မွန်တွင် စစ်တပ်နှင့် ပူးပေါင်း၍ DKBA၊ PC နှင့် BGF တို့ တရားမဝင် လုပ်ငန်းများ လုပ်ကိုင်နေ

မွန်တွင် စစ်တပ်နှင့် ပူးပေါင်း၍ DKBA၊ PC နှင့် BGF တို့ တရားမဝင် လုပ်ငန်းများ လုပ်ကိုင်နေ

မွန်ပြည်တွင် စီးပွားရေး လက်နက်ကိုင်အဖွဲ့များဖြစ်သည့် DKBA ၊ PC နှင့် BGF တို့သည် စစ်အုပ်စုတပ်နှင့် ပူးပေါင်းကာ တရားမဝင် လုပ်ငန်းများကို ထင်တိုင်းကျဲ လုပ်ကိုင်ခွင့် ရရှိနေကြောင်း ဒေသခံများက ပြောသည်။

ဒေသတွင်း၌ DKBA ၊ PC နှင့် BGF တပ်ဖွဲ့ဝင်များသည် လိုင်စင်မဲ့ မော်တော်ကားနှင့် မော်တော်ဆိုင်ကယ်များ သယ်ယူပို့ဆောင်ခြင်း၊ တရားမဝင် ထိုင်းကုန်ပစ္စည်းများ သယ်ဆောင်ခြင်းအပြင် မူးယစ်ဆေးဝါးများပါ တင်သွင်း ဖြန့်ဖြူးနေကြောင်း ပြောဆိုမှုများ ရှိနေသည်။

ထို့ပြင် စစ်အုပ်စုတပ်က ၎င်းတို့ အုပ်ချုပ်ရေး အပြည့်အဝ လက်လှမ်းမမီသည့် ဒေသများတွင် DKBA ၊ PC နှင့် BGF တို့ကို စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ခွင့် ပေးထားသည့်အပြင် လောင်းကစားဝိုင်းများကိုပါ လုပ်ကိုင်ခွင့် ပြုထားသည်။

မွန်ဒေသခံ နှစ်ဦးက DKBA၊ PC နှင့် BGF အဖွဲ့ဝင်များသည် တရားမဝင် လုပ်ငန်းများကို အကြီးအကျယ် လုပ်ကိုင် ခွင့် ရရှိထားပြီး လက်နက်အားကိုးဖြင့် အကြွေးတောင်းခြင်းများအထိ ပြုလုပ်လာကြောင်း သံလွင်တိုင်းမ်သို့ ပြောသည်။

ထို့ပြင် အဆိုပါ အဖွဲ့ဝင်များသည် ဒေသခံ ပြည်သူများကို ၎င်းတို့၏ တပ်ဖွဲ့ဝင် ယူနီဖောင်းနှင့် သက်သေခံကတ် များ ပြသ၍ ခြိမ်းခြောက်ခြင်းအပြင် လူအင်အားပြ ခြိမ်းခြောက်မှုများပါ ပြုလုပ်လာကြသည်။

သံလွင်တိုင်းမ်၏ စုံစမ်းတွေ့ရှိချက်များအရ အဆိုပါ အဖွဲ့များ၏ အဖွဲ့ဝင် အများစုကို စီးပွားရေး တာဝန်ခံအဖြစ် သက်သေခံကတ်များ ထုတ်ပေး၍ လုပ်စားခွင့် ပြုထားခြင်းဖြစ်ပြီး အဖွဲ့ချုပ်သို့ လစဉ် သတ်မှတ်နှုန်းထားကြေး များ ပြန်လည် ပေးသွင်းကြရသည်။

တစ်ဖက်တွင်လည်း အရှေ့တောင်တိုင်း စစ်ဌာနချုပ် အကြီးအကဲများသည် DKBA၊ PC နှင့် BGF တို့ကို လုပ်ကိုင် ခွင့် ပေးထားသည့် တရားမဝင် စီးပွားရေး လုပ်ငန်းများထံမှ လစဉ် ငွေကျပ် သိန်းထောင်ပေါင်းများစွာ ရရှိနေကြ သည်။

စီးပွားရေး လက်နက်ကိုင်အဖွဲ့များ ဖြစ်ကြသည့် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်ငြိမ်း ချမ်းရေး ကောင်စီ (KNU/KNLA-PC) တို့သည် စစ်အုပ်စုတပ်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးဖက်များ ဖြစ်ကြပြီး ကရင်နယ်ခြားစောင့်တပ် (BGF) ကမူ စစ်အုပ်စုတပ် လက်အောက်ခံ တပ်ဖွဲ့တစ်ခု ဖြစ်သည်။

ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) သည် စစ်အုပ်စု အာဏာသိမ်းကာလအတွင်း အင်အား ကြီးထွားလာသည့် တပ်ဖွဲ့တစ်ခုဖြစ်ပြီး ၎င်းတို့ တပ်ဖွဲ့တွင် ဒေသခံ ကရင်လူမျိုးများအပြင် ဗမာ၊ မွန်နှင့် အခြား တိုင်းရင်းသားများလည်း ပါဝင်ကြသည်။

DKBA နှင့် PC တို့သည် အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုတပ်နှင့် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ စစ်အုပ်စုတပ် က ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသို့ အမြဲတမ်း တက်ရောက်ကာ စီးပွားရေး လုပ်ကိုင်ခွင့်များ ရယူနေကြသည်။

စစ်အုပ်စုတပ်၏ ငြိမ်းချမ်းရေး ဆွေးနွေးဖက် DKBA ကိုမူ အွန်လိုင်း လိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများ ဆောင် ရွက်မှုကြောင့် အမေရိကန် အပါအဝင် ဥရောပသမဂ္ဂ (EU) တို့က ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ထား သည်။

August 31, 2026
အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရရှိရေးအတွက် လက်နက်ကိုင်လမ်းစဉ်ကို...
ဓာတ်ပုံ - MOI
August 29, 2026
မွန်ပြည်တွင် စစ်အုပ်စုတပ် အသွင်ပြောင်း အစိုးရ လက်ထက် ၄ လကျော် ကာလအတွင်း တရားဥပဒေ စိုးမိုးမှု...
August 28, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်၊ ခလွန်ကျေးရွာ၌ ယခုရက်ပိုင်းအတွင်း ထိုင်းကုန်ပစ္စည်း...
August 28, 2026
မွန်ပြည်တွင် ယခုနှစ် ငါးဖမ်းရာသီကို ဇူလိုင်လမှ စတင်ခွင့်ပြုခဲ့သော်လည်း စက်သုံးဆီ...