ဇိုတုန်းဒေသ ကားလမ်းများတွင် မိုးရာသီယာဉ်စည်းကမ်းများ လိုက်နာရန် ထုတ်ပြန်

ဇိုတုန်းဒေသ ကားလမ်းများတွင် မိုးရာသီယာဉ်စည်းကမ်းများ လိုက်နာရန် ထုတ်ပြန်

ချင်းပြည်နယ်၊ ဇိုတုန်ဒေသက ကားလမ်းများကို အသုံးပြု၍ ကုန်စည်ကူးသန်းရောင်းဝယ်မှု ပြုလုပ်နေသော ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များအနေဖြင့် မိုးရာသီကာလ သတ်မှတ်ထားသော စည်းကမ်းများကို လိုက်နာရန် ဇိုတုန်ဖက်ဒရယ်ကောင်စီက ကြေညာလိုက်သည်။ 

ကုန်တင်ကားများနှင့် ခရီသည်တင်ကားများ၏ ကားဘီးများတွင် ချိန်းကြိုပတ်ပြီး မောင်းနှင့်ခြင်းကို တားမြစ် လိုက်သကဲ့သို့ ကုန်တင်ကားများ၊ ကားအမျိုးအစားလိုက် တင်ဆောင်ခွင့် ကန့်သတ်ထားသော ပမာဏထက် တန်ပိုတင်၍ မောင်းနှင်ခြင်း မပြုရန်တို့ကို ဇွန်လ ၁၆ ရက်မှာ ယင်းကောင်စီက အသိပေးထုတ်ပြန်သည်။ 

ဇွန်လ ၂၀ရက်မှ ဩဂုတ်လအတွင်း ကားလမ်းပျက်စီးမှု သက်သာစေရန် ၁၂ ဘီးကားနှင့် ၁၀ ဘီးကားများကိုလည်း မြေပြန့်ဒေသမှ ရမ်းစီးကျေးရွာအထိသာ သွားလာရန် အသိပေးထားပြီး မိုးရာသီဥတုအပေါ် မူတည်၍ သွားလာခွင့်ကို ပြန်လည်ထုတ်ပြန်ပေးမည်ဟု သိရသည်။ 

၂၀၂၅ မိုးရာသီတွင် မိုးအဆက်မပြတ် ရွာသွန်းသောကြောင့် ဇိုတုန်ဒေသကားလမ်းများ ပျက်စီးမှု ကြီးမားခဲ့ပြီး နွေရာသီက လမ်းပြုပြင်ရာတွင် စက်သုံးဆီဈေးနှုန်း မြင့်တက်ခြင်းကြောင့် ရန်ပုံငွေ ခက်ခဲမှုနှင့်လည်း ကြုံတွေ့ခဲ့ရသည်ဟု သိရသည်။ 

သို့ရာတွင် ယခုနှစ် မိုးရာသီ မရောက်ခင် လမ်းပြုပြင်ရန် လိုပ်သောကြောင့် ဆက်လက်ပြုပြင်ခဲ့ရာ ကျပ်သိန်းပေါင်း ၂၀၀၀ ကျော် ကုန်ကျခဲ့သည်ဟု ဇိုတုန်ဖက်ဒရယ်ကောင်စီထံမှ သိရသည်။ 

ဇိုတုန်ဒေသအတွင်းရှိ အဓိက လမ်းမကြီးများကို ယခုနှစ် ဖေဖော်ဝါရီလမှစတင်၍ ၄လ ကျော်ကြာ စက်ယန္တရာများဖြင့် ပြုပြင်ခဲ့ရသည်ဟု သိရသည်။ 

ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များ ပုံမှန်သွားလာနိုင်ရေးအတွက် လမ်းပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန် ပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီရန်နှင့် သတ်မှတ်ထားသော ယာဉ်စည်းကမ်းများကို လိုက်နာပေးရန် ဇိုတုန်ဖက်ဒရယ်ကောင်စီက တိုက်တွန်းထားသည်။

June 17, 2026
အာဏာသိမ်းစစ်တပ်လက်အောက်ခံ ဇိုမီးတော်လှန်ရေးတပ်ဖွဲ့ ZRA-EC သည် ၎င်းတို့အဖွဲ့ဝင်တစ်ဦး...
June 16, 2026
ချင်းပူးပေါင်းတပ်နှင့် အာဏာသိမ်းစစ်တပ်တို့အကြား တိုက်ပွဲများ ပြင်းထန်နေ့သည့် ချင်းတောင်ပိုင်း၊...
June 15, 2026
တပ်ဖွဲ့ဝင်ဟောင်းများအပါအဝင် ဇိုလူငယ်များအနေဖြင့် CDF-Tonzang တပ်ဖွဲ့သို့...
June 13, 2026
ချင်းပူးပေါင်းတပ်များနှင့် အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲများ ပြင်းထန်နေသည့် ချင်းတောင်ပိုင်း...