အောင်တိုင်ရွာသားများ ငါးရှာနေစဉ် ရေတပ်က ပစ်ခတ်၍ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

အောင်တိုင်ရွာသားများ ငါးရှာနေစဉ် ရေတပ်က ပစ်ခတ်၍ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ နေချိန်၌ စစ်တပ်နေဗီ (ရေတပ်စစ်သင်္ဘော) က သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိသွားသည်။

သေဆုံးသွားသူမှာ ဦးညွှန့်ချေ ဖြစ်ကြောင်း ရွာသားတစ်ဦးက ဆက်သွယ်ပြောဆိုလာခြင်း ဖြစ်သည်။ အဆိုပါ ရေလုပ်သားများမှာ စစ်တွေမြို့နယ်၊ အောင်တိုင်ကျေးရွာမှ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေသူများ ဖြစ်ကြသည်။

ဩဂုတ်လ ၃ ရက်နေ့၊ မွန်းလွဲ ၂ နာရီခန့်က အောင်တိုင်ကျေးရွာအနီး ဒေသခံများခေါ်ဆိုသည့် ‘ပေါ်ကုန်းကျွန်း’ တွင် စစ်ဘေးရှောင် အောင်တိုင်ရွာသားများ ငါးဖမ်းနေစဉ် နံ့သာကျွန်းအောက်ဘက်၊ အောင်တိုင်ချောင်းဝတွင် ရပ်တန့်ထားသော နေဗီနှစ်စီးက ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ရွာသားတစ်ဦးက “ပေါ်ကုန်းကျွန်းပေါ်မှာ ရှိနေစဥ် ပစ်ခတ်ခံရလို့ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ကျန်တစ်ဦး က ဒဏ်ရာရပါတယ်။ သူတို့ စက်လှေနဲ့ ထွက်ပြေးလာကြရပါတယ်။ ဒဏ်ရာရသူကို ဆေးရုံပို့ပြီး ကျန်နေခဲ့တဲ့ ကျွန်း ပေါ်က အလောင်း သွားကောက်တာကို ထပ်မံပစ်ခတ်တဲ့အတွက် အလောင်းကို မကောက်ရသေးဘဲ ကျွန်း ပေါ်မှာ ရှိနေပါသေးတယ်” ဟု ပြောသည်။

အဆိုပါ စစ်တွေမြို့နယ်၊ အောင်တိုင်ကျေးရွာသားများသည် စစ်တပ်က ကျေးရွာအတွင်းမှ မောင်းထုတ်ခဲ့ခြင်း ကြောင့် ရသေ့တောင်မြို့နယ်သို့ ထွက်ပြေးတိမ်းရှောင်ကာ စစ်ဘေးရှောင်နေကြရသူများ ဖြစ်ကြသည်။

ဒေသခံတစ်ဦးက “သူတို့က ရေလုပ်သားတွေပါ။ ရသေ့တောင်မြို့နယ်မှာ စစ်ဘေးရှောင်နေကြသူတွေပါ။ ဝမ်းရေးအတွက် အသက်အန္တရာယ် ရှိပေမယ့်လည်း လုပ်ကိုင်နေကျ ရေလုပ်ငန်းကိုပဲ အဓိကလုပ်ကိုင်နေကြရတာ ပါ။ ဒီလိုငါးရှာနေချိန်မှာ နေဗီက ပစ်ခတ်လို့ သေဆုံးသွားရတာပါ။ အထူးစိတ်မကောင်း ဖြစ်ရပါတယ်” ဟု ဆက် ပြောသည်။

ဒဏ်ရာရသွားသူမှာလည်း ခြေထောက်ကို ကျည်ဆံထိမှန် ဖောက်ဝင်သွားခဲ့ပြီး အနီးအနားရှိ ဆေးရုံတစ်ခုတွင် ဆေးကုသမှု ခံယူနေရသည်။

ဓာတ်ပုံ - JIM
August 25, 2026
မလေးရှားနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရခိုင်ရွှေ့ပြောင်းလုပ်သား အများအပြားမှာ...
August 25, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ စိမ်းညင်းဝကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ...
ဓာတ်ပုံ - (CINCDS) သတင်းနှင့် မသက်ဆိုင်ပါ။ စစ်အုပ်စုတပ်၏ ရေတပ်စစ်ရေးလေ့ကျင့်မှုကို ဖော်ပြခြင်းသာ ဖြစ်ပါသည်။
August 24, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်ရေး ပြင်းထန်နေသည့် စစ်အုပ်စု၏ ရေတပ်သည် ပေါက်တောမြို့နယ်၊ အနောက်...
August 24, 2026
စစ်အုပ်စုတပ်က အင်အားအလုံးအရင်း ဖြည့်တင်းလာပြီးနောက် ကပစ (၁၆) နှင့် ညောင်ကျိုး ပတ်ဝန်းကျင်တို့...