မောင်တောတွင် AA နှင့် ARSA တိုက်ပွဲဖြစ်၊ ARSA ၄ ဦးကို ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ အရှင်ဖမ်းမိ

မောင်တောတွင် AA နှင့် ARSA တိုက်ပွဲဖြစ်၊ ARSA ၄ ဦးကို ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ အရှင်ဖမ်းမိ
ဓာတ်ပုံ - (မောင်တောတွင် ကင်းလှည့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း တွေ့ရစဉ် / Arakan Princess Media)
ဓာတ်ပုံ - (မောင်တောတွင် ကင်းလှည့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း တွေ့ရစဉ် / Arakan Princess Media)

ရခိုင်/အာရက္ခပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်းတွင် အာရက္ခတပ်တော် (AA) နှင့် ARSA အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

မောင်တောမြို့နယ်၊ ကျောက်ပန္ဒူကမ်းခြေအထက်ရှိ ဂြင်းတောချောင်းဝကျေးရွာ ပတ်ဝန်းကျင်တွင် ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညဉ့်အချိန်မှစတင်ကာ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း AA နှင့် နီးစပ်သူတစ်ဦးက နိရဉ္စရာသို့ ပြောသည်။

AA နှင့် နီးစပ်သူတစ်ဦးက “ARSA ခိုးဝင်လာတာ။ အင်အားခန့်မှန်းတော့ မသိရသေးဘူး။ နယ်မြေရှင်းလင်းနေ တုန်းပဲ။ ပွဲက မပြီးသေးဘူး” ဟု ပြောသည်။

ယမန်နေ့ ဩဂုတ်လ ၃၀ ရက် ညဉ့်အချိန်ကလည်း အဆိုပါတိုက်ပွဲမှ ထွက်ပြေးနေသည့် ARSA များက AA တပ်ဖွဲ့ဝင်များကို ခုခံပစ်ခတ်မှုများရှိခဲ့ပြီး သေနတ်သံများကို အနီးအနားရွာများမှ ကြားခဲ့ရသည်။

လက်ရှိတွင် ARSA ဘက်မှ ၄ ဦးကို AA က ဖောက်ခွဲရေးပစ္စည်းများ အပါအဝင် အခြားလက်နက်ခဲယမ်းများနှင့် အတူ အရှင်ဖမ်းဆီးရမိထားသည်။

တိုက်ပွဲဖြစ်ပွားရာ အနီးဝန်းကျင်များကိုလည်း AA က လိုက်လံရှင်းလင်းနေဆဲဖြစ်ပြီး နောက်ဆက်တွဲသတင်းများ ကို ဆက်လက် ထုတ်ပြန်ပေးသွားမည် ဖြစ်သည်။

မောင်တောမြို့နယ် မြောက်ပိုင်း အာရက္ခပြည်နှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင်အမှတ် ၄၅၊ ၄၆ နှင့် ၃၅၊ ၃၆ အနီးဝန်းကျင်တို့တွင်လည်း AA နှင့် ARSA အဖွဲ့တို့သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ဖူးသည်။

ထို့ပြင် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက် နံနက် ၆ နာရီခွဲခန့်ကလည်း မောင်တောမြို့နယ်မြောက်ပိုင်း ကျီးကျွန်းရှိ AA တပ်စခန်းကို ARSA က ဘင်္ဂလားဒေ့ရှ်ဘက်အခြမ်းမှနေ၍ တိုက်ခိုက်ခဲ့ရာမှ နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။

အကြမ်းဖက်စစ်သွေးကြွ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များဖြစ်သည့် ARSA၊ RSO၊ ARA တို့သည် မောင်တော မြို့နယ်အတွင်းရှိ အရပ်သားပြည်သူလူထုကို ခြုံခိုတိုက်ခိုက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲခြင်းနှင့် ငွေညှစ်ခြင်း တို့ကို မကြာခဏ ပြုလုပ်လေ့ရှိသည်။

ဓာတ်ပုံ - (ငါးဖမ်းလှေများ - ပုံဟောင်း / Crd)
August 31, 2026
ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် စစ်အုပ်စုတပ် ရေတပ်၏ စစ်သင်္ဘော (နေဗီ...
ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...
August 28, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီး အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားခဲ့သော...