ကရင်နီနှင့် ရှမ်းတောင်တွင် မိုးကြီးနိုင်၍ စစ်ဘေးရှောင်များ သတိပြုရန်လို

ကရင်နီနှင့် ရှမ်းတောင်တွင် မိုးကြီးနိုင်၍ စစ်ဘေးရှောင်များ သတိပြုရန်လို

ကရင်နီပြည်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသတို့တွင် လာမည့် စက်တင်ဘာလ ၆ ရက်နှင့် ၇ ရက်နေ့တို့တွင် မိုးအသင့်အတင့်မှ မိုးကြီးနိုင်သောကြောင့် စစ်ဘေးရှောင် ပြည်သူများ အခက်အခဲ ရင်ဆိုင်ရနိုင်သည်။

လာမယ့် စက်တင်ဘာလ ၆ ရက်နှင့် ၇ ရက်နေ့တို့တွင် ကရင်နီနှင့် ရှမ်းတောင်ဒေသတို့တွင် မိုးအသင့်အတင်မှ မိုးကြီးနိုင်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က စက်တင်ဘာလ ၃ ရက်နေ့တွင် အသိပေးထားသည်။

စက်တင်ဘာလ ၂ ရက်နေ့မှ စက်တင်ဘာလ ၈ ရက်နေ့အထိ ရက်သတ္တပတ်အတွင်း မိုးလေဝသ အခြေအနေတွင် ကရင်နီပြည်ရှိ ဒီးမော့ဆို၊ လွိုင်ကော်နှင့် ရှမ်းတောင်နယ်စပ်တို့၌ မွန်ပြည်၊ ကရင်ပြည်လောက် မိုးမများနိုင် သော်လည်း စက်တင်ဘာလ ၆ ရက်နှင့် ၇ ရက်နေ့တို့တွင် မိုးအသင့်အတင့်မှ မိုးကြီးနိုင်ကြောင်း ဖော်ပြထား သည်။

ထိုသို့ မိုးကြီးနိုင်သည့်အတွက် စစ်ဘေးရှောင်စခန်းများနှင့် မြေနိမ့်ပိုင်းဒေသများတွင် ရေဝပ်ခြင်း၊ လမ်းပန်းဆက် သွယ်ရေး အခက်အခဲများ ဖြစ်ပေါ်နိုင်ကြောင်း အသိပေးထားသည်။ ဒီးမော့ဆို၊ လွိုင်ကော်နှင့် ရှမ်းတောင်နယ် စပ်တို့တွင် စက်တင်ဘာလ ၅ ရက်နောက်ပိုင်းမှ မိုးရေချိန် တိုးလာမည်ဖြစ်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်များက ဒီးမော့ဆိုဒေသဘက်တွင် နေရာကွက်ကျား မိုးရွာသွန်းခဲ့သဖြင့် စိုက်ပျိုးရေး တောင်သူ အချို့ အခက်အခဲ ကြုံတွေ့ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ဒီးမော့ဆို အရှေ့ဘက်ခြမ်းမှ ဒေသခံ အမျိုးသမီးတစ်ဦးက “အရင်ပတ်တွေက မိုးတောက်လျှောက်ရွာတော့ နှမ်း တွေ ပျက်ကုန်တာတချို့ရှိတယ်လေ။ နှမ်းကခါဖို့လိုနေပြီ နေပူရမှာကို မိုးက ရွာတော့ နေပူတာ စောင့်နေရ တယ်။ အစောပိုင်းခုတ်ထားသူတွေက ပျက်တာတော့အချို့ရှိမှာပဲ” ဟု ပြောသည်။

အလားတူ ဒီးမော့ဆို အနောက်ခြမ်းတွင် မိုးရေကို အဓိကအားထား စိုက်ပျိုးရသည့် တောင်ယာစပါးများ၌ မိုးနည်းသွားသည့်အတွက် စပါးပင်များ အထွက်နှုန်းကျခြင်း၊ အပင်မသန်ခြင်းနှင့် ပိုးကျရောက်ခြင်းများ ဖြစ်ပေါ်နေပြီး အဆိုပါ ရောဂါနှင့် ပိုးမွှားကျရောက်မှုမှာ တောင်ယာစပါး သာမက လယ်စပါးများတွင်ပါ ဖြစ်ပွားနေကြောင်း စစ်ဘေးရှောင်များက ပြောသည်။

ကရင်နီပြည် အပါအဝင် မွန်ပြည်၊ ကရင်ပြည်နှင့် ရှမ်းတောင်ဒေသရှိ စပါးစိုက် တောင်သူများအနေဖြင့် ရောဂါကျရောက်ပါက ပုလဲ (နိုက်ထရိုဂျင်) မြေဩဇာကို တစ်ကြိမ်တည်း အလွန်အကျွံ မကျွေးဘဲ အကြိမ်ရေ ခွဲထည့်ပေးရန်၊ ရောဂါ ပြံ့ပွားလာပါက Propiconazole ကဲ့သို့ ဆေးမျိုးကို ရွေးချယ်အသုံးပြုရန် စိုက်ပျိုးရေး ဆိုင်ရာ အကြံပြုချက်များကို ဦးဝင်းနိုင်က ပြောဆိုထားသည်။

ထို့ပြင် မှိုသတ်ဆေး ဖျန်းလိုပါက ဆေးဖျန်းပြီး အနည်းဆုံး ၄ နာရီမှ ၆ နာရီခန့်အတွင်း မိုးရွာသွန်းနိုင်ခြေ ရှိ မရှိ ကြိုတင်စစ်ဆေးပြီး မိုးရွာနိုင်ခြေ မရှိမှသာ ဖျန်းရန်၊ လေတိုက်နှုန်း တစ်နာရီ ၁၀ မိုင်ခန့်ရှိသည့် လေပြင်း တိုက် ခတ်ချိန်များတွင် ဆေးဖျန်းခြင်း မပြုလုပ်ရန်နှင့် စပါးရိတ်သိမ်းချိန်၌ ပင်ကြွင်းပင်ကျန် ရိုးပြတ်များကို သေချာ ရှင်းလင်းပေးရန်လည်း အကြံပြုထားသည်။

ဓါတ်ပုံ - Crd

လွိုင်ကော်မြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် လာရောက်လျှောက်ထားသူများကို ၂၀၂၂ ခုနှစ်က တွေ့ရစဉ် / ပုံဟောင်း
September 3, 2026
စစ်အုပ်စုတပ် ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် နိုင်ငံကူးလက်မှတ် (Passport)...
September 2, 2026
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကာလတွင် ဖွဲ့စည်းခဲ့သည့် ကရင်နီအမျိုးသား...
ဓာတ်ပုံ - ပေးပို့
September 2, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ ခဲလုပ်ကွင်းအနီး တစ်နေရာသို့ စက်တင်ဘာလ ၁ ရက်နေ့ ညနေ...
ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း တစ်နေရာမှ စစ်ဘေးရှောင် ပြည်သူများကို တွေ့ရစဉ်။ - ပုံဟောင်း / Crd
September 1, 2026
ကရင်နီပြည်တွင် တွေ့ရှိရသည့် မြေပြင်အခြေအနေများနှင့် တရားရုံးသို့ တက်လာသည့် အမှုအခင်းများကြောင့်...