မြေစာပုံပြိုကျမှုကြောင့် ရေမဆေးသမား ၁၀ ဦးခန့် သေဆုံးဟုဆို

မြေစာပုံပြိုကျမှုကြောင့် ရေမဆေးသမား ၁၀ ဦးခန့် သေဆုံးဟုဆို

ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ မြေစာပုံ ပြိုကျပြီး ရေမဆေးသမား ၁၀ ဦးထက်မနည်း အသက်သေဆုံးမှုရှိခဲ့တယ်လို့ ဖားကန့်မှာနေထိုင်သူတွေပြောပါတယ်။

ဖြစ်စဉ်ဟာ ဇွန်လ ၂၈ ရက်နေ့ နံနက်ပိုင်း ၁ နာရီဝန်ကျင် နမ့်မှော်ကျေးရွာအနီး သုံးသိန်းမှော်ရှိ ယခင်ကျောက်စိမ်းတူးဖော်ပြီး စွန့်ပစ်မြေစာပုံထဲမှာ ကျောက်ရှာဖွေနေရာကနေ မြေပြိုကျမှုဖြစ်ပွားခဲ့ပါတယ်။

မြေပြိုကျမှုထဲမှာ ရေမဆေးသမား ၁၀ ဦးခန့် ပါသွားတယ်လို့သိရပေမယ့် ဒီကနေ့အထိ ၅ လောင်းလောက်သာရှာဖွေတွေ့ရှိသေးတယ်လို့ ဖားကန့်ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။

“ဘယ်နှစ်လောင်းပါသွားတယ်ဆိုတာက အသေးစိတ်ပြောဖို့ခက်ခဲနေသေးတယ်။ မနေ့က ဖြစ်ပြီးတဲ့နောက် အုပ်ချုပ်ရေးပိုင်းတွေကို လှမ်းမေးကြည့်တော့ စားရင်းရတာက ၆ ယောက်လောက်ရှိတယ်လို့ပြောတယ်။ ဒါပေမယ့် ဒီကနေ့ မနက်ပိုင်းကြားတာကတော့ ၆ ယောက်မကဘူးလို့လည်းပြောတယ်။ ကျင်းကပြန်လာတဲ့သူတွေပြောတာက အများဆုံး ၁၀ ယောက်လောက်တော့ပါသွားတယ်လို့ပြောကြတယ်။ အဲဒီထက်တော့ မကျော်ဘူးလို့ပြောတယ်”လို့ပြောပါတယ်။

လက်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးထံ လူပျောက်စားရင်း ၆ ယောက်အထိသာရှိတယ်လို့သိရပေမယ့် မြေပြင်မှာ ၁၀ ဦးခန့် ပါသွားနိုင်ကြောင်း မြေပြိုကျမှုထဲ ရောက်ရှိနေတဲ့ သူတွေကပြောဆိုနေတယ်လို့ ဆိုပါတယ်။

ကျောက်စိမ်းလုပ်ကွက်ဟောင်းမြေပြိုကျမှုဖြစ်သွားတဲ့အခြေအနေမှာ ရေမဆေးကျောက်ရှာသမားတွေ မြေစာပုံကို ဝိုင်းခေါင်းတဲ့နေရာကနေ မိုးရေစိမ့်ဝင်ပြီး မြေစာပုံပြိုကျသွားတာဖြစ်တယ်လို့ သိရပါတယ်။

“ကျနော်တို့ဒေသက ဒေသအခေါ်တော့ မျောကြောင်းလိုက်တယ်လို့ပြောကြတယ်။ မိုးရွာရင် ကမ်းပါးပြို ရေတိုက်စားသွားရင် ကျောက်လေးတွေပေါ်လာတယ်။ အဲ့လိုနဲ့ ကျောက်ရှာကြတာဟုတ်တယ်”လို့အထက်ပါ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ဆက်ဆိုပါတယ်။

ဖားကန့်မြို့နယ်မှာ မိုးတွင်းကာလအတွင်း မြေစာပုံပြိုကျပြီး ရေမဆေးသမားများ သေဆုံးမှုမကြာခဏဖြစ်ပွားနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အတွင်းမှာလည်း ကုဋေမှော်ရှိ ကျောက်စိမ်းတူးဖော်တဲ့ လုပ်ကွက်တစ်ခုမှာ မြေစာပုံပြိုကျပြီး ရေမဆေးသမား ၁၀ ဦးထက်မနည်း သေဆုံးမှုရှိခဲ့ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Most read this week

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...