မှုထမ်း သင်တန်းဆင်းများကိုပါ အင်အားအဆက်မပြတ် ဖြည့်ဆည်း၍ စစ်ကြောင်းထိုး တိုက်ခိုက်ခိုင်းနေပြီး တိုက်ပွဲအတွင်း စစ်မှုထမ်း တပ်သား များ သေဆုံးဒဏ်ရာရခြင်းနှင့် ထွက်ပြေးခြင်းများ ရှိနေကြောင်း တော်လှန်ရေး ပူးပေါင်းအဖွဲ့က သတင်းထုတ်ပြန် ထားသည်။

Most read this week

ဓာတ်ပုံ - MOI
September 4, 2026
ပြည်သူ့စစ်မှုထမ်းအဖြစ် သတ်မှတ်ကာလ ၂ နှစ် တာဝန်ထမ်းဆောင်ပြီးသည့်သူများကို အလုပ်အကိုင် ရရှိရေး...
September 3, 2026
မွန်ပြည်၏ မြို့တော် မော်လမြိုင်မြို့တွင် အများပြည်သူ အသုံးပြုနေသည့် လမ်းပိုင်းအများစု...
September 3, 2026
စစ်အုပ်စုခေါင်းဆောင်၊ ကိုယ်တိုင်ခန့် သမ္မတနှင့် တပ်ချုပ်သစ်တို့၏ ထိုင်းခရီးစဉ်အပြီး လက်နက်ခဲယမ်း...
September 2, 2026
မွန်ပြည်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးအချို့သည် စစ်မှုထမ်း အကျုံးဝင်သည့်...