ရန်ကုန်၌ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသူ ၂၆၀ ကျော်လာပြီး တစ်ဦး သေဆုံး

ရန်ကုန်၌ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသူ ၂၆၀ ကျော်လာပြီး တစ်ဦး သေဆုံး
(ပုံစာ - ၂၀၂၄ ခုနှစ်အတွင်းက တာမွေမြို့နယ်အတွင်း ဝမ်းပျက်/ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့သည့်နေရာများသို့ ကွင်းဆင်းနေကြစဉ် / ဓာတ်ပုံ - MOI)
(ပုံစာ - ၂၀၂၄ ခုနှစ်အတွင်းက တာမွေမြို့နယ်အတွင်း ဝမ်းပျက်/ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့သည့်နေရာများသို့ ကွင်းဆင်းနေကြစဉ် / ဓာတ်ပုံ - MOI)

ရန်ကုန်တိုင်းအတွင်း ကာလဝမ်းရောဂါဖြစ်သည့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသူ ၂၆၀ ကျော်လာနေပြီး သေဆုံးမှု များအထိ ရှိလာကြောင်း စစ်အုပ်စု လက်အောက်ခံ ရန်ကုန်တိုင်း အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရ သည်။

ရန်ကုန်တိုင်းရှိ လမ်းမတော်၊ လသာ၊ ပန်းပဲတန်း၊ ကျောက်တံတား မြို့နယ်များ အပါအဝင် မြို့နယ် ၉ ခုတွင် ဩဂုတ်လ ၉ ရက်နေ့မှစ၍ ဝမ်းပျက်ဝမ်းလျှော လူနာများ ဆေးရုံတက်ရောက် ကုသလျက်ရှိသည်။

ရန်ကုန်တိုင်း အစိုးရအဖွဲ့၏ စာရင်းများအရ ဩဂုတ်လ ၁၃ ရက်နေ့အထိ ရန်ကုန်တိုင်း၌ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသူ ၂၆၀ ဦးအထိ ရှိလာပြီး ဆေးရုံတက်ရောက် ကုသရသည့် လူနာ ၉၈ ဦးအထိ ရှိလာသည်။ ယင်းအနက် ဩဂုတ်လ ၁၃ ရက်နေ့က သက်ကြီးပိုင်း အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။

လက်ရှိအချိန်အထိလည်း ဆေးရုံတက်ရောက် ကုသနေရသည့် လူနာ အများအပြား ရှိနေသလို နေ့စဉ်နှင့်အမျှ ဝမ်းရောဂါ ဖြစ်ပွားသူ မြင့်တက်လာနေဆဲဖြစ်ကြောင်း ရန်ကုန်မြို့မှ လူငယ်အမျိုးသားတစ်ဦးက ပြောသည်။

၎င်းက “အခုရက်ပိုင်း ရန်ကုန်မှာ ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်နေသူတွေ အရမ်းမြင့်တက်လာတယ်။ ကျနော် သူငယ်ချင်း တစ်ယောက်လည်း ကာလဝမ်းရောဂါဖြစ်နေတာ ၃ ရက်ရှိပြီ။ ၁၃ ရက်နေ့ကတည်းက ဆေးရုံ တက်နေရတာ အခုထိ မဆင်းရသေးဘူး။ ဆေးစစ်ချက်တွေ ပြုလုပ်ထားရပြီး လူငယ်ဖြစ်လို့ ကိုယ်ခံ အား ကောင်းတဲ့သူမို့ ဆရာဝန်က စိုးရိမ်စရာမလိုဘူး ပြောထားပါတယ်” ဟု ပြောသည်။

လက်ရှိတွင် ဝမ်းရောဂါ ဖြစ်ပွားနေမှုများကြောင့် ဒေသအာဏာပိုင်များက လမ်းဘေးဈေးဆိုင်များကို ဩဂုတ်လ ၁၃ ရက်နေ့မှစ၍ ယာယီ ပိတ်ခိုင်းထားပြီး ပြည်သူများကိုလည်း လမ်းဘေး အစားအစာ စားသုံးခြင်း၊ မသန့်ရှင်း သည့် ရေနှင့် ရေခဲများ သုံးစွဲခြင်းကို အထူးရှောင်ကြဉ်၍ ယင်လုံအိမ်သာကိုသာ စနစ်တကျ သုံးစွဲကြရန် တိုက်တွန်းထားသည်။

ရန်ကုန်မြို့၌ လက်ရှိ ဝမ်းရောဂါ ဖြစ်ပွားနေသည့် မြို့နယ်များတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မိုးရွာသွန်းမှု ကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သလို စည်ပင်မှ ပေးဝေသည့် ရေများမှာလည်း သန့်ရှင်းမှု အားနည်းခြင်း ကြောင့် ဖြစ်ကြောင်း ရန်ကုန်မြို့ခံ အမျိုးသမီးတစ်ဦးက ထောက်ပြသည်။

“ဝမ်းပျက် ဝမ်လျှောက ရေကြောင့် ဖြစ်တာပါ။ ရေကြီးတဲ့ မြို့နယ်တွေမှာ အဖြစ်များတာကို တွေ့ရတယ်။ ပြီးရင် စည်ပင်က လာတဲ့ ရေတွေလည်း သန့်ရှင်းမှု နည်းတော့ ပိုအဖြစ်များတာပေါ့။ သက်ကြီးရွယ်အိုတွေ ဆိုတော့ ကိုယ်ခံအားနည်းတော့ သေဆုံးတဲ့ အထိရှိတယ်” ဟု ၎င်းက ပြောသည်။

ဝမ်းလျှော ဝမ်းပျက် အဖြစ်များသည့် မြို့နယ်များရှိ လမ်းဘေးဈေးဆိုင်များကို အခြေအနေပေါ် မူတည်၍ ပြန်လည်ဖွင့်လှစ်ခွင့် ပေးမည်ဖြစ်ကြောင်း မြို့ခံများက ဆိုသည်။

လက်ရှိတွင် ရန်ကုန် ဆေးရုံကြီး အပါအဝင် ဆေးရုံပေါင်း ၆၅ ရုံ၌ ကုသရေးအဆောင်များ ဖွင့်လှစ်ထားပြီး ဝမ်းရောဂါ ဖြစ်ပွားနေသူများကို ဆေးဝါးကုသမှုများ ပြုလုပ်ပေးလျက်ရှိသည်။

ဓာတ်ပုံ - ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးများကို တွေ့ရစဉ် / DMG - ပုံဟောင်း
August 22, 2026
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဦးရေ ၅ သိန်းကျော်...
APM (ဩဂုတ်လ ၁၅ ရက်က ဘူးသီးတောင်မြို့နယ်၊ ဂေါင်နီကျေးရွာရှိ သောက်ရေကန်ကို ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင်များနှင့် ULA/AA တို့ သန့်ရှင်းရေး ပူးပေါင်းပြုလုပ်စဉ်။)
August 21, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လူမှုသဟဇာတ...
(ဓာတ်ပုံ - Crd)  (ပုံစာ - သရုပ်ပြ ဓာတ်ပုံ။)
August 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား...
ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...