ဖရူဆိုတွင် စစ်တပ်စစ်ကြောင်းက ဒေသခံနေအိမ်များကို မီးရှို့ဖျက်ဆီး

ဖရူဆိုတွင် စစ်တပ်စစ်ကြောင်းက ဒေသခံနေအိမ်များကို မီးရှို့ဖျက်ဆီး

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌ တပ်စွဲခဲ့ပြီးနောက် ဒေသခံများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက်၊ မွန်းလွဲ ၂ နာရီကျော်အချိန်တွင် စစ်တပ်သည် ကျေးရွာအတွင်းသို့ ဝင်ရောက် လာပြီး ဒေသခံနေအိမ် ၃ လုံးထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်) သို့ ပြောသည်။

"ရွာထဲ တစ်ညဝင်လာပြီး လူနေအိမ်တွေ မီးရှို့သွားတယ်။ နေအိမ် ၃ လုံးတော့ မီးလောင်ပြာကျသွားတယ်" ဟု အဆိုပါ ဒေသခံအမျိုးသားက ပြောဆိုသည်။

အဆိုပါကျေးရွာမှ ဒေသခံများသည် စစ်ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်မှာ ၃ နှစ်ဝန်းကျင်ခန့် ရှိပြီဖြစ်သည်ဟု ဆိုသည်။

လတ်တလောတွင် ဖရူဆိုမြို့နယ်အတွင်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသော်လည်း စစ်တပ်က စစ်ကြောင်းထိုး လှုပ်ရှားခြင်း၊ ကျေးရွာများအတွင်း တပ်စွဲနေရာယူခြင်း၊ ဒေသခံများ၏ နေအိမ်များကို မီးရှို့ခြင်းများအပြင် ဒရုန်း ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများကိုလည်း လုပ်ဆောင်လျက်ရှိသည်။

စစ်တပ်သည် ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးကို ထိန်းချုပ်ထားဆဲဖြစ်ပြီး ပြီးခဲ့သည့် မတ်လမှ မေလ အတွင်းကလည်း ဖရူဆိုမြို့နယ်ရှိ ဘူးခူ၊ ထားလဲ၊ ပရယ်တော် စသည့်ကျေးရွာများမှ နေအိမ် စုစုပေါင်း ၈၀ ကျော် ကို မီးရှို့ဖျက်ဆီးခဲ့သည်။

ထို့ပြင် ဩဂုတ်လအတွင်း၌လည်း တောင်ယာသွားသည့် ဒေသခံများနှင့် ကျေးရွာများအတွင်းသို့ ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် ၆ လသားအရွယ် ကလေးငယ် အပါအဝင် အရပ်သား ၅ ဦး သေဆုံးခဲ့ပြီး ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိထားသည်။

(ဓာတ်ပုံ - Crd)
August 19, 2026
ကရင်နီပြည်တွင် သစ်တောပြုန်းတီးမှု ကာကွယ်လျှော့ချနိုင်ရန်အတွက် ထင်းမီးအစားထိုး လောင်စာတောင့်...
ဓာတ်ပုံ - Crd
August 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် Starlink ကုမ္ပဏီ၏ မူဝါဒပြောင်းလဲမှုများကြောင့်...
ဓာတ်ပုံ - Crd
August 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် Starlink ကုမ္ပဏီ၏ မူဝါဒပြောင်းလဲမှုများကြောင့်...
ကရင်နီပြည်တွင်း၌ ရောင်းချနေသည့် စက်သုံးဆီဆိုင်များ။ / Crd
August 18, 2026
ကရင်နီပြည်တွင်းသို့ အနောက်ဘက်ခြမ်း ဝင်ပေါက်များမှတစ်ဆင့် ပြည်တွင်းထွက် ချက်ဆီများ ရောနှောထား...