လေးကေ့ကော် ရဲကုန်းတိုက်ပွဲတွင် စစ်တပ်စစ်ကြောင်း ထပ်မံတိုက်ခိုက်ခံရပြီး ၆ ဦး အလင်းဝင်

လေးကေ့ကော် ရဲကုန်းတိုက်ပွဲတွင် စစ်တပ်စစ်ကြောင်း ထပ်မံတိုက်ခိုက်ခံရပြီး ၆ ဦး အလင်းဝင်

ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်ခြမ်းရှိ လေးကေ့ကော်မြို့သစ် အနောက်ဘက် ရဲကုန်းနေရာ၌ ပြီးခဲ့သည့် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်၏ ခမရ ၅၈၅ စစ်ကြောင်းမှာလည်း ထပ်မံတိုက်ခိုက်ခံရပြီး စစ်သား ၆ ဦး လက်နက်ချ အလင်းဝင်လာသည်။

ဇူလိုင်လ ၂၄ ရက်နေ့က နှစ်ဖက်ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ခမရ ၅၈၅ စစ်ကြောင်းမှာလည်း ကရင် တော်လှန် ရေး ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကို ထပ်မံခံခဲ့ရကာ စစ်ကြောင်းမှူး အပါအဝင် ထိခိုက်ကျဆုံးမှုများပြားပြီး စစ်သား ၆ ဦး လက်နက်ချ အလင်းဝင်ရောက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

အဆိုပါ ရဲကုန်းနေရာသို့ ထိုးဖောက်ဝင်ရောက်လာခဲ့သော ခမရ ၅၈၅ စစ်ကြောင်းသည် တော်လှန်ရေး တပ်ဖွဲ့များ ၏ ပိတ်ဆို့တိုက်ခိုက်မှုကို ခံခဲ့ရခြင်းဖြစ်ပြီး စစ်ကြောင်းမှူး ဗိုလ်မှူးတစ်ဦး အပါအဝင် အရာရှိစစ်သည် အချို့ သေဆုံးခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် တိုက်ပွဲပြင်းထန်နေစဉ်အတွင်း အဆိုပါစစ်ကြောင်းမှ စစ်သား ၆ ဦးမှာ တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်ရောက်လာခဲ့ကြခြင်း ဖြစ်သည်။

ကရင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “ဒီဘက်က ထိုးစစ်တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက စနစ် တကျ ပြန်လည် ခုခံတိုက်ထုတ်နေတာပါ။ စစ်ကောင်စီ ဘက်က အင်အားတွေ အလုံးအရင်းနဲ့ ထိုးစစ်ဆင် လာပေမဲ့ မြေပြင်မှာ အထိနာပြီး လက်နက်ချ အလင်းဝင်လာတာတွေ ဆက်တိုက်ရှိနေပါတယ်” ဟု ပြောသည်။

အလားတူ ဇူလိုင်လ ၁၆ ရက်နေ့ကလည်း ယခုတိုက်ပွဲဖြစ်ပွားရာ ရဲကုန်း နေရာ၌ပင် စကခ (၁၃) လက်အောက်ခံ ခမရ ၅၅၆ တပ်ရင်း၏ ဒုတပ်ရင်းမှူး ဦးစီးသည့် စစ်ကြောင်း တစ်ခု လုံးနီးပါး ထိခိုက်ပျက်စီးမှုများ ရှိခဲ့သေး သည်။

အဆိုပါတိုက်ပွဲအတွင်း ဒုတပ်ရင်းမှူး အပါအဝင် အများအပြား သေဆုံးခဲ့ပြီး စစ်မှုထမ်းဥပဒေဖြင့် စုဆောင်းခံ ထားရသည့် စစ်သားသစ် ၄ ဦးကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ဖမ်းဆီးရမိခဲ့သည်။

ဖလူးနှင့် မင်းလက်ပံဒေသများကို ရက်ပိုင်းအတွင်း အပြီးတိုင်သိမ်းပိုက်မည်ဆိုကာ အင်အား ၂,၀၀၀ ကျော်ဖြင့် အပြင်းအထန် ထိုးစစ်ဆင်လာခဲ့သော စစ်တပ်သည် ယခုအခါ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပူးပေါင်းတပ်ဖွဲ့များ၏ ဖြတ်တောက် တိုက်ခိုက်မှုကို ဆက်တိုက်ဆိုသလို ရင်ဆိုင်နေရသည်။

ထိုးစစ်စတင်ခဲ့သည့်အချိန်မှစ၍ ရက်ပေါင်း ၂၀ ကျော်ကြာမြင့်လာပြီဖြစ်သော်လည်း ရှေ့သို့ မတိုးနိုင်ဘဲ စစ်ရေး အရ အထိနာနေဆဲဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ဓာတ်ပုံ - လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ရွှေကူမြို့နယ်အတွင်းမှ နေအိမ်တစ်လုံး
August 22, 2026
ကချင်ပြည် ရွှေကူမြို့နယ်အတွင်း လူနေရပ်ကွက်များနှင့် ကျေးရွာများကို စစ်တပ်က ဂျက်ဖိုက်တာများဖြင့်...
August 21, 2026
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ ကျေးရွာဘုန်းကြီးကျောင်းတွင် ဒေသခံပြည်သူများ ဥပုသ်သီလ ဆောက်တည်...
ဓါတ်ပုံ - (ပေးပို့ / Crd)
August 21, 2026
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် တောင်ခြမ်းနှင့် ချင်းတွင်းမြစ်ရိုးတစ်လျှောက်ကို စစ်အုပ်စုတပ်က...
August 21, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာတွင် စစ်ကျန် ဗုံးသီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ...