ကျောင်းသူအား အဓမ္မပြုကျင့်သည့် ကျောင်းအုပ်သားကို ထောင်ဒဏ် ၂၅ နှစ် ချမှတ်

ကျောင်းသူအား အဓမ္မပြုကျင့်သည့် ကျောင်းအုပ်သားကို ထောင်ဒဏ် ၂၅ နှစ် ချမှတ်

ရှမ်းပြည်၏ မြို့တော်၊ တောင်ကြီးရှိ အောင်မြေသစ် အထက်တန်းကျောင်းတွင် တက်ရောက်နေသည့် Grade 12 ကျောင်းသူတစ်ဦးအား အဓမ္မပြုကျင့်ပြီး ဓာတ်ပုံများဖြင့် ခြိမ်းခြောက်ငွေတောင်းခဲ့သူ ကျောင်းအုပ်၏သားဖြစ်သူ ကိုဇာနည်သွေးကို တောင်ကြီးခရိုင်တရားရုံးက စီရင်ချက်ချမှတ်လိုက်သည်။

တရားရုံးက ၎င်းကို ပုဒ်မ ၃ ခုဖြင့် ထောင်ဒဏ် ၂၅ နှစ် အပြီးသတ်ကျခံစေရန် အမိန့်ချခဲ့ခြင်း ဖြစ်ကြောင်း ရှေ့နေ အသိုင်းအဝိုင်းနှင့် ခရိုင်တရားရုံးနှင့် နီးစပ်သူများက ပြောသည်။

တရားရုံးသည် အသက် ၂၉ နှစ်အရွယ် တရားခံ ကိုဇာနည်သွေးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ (၁) (အဓမ္မပြု ကျင့်မှု) အရ ထောင်ဒဏ် အနှစ် ၂၀၊ ပုဒ်မ ၃၅၄ (ကာမဆန္ဒကို မတရားနှိုးဆွရန် အကြံဖြင့် အနိုင်အထက်ပြုမှု) အရ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည်။

ထို့ပြင် ပုဒ်မ ၃၈၄ (ခြောက်လှန့်တောင်းယူမှု) အရ ထောင်ဒဏ် ၃ နှစ် စသည့် ပြစ်ဒဏ်များကို သီးခြားစီ ကျခံစေ ရန် ထောင်တွင်းအလုပ်နှင့်တကွ အသီးသီး စီရင်ချက်ချခဲ့ခြင်း ဖြစ်သည်။

ပြစ်ဒဏ်စီရင်ချက်နှင့် ပတ်သက်၍ ခရိုင်တရားရုံးနှင့် နီးစပ်သူတစ်ဦးက “တရားခံဘက်ကတော့ ချေပတာ အများကြီးလို့ ပြောလို့ရတယ်။ သက်သေက ငြင်းမရတော့၊ ငြင်းမရဆို ထင်ထင်ရှားရှားကြီး။ ဒါတောင် ၂၅ နှစ် ဆိုတာ ရှေ့နေဘက်က တော်တော်ကြီး လုပ်ပေးထားတာ။ တရားရေးရာတော့ နောက်ပိုင်း ဆက်စောင့်ကြည့် ရဦးမှာ။ ဘာမှအသေအချာ ပြောမရသေးဘူး” ဟု ပြောသည်။

ကိုဇာနည်သွေးသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက် နေ့လယ် ၁၂ နာရီခွဲခန့်တွင် ၎င်းကိုယ်တိုင် နေထိုင်လုပ်ကိုင် ရာ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ ကျန်းမာရေးရုံးလမ်းရှိ အောင်မြေသစ် အထက်တန်းကျောင်းအတွင်း၌ အဆိုပါကျောင်းသူကို အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ကျောင်းသူ၏ မဖွယ်မရာပုံများကို ရိုက်ယူကာ သတင်းပေါက်ကြားပါက ဖြန့်ဝေမည်ဟု ခြိမ်းခြောက် သည့်အပြင် ငွေကျပ် သိန်း ၂၀ ပေးရန်ပါ ထပ်မံ မတရားတောင်းခံခဲ့သည်။

တရားရုံးက ထောင်ဒဏ်အနှစ် ၂၅ နှစ် အသီးသီးစီရင်ချက် ချမှတ်ခဲ့သော်လည်း တရားခံ၏ မိသားစုမှာ အာဏာ ပိုင်များနှင့် တရားရေးလောကသား အချို့နှင့် ရင်းနှီးကျွမ်းဝင်မှုရှိနေသဖြင့် ပြစ်ဒဏ်အပေါ် ရာနှုန်းပြည့် စိတ်မချရသေးကြောင်း နစ်နာသူနှင့် ဆွေမျိုးနီးစပ်သည့် ကျောင်းဆရာမတစ်ဦးက ထောက်ပြသည်။

၎င်းက “ထောင်ကတော့ မသိရသေးဘူးပေါ့နော်။ တောင်လေးလုံးဆိုရင်တော့ သေချာပေါက် မကြပ်ဘူး။ အရင် က စုကြေးလိမ်ပြေးတဲ့သူတွေ မှတ်မိလားမသိ။ သူတို့ တောင်လေးလုံးမှာကျတာ လက်မှတ်ထိုးပြီး အိမ်ပြန်နေလို့ ရတယ်။ စည်းကမ်းတွေ ဘာတွေတော့ ရှိတာပေါ့နော်။ နောက်ပြီးတော့ လွတ်ငြိမ်းလည်း ပါလာနိုင်တယ်။ လူစားလဲတာလည်း ဖြစ်နိုင်တယ်။ တချို့ကျ အမှုရင်ဆိုင်နေတုန်း ဘာမှမလိုက်ဘူး။ နောက်မှ လွတ်ငြိမ်းအတွက် သပ်သပ်လိုက်တာမျိုး လိုက်တာ။ အဲ့လိုတွေရှိလို့ စိုးရိမ်ရပါတယ်” ဟု ပြောသည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားပြီးနောက် ကိုဇာနည်သွေးသည် ထွက်ပြေးတိမ်းရှောင်နေခဲ့သဖြင့် ရဲတပ်ဖွဲ့က လိုက်လံ ရှာဖွေခဲ့ရာ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် သစ်တောရပ်ကွက် တောင်ကြီးဟိုတယ်အနီး၌ လက်ရဖမ်းဆီးရမိခဲ့ ခြင်းဖြစ်သည်။

ထိုသို့ ဖမ်းဆီးရမိပြီးနောက် ယခုအခါ ပြစ်မှုကျူးလွန်ပြီး ၅ လခန့်အကြာတွင် တရားရုံးက အပြီးသတ် ပြစ်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

September 1, 2026
ရခိုင်ပြည် တောင်ပိုင်းရှိ တောင်ကုတ်၊ သံတွဲနှင့် ဂွ မြို့နယ် သုံးခုသို့ စစ်တပ်က...
ဓာတ်ပုံ - APF/ ပုံဟောင်း
September 1, 2026
တနင်္သာရီတိုင်းအတွင်း လက်လွှတ်လိုက်ရသည့် ဆုံးရှုံးနယ်မြေများနှင့် မဟာဗျူဟာကျသည့် ထားဝယ် ရေနက်...
ဓါတ်ပုံ - (AAPP / ၂၀၂၆ ခုနှစ် ရေမွန်မက်ဂ်ဆေးဆေးဆု ရရှိသူ AAPP ပူးတွဲတည်ထောင်သူ ဦးဘိုကြည်)
August 31, 2026
အာရှ၏ နိုဘယ်လ်ဆုဟု တင်စားကြသည့် ၂၀၂၆ ခုနှစ် ရေမွန်မက်ဂ်ဆေးဆေးဆု (Ramon Magsaysay Award) ကို...
ဓာတ်ပုံ - (ဘန်ကောက်သို့ သွားရောက် အလုပ်လုပ်ကိုက်ကြမည့် ကရင်နီစစ်ရှောင်လူငယ်များ / Refugee man)
August 31, 2026
စစ်အာဏာသိမ်းပြီးနောက် ၅ နှစ်အတွင်း ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ခန့် ပြည်ပသို့ ထွက်ခွာသွားခဲ့ရာ...