ရခိုင်ပြည်ဟာ မြန်မာစစ်တပ်ရဲ့ရက်စက်မှုဒဏ်ကိုအဆိုးဆုံးခံရတဲ့ ဒေသထဲကတစ်ခုဖြစ် (၆လအတွင်းရခိုင်နဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းမှာ လူပေါင်း ၅၇၃ ဦး သေဆုံးခဲ့တယ်လို့ဆို)

ရခိုင်ပြည်ဟာ မြန်မာစစ်တပ်ရဲ့ရက်စက်မှုဒဏ်ကိုအဆိုးဆုံးခံရတဲ့ ဒေသထဲကတစ်ခုဖြစ် (၆လအတွင်းရခိုင်နဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းမှာ လူပေါင်း ၅၇၃ ဦး သေဆုံးခဲ့တယ်လို့ဆို)

ပိုးဝါ — ရခိုင်ပြည်နယ်ဟာမြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေမှာနေထိုင်တဲ့အရပ်သားတွေနဲ့အတူ မြန်မာ စစ်တပ်ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုဒဏ်ကို အဆိုးရွားဆုံး ရင်ဆိုင်နေရတဲ့ဒေသတွေဖြစ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး (OHCHR) က ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၂၅ ခုနှစ်ဩဂုတ်လ ၁ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်အထိ ၆ လတာအတွင်းမြန်မာတစ်နိုင်ငံလုံးတွင် အရပ်သား ၇၀၂ ဦးထက်မနည်း သေဆုံးခဲ့ရာမှာ  ၅၇၃ ဦးမှာ ရခိုင်နဲ့မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသတွေကဖြစ်တယ်လို့ဆိုပါတယ်။

ယုံကြည် စိတ်ချရတဲ့သတင်းရင်းမြစ်တွေအရ  အစီရင်ခံစာ ပြုစုတဲ့ ကာလအတွင်း အရပ်သား ၇၀၂ ဦး သေဆုံးခဲ့တာကိုအတည်ပြုနိုင်ခဲ့ပြီး အဆိုပါ သေဆုံးခဲ့ရသူတွေ အနက် ၅၇၃ ဦးမှာ ရခိုင်နဲ့မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေကဖြစ်တယ်လို့ဆိုပါတယ်။

သူတို့အထဲမှ ၄၇၆ ဦးမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်တယ်လို့အစီရင်ခံစာက ဖော်ပြပါတယ်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ရွေးကောက်ပွဲ မတိုင်မီ ကာလအတွင်း အမျိုးသမီး ၄၃ ဦးနှင့် ကလေး ၁၀ ဦး အပါအဝင် လူပေါင်း ၁၁၁ ဦး သေဆုံးခဲ့တယ်လို့ဖော်ပြပါတယ်။

အာဏာသိမ်းစစ်တပ်မြေပြင်စစ်ရေးရှုံးနိမ့်မှုတွေကိုတုံ့ပြန်ဖို့ လေကြောင်းတိုက်ခိုက်မှုတွေကိုအရှိန်အဟုန်မြှင့်လုပ်ဆောင်ခဲ့ပြီးတိုက်လေယာဉ်၊ဒရုန်း၊ဂျိုင်ရိုကော်ပတာနှင့်ပါရာမော်တာတွေကိုသုံးပြီးဗုံးကြဲခဲ့တာကြောင့်ဟု ဖော်ပြ ထားပါတယ်။

ရခိုင်ဒေသဟာလေကြောင်းတိုက်ခိုက်မှုရဲ့ အဓိကပစ်မှတ် ဖြစ်ခဲ့ပြီးသေဆုံးမှုအများဆုံးဒေသဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းမှာလည်း အမျိုးသမီး ၆၀ ဦးနဲ့ကလေး ၃၀ ဦး အပါအဝင် အရပ်သား ၁၉၁ ဦး သေဆုံးခဲ့ပြီး ၇၀ ရာခိုင်နှုန်းမှာလေကြောင်းကနေတိုက်ခိုက်မှုကြောင့် ဖြစ်တယ်လို့ဖော်ပြထားပါတယ်။

မြန်မာ စစ်တပ်က နယ်မြေ စိုးမိုးမှု ရရှိဖို့အရှိန်အဟုန်မြှင့် ကြိုးပမ်းလာနဲ့အမျှ စစ်ကိုင်းတိုင်းဟာ အရပ်သားတွေအတွက် အသက် အန္တရာယ် အရှိဆုံး ဒေသအဖြစ် ဆက်လက် တည်ရှိနေတယ်လို့ဆိုပါတယ်။

ရွေးကောက်ပွဲ ကာလဖြစ်သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ၊ ၅ ရက် ညနေပိုင်းတွင် အာဆီယံ အားကစားပြိုင်ပွဲ (ASEAN Games) မှ ဘောလုံး ပွဲစဉ်အား လူအများ စုဝေးပြီး ကြည့်ရှုနေခိုက် မြန်မာ စစ်လေယာဉ် တစ်စီးဟာ ဒီပဲယင်းမြို့နယ်ရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးအမျိုးသမီး လေးဦးနှင့် ကလေးသူငယ် တစ်ဦး အပါအဝင် အရပ်သား ၁၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အတည်ပြုနိုင်ခဲ့ပြီး ၂၀ ကျော်ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေကိုကိုးကားဖော်ပြထားပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးက  ဇွန် ၁၅ ရက်မှ ဇူလိုင် ၁၀ ရက် ၂၀၂၆  နေ့ထိ ပြုလုပ်တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (၆၂) ကြိမ်မြောက်အစည်းအဝေးကို တင်သွင်းတဲ့ အစီရင်ခံစာမှာ ခုလိုဖော်ပြထားတာဖြစ်ပါတယ်။

June 25, 2026
နှင်းနွယ်နီ — အာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားသည့် ရခိုင်ပြည်မြို့တော် စစ်တွေမြို့တွင်...
June 24, 2026
ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင်စခန်းကုန်းတစ်ခု သိမ်းပိုက်ပြီး စစ်ဘက်ဆိုင်ရာ...
June 22, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ကွမ်းအုံချောင်းကျေးရွာမှ ရွှေ ၁ဝ ကျပ်ကျော်...