ဖားကန့်မြေပြိုကျမှုတွင် သေဆုံးသူ ရခိုင် ၇ ဦး ထိရှိလာ

ဖားကန့်မြေပြိုကျမှုတွင် သေဆုံးသူ ရခိုင် ၇ ဦး ထိရှိလာ
ဖားကန့်‌ဒေသတွင်း မြေစာပုံပြိုကျ၍ သေဆုံးသွားသူရုပ်အလောင်းများအား ရှာဖွေနေစဥ်။ ဓာတ်ပုံ - ပေးပို့
ဖားကန့်‌ဒေသတွင်း မြေစာပုံပြိုကျ၍ သေဆုံးသွားသူရုပ်အလောင်းများအား ရှာဖွေနေစဥ်။ ဓာတ်ပုံ - ပေးပို့

ကချင်ပြည်နယ်၊ ဖားကန့်ဒေသ နမ့်မှော်‌ကျေးရွာ သုံးသိန်းမှော်ဘက် မြေစာပုံပြိုကျမှုတွင် သေဆုံးသူ ၇ ဦးထိ ရှိလာနေပြီး သေဆုံးသူ အားလုံးမှာ ရခိုင်လူမျိုးများဖြစ်ကြောင်း ကူညီဆောင်ရွက်နေသူများထံမှ သိရသည်။

ဇွန်လ ၂၈ ရက်၊ နံနက်ပိုင်း ၁ နာရီခန့်တွင် မိုးရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများ ဖြစ်နေပြီး မြေစာပုံပြိုကျကာ ရေမဆေးကျောက် ရှာဖွေနေသူများ မြေပြိုရာ၌ နစ်မြုပ်ပျောက်ဆုံးလျက်ရှိနေသည်။

လက်ရှိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြသဖြင့် ရုပ်အလောင်း ၇ ဦးထိ ရှာဖွေတွေ့ရှိ ထားပြီဖြစ်ကြောင်း ကူညီပေးနေသူများက ပြောသည်။

“၆ ဦးကိုတော့ ရှာလို့ ရထားပြီး။ နောက်ထပ်တစ်ဦး မြေစာပုံမှာပိနေတာ အဲဒါကို ဆက်ပြီး ရှာနေ ကြတယ်။ သူတို့ အားလုံး ရခိုင်လူမျိုးတွေ ဖြစ်ပါတယ်” ဟု ကူညီကယ်ဆယ်ရေးလုပ်နေသူ ရခိုင်အမျိုးသားတစ်ဦးက ပြောသည်။

မြေပြိုကျရာတွင် နစ်မြုပ်ပျောက်ဆုံးနေသူများအား ဖားကန့်အခြေစိုက် ရခိုင်ရိုးရာပရဟိတအသင်းနှင့် ဒေသခံ လူမှုအဖွဲ့အစည်းတို့က ပူးပေါင်းရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြကြောင်း သိရသည်။

လက်ရှိ မြေပြိုကျမှုအတွင်း သေဆုံးသွားခဲ့သည့် ရခိုင်လူမျိုးများ၏ အချက်အလက်အသေးစိတ်ကို DMG မှ စုံစမ်းနေဆဲဖြစ်သည်။

“မိုးတွေ အရမ်းရွာတော့ ရှာဖွေကယ်ဆယ်ရေးကို ချက်ချင်း မလုပ်နိုင်ခဲ့ကြဘူး။ နောက်ထပ် ထပ်ပြို လာမှာကိုလည်း စိုးရိမ်ရတာကိုး။ ကျနော့်အထင် နစ်မြုပ်ပျောက်ဆုံးနေသူတွေ ရှိချင်ရှိနေနိုင်သေး တယ်” ဟု မြေပြင်အခြေအနေကို သိရှိသူ ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။

ကချင်အခြေစိုက် ရခိုင်လူမှု အဖွဲ့အစည်းများ၏ အချက်အလက်အရ ဖားကန့်ဒေသတွင် ရခိုင်က ရွှေ့ပြောင်းနေထိုင်နေကြသူ သိန်းနှင့်ချီရှိနေပြီး ရေမဆေး (ကျောက်စိမ်း) ရှာဖွေ ခြင်းနှင့် စိုက်ပျိုးရေး စသည်တို့ဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသည်။

ဖားကန့်တွင် မိုးရွာသွန်းမှုအပြင် အကြောင်းအမျိုးမျိုးကြောင့် မြေစာပုံပြိုကျသည့်ဖြစ်စဉ်များ နှစ်စဉ် ဖြစ်ပေါ်နေပြီး မကြာခဏ လူသေဆုံးမှုများလည်းရှိနေကာ ထိုထဲတွင် ရခိုင်ရွှေ့ပြောင်းအလုပ်သမားများ လည်းပါဝင်နေသည်။

ကျောက်ဖြူမြို့အဝင်ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ နောက်ဆုံးအပတ်က တွေ့ရစဉ်။ ဓာတ်ပုံ - DMG
June 29, 2026
အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားသော ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်တွင် အခြေခံစားနပ်ရိက္ခာ...
ကျောက်ဖြူမြို့တွင်း တစ်နေရာကို တွေ့ရစဉ်။ ဓာတ်ပုံ- DMG
June 27, 2026
အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်က ပြည်သူများမှာ ယခုကာလ...
ပုံစာ- အာဏာသိမ်းစစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ - CNICDS
June 26, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီးရှိ တောင်မော်ကြီးရေတပ်အနီးတစ်ဝိုက်တွင် ယခုရက်ပိုင်း...
June 25, 2026
ထိုင်းနိုင်ငံတွင် အကျဉ်းကျခံနေရသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ကာပီချောင်းကျေးရွာမှ...