ကလေးမြို့တွင် စစ်အုပ်စုတပ်က တအိမ်တက်ဆင်း စစ်မှုထမ်းစာရင်းကောက်ပြီး ခံဝန်ထိုးခိုင်းနေ

ကလေးမြို့တွင် စစ်အုပ်စုတပ်က တအိမ်တက်ဆင်း စစ်မှုထမ်းစာရင်းကောက်ပြီး ခံဝန်ထိုးခိုင်းနေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ် ရပ်ကွက်တိုင်းနီးပါးတွင် စစ်အုပ်စုတပ်နှင့် လူဝင်မှုကြီးကြပ်ရေးဌာန (လဝက) တို့ သည် အိမ်ထောင်စုစာရင်း စစ်ဆေးသည်ဟု အကြောင်းပြကာ စစ်မှုထမ်းအရွယ်ရှိသော လူငယ်များ၏ စာရင်း ကောက်ယူ၍ စစ်မှုထမ်းရန် ဖမ်းဆီးမှုများ ပိုမိုကြမ်းတမ်းလာကြောင်း မြို့ခံများက ပြောသည်။

အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြားရှိသူများကို နာမည်စာရင်းဖြင့် အိမ်တိုင်ရာရောက် စစ်မှုထမ်းဆင့်ခေါ်စာ ပေးပို့နေ ပြီး အသက်အရွယ် မပြည့်မီသေးသည့် လူငယ်များကိုလည်း ခံဝန်ကတိလက်မှတ် ရေးထိုးခိုင်းနေကြောင်း ကလေးမြို့ခံတစ်ဦးက ဆိုသည်။

ကလေးမြို့ဒေသခံတစ်ဦးက “အိမ်တိုင်ရာရောက်စစ်မှုထမ်း စစ်ခေါ်စာတွေပို့တယ်။ အဆိုးရွားဆုံးကတော့ နိုင်ငံရေးအမှုနဲ့ ဖမ်းခံထားရတာ ထောင်နှစ်ရှည်ကျတဲ့ အိမ်ကိုရောက်လာပြီးထောင်ကျနေတယ်လို့ ပြောတာ တောင်မရဘူး။ သူ့မိဘတွေက ထောင်ကိုသွားပြီးမှ ထောက်ခံစာသွားယူရတယ်။ နောက်ကံပုလဲရွာ မှာဆိုရင် စစ်မှုထမ်းစာရင်းပါတာ သေပြီးတဲ့ စာရင်း ၃ ယောက်ပါတယ်လို့ပြောတယ်။ သေပြီးတာ တောင်မရဘူး၊ မယုံ ဘူးပေါ့။ နိုင်ငံခြားသွားတဲ့သူတွေဆိုရင် ပတ်စပို့ပြ၊ ပြန်ခေါ်ဆိုတဲ့ပုံစံ အဲ့မျိုးလုပ်တယ်” ဟု ပြောသည်။

စစ်ခေါင်းဆောင်က စစ်မှုထမ်းဥပဒေအား ဆက်လက် အကောင်အထည်ဖော်မည်ဟု ပြောဆိုခဲ့ပြီးနောက် ကလေး မြို့ပေါ်တွင် စစ်မှုထမ်းရန် ဖမ်းဆီးမှုများ သိသိသာသာ တိုးလာကြောင်း အဆိုပါ မြို့ခံက ဆက်ပြောသည်။

“နောက် ချမ်းမြေ့အောင် စည်ရပ်ကွက်ထဲမှာဆိုရင် ဈေးဝယ်နေတဲ့ ချင်းတိုင်းရင်းသားလေး ၂ ယောက်စလုံးကို ဖမ်းတယ်။ တရွက်တိုက် ဖမ်းဆွဲခေါ်သွားတယ်။ အရင်ထက်ကို ပိုပြီး ဖိဖိစီး စီးလုပ်လာတယ်၊ ပိုပြီးတော့ ယုတ်မာလာတယ်” ဟု ပြောသည်။

ထို့ပြင် စစ်မှုထမ်းဥပဒေအရ အသက်အရွယ် အကျုံးမဝင်သေးသည့် နဝမတန်း (Grade-9) ကျောင်းသားတစ်ဦး အား ဒသမတန်း (Grade-10) အောင်မြင်ပြီးပါက စစ်မှုထမ်းပါမည်ဟု ခံဝန်ကတိလက်မှတ် ရေးထိုးခိုင်းသည့် ဖြစ်စဉ်များလည်း ရှိနေသည်။

“၉ တန်းကျောင်းသားလေးအိမ်ကိုရောက်သွားတယ်။ ၉ တန်းပဲရှိ သေးတော့ မခေါ်သွားဘူး၊ ဒါပေမယ့် ခံဝန် လက်မှတ်ထိုး ခိုင်းတယ်။၁၀ တန်းပြီး တာနဲ့ ချက် ချင်းဝင်ရမယ်ဆိုတဲ့ ပုံစံမျိုး။ သူတို့က လ.ဝ.က နဲ့ပေါင်းပြီး တော့ စာရင်းတွေရတာ။ နောက်ပြီး ရပ်ကွက် အုပ်ချုပ်ရေးမှုးတွေရွေးမယ်ဆိုပြီး ရပ်ကွက်မှာရှိတဲ့ အိမ်တိုင်းကို လိုက်ပြီးတော့ အိမ်ထောင်စု စာရင်းတွေ လိုက်တယ်၊ ပြခိုင်းတယ်၊ ဓာတ်ပုံရိုက်တယ် အဲ့လိုမျိုးနဲ့ အိမ် ထောင်စု ထဲက စစ်မှုထမ်းတဲ့ အရွယ်ရှိတဲ့ အိမ်တွေကို စစ်မှုထမ်းစစ်ခေါ်စာတွေပို့တာ” ဟု အခြား ကလေးမြို့ခံက ပြောသည်။

လက်ရှိတွင် ကလေးမြို့ပေါ်ရှိ အောင်သစ္စာ၊ ချမ်းမြေ့အောင်စည်၊ ညောင်ပင်သာ၊ မင်္ဂလာဥယျာဉ်၊ အောင်မြေ မာန်၊ အောင်မင်္ဂလာနှင့် ကံပုလဲ အစရှိသည့် ရပ်ကွက်များ၌ အိမ်တိုင်ရာရောက် စစ်မှုထမ်းဆင့်ခေါ်စာ ပေးပို့ခြင်း များ ပြုလုပ်နေကြောင်း မြို့ခံအချို့က ပြောသည်။

ဓာတ်ပုံ - Crd

August 19, 2026
ချင်းတော်လှန်ရေး အင်အားစုများ ဖြစ်ကြသည့် ချင်းပြည်ကောင်စီ (CC) အင်အားစုနှင့် ကြားကာလ ချင်းအမျိုး...
ဓါတ်ပုံ - ပလက်ဝ (wikipedia)
August 17, 2026
ချင်းပြည်တောင်ပိုင်း၊ ပလက်ဝမြို့နယ် အပါအဝင် ရခိုင်ပြည်အတွင်း ULA/AA ၏ ထိန်းချုပ်ဒေသများ၌ အခွန်...
ဓါတ်ပုံ - Chin Defence Force - Asho
August 17, 2026
မကွေးတိုင်းအနောက်ခြမ်းမှ ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့- အရှို (CDF-...
August 15, 2026
ချင်းပြည် မြောက်ပိုင်း၊ တီးတိန်မြို့နယ်အတွင်း အခြေစိုက်လှုပ်ရှားနေသော PDF-Zoland တပ်ဖွဲ့ဝင် ၇...