အကြမ်းဖက်ရေတပ်က မော်တော်ဘုတ်တစ်စီးကို လူ ၇ ဦးနှင့်အတူ ဖမ်းဆီး

အကြမ်းဖက်ရေတပ်က မော်တော်ဘုတ်တစ်စီးကို လူ ၇ ဦးနှင့်အတူ ဖမ်းဆီး

ပိုးဝါ — ကျောက်ဖြူမြို့နယ် သံဇစ်မြစ်ထဲတွင် ရပ်နားထားသည့် အကြမ်းဖက်စစ်တပ်၏ နေဗီကြီးတစ်စီးမှ စပိဘုတ်နှစ်စီးသည် ရမ်းဗြဲမြို့မှ ကုန်တင်မော်တော်ဘုတ်တစ်စီးကို မင်းကြောင်းချောင်း၀တွင် ယခု ၈ ရက်နေ့က သေနတ်ဖြင့် ပစ်ခတ်ကာ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သတင်းရရှိသည်။

၎င်းမော်တော်ဘုတ်မှာ ရမ်းဗြဲမြို့၊ အမှတ် (၅) တောင်ဥက္ကလာရပ်ကွက်နေ ဦးရွှေခဲ၏ ကုန်တင်ဘုတ်ဖြစ်ပြီး  ဇွန်လ ၈ ရက်နေ့ ညနေ ၃ နာရီ ခန့်တွင် ပစ်ခတ် ဖမ်းဆီးခံရခြင်းဖြစ်သည်။

ကုန်တင်မော်တော်ဘုတ်ပေါ်တွင် ပါလာသူ ဘုတ်ပိုင်ရှင် ဦးရွှေခဲ၊ အလုပ်သမားခေါင်းဆောင် ဦးစိန်ဝင်းမောင်အပါအဝင် ၇ ဦးတို့ကို ဘုတ်ပေါ်ပါလာသည့် ကာလတန်ဖိုး ကျပ်သိန်း ၂၀၀၀ ကျော်တန်ဖိုးရှိ ကုန်ပစ္စည်းများနှင့်အတူ ကျောက်ဖြူမြို့သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သိရသည်။

၎င်းမော်တော်ဘုတ်ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး သိရှိသူတစ်ဦးက “ ဘုတ်ပေါ်မှာ ပါလာတာက ရေနံဆီ၊ ဒီဇယ်နှင့် အင်ဂျင်ဝိုင်များကာလတန်ဖိုး  ကျပ်သိန်း  ၂ ထောင်ကျော်ဖိုးလောက်ပါတယ်လို့သိရပါတယ်။ မော်တော်ဘုတ်နဲ့ဆို သိန်း ၃ ထောင်ကျော်ဖိုးလောက်ရှိတယ်လို့ သိရပါတယ်။ အခု ကျောက်ဖြူကို ခေါ်သွားတယ်လို့ သိရပါတယ်” ဟု ပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူ ၇ ဦးကို ကျောက်ဖြူထောင်ကို ပို့ဆောင်ထားပြီး ကုန်ပစ္စည်းများကို သိမ်းဆည်းသွားသည်ဟု သိရကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

အလားတူ ၎င်းနေ့ ဇွန်လ ၈ ရက် ညနေပိုင်းကလည်း ဝက်တင်ဆောင်လာသည့် မော်တော်ဘုတ်တစ်စီးကို သံဇစ်မြစ်အတွင်း နေဗီမှ စပိဘုတ်က နောက်ကလိုက်လာပြီး စက်သေနတ်များဖြင့် ပစ်ခတ်သဖြင့် အမ်းမြို့နယ်၊ စိတ္တရရွာမှ မောင်ဘတ်ပေ (၁၅) နှစ်နှင့် ဦးမောင်ဟန် (၅၂) နှစ်တို့တွင် ပြင်းထန်ဒဏ်ရာရရှိသွားခဲ့သည်ဟု သိရှိရသည်။  

လက်ရှိ အကြမ်းဖက် ရေတပ်မှ အာရက္ခတပ်တော်သိမ်းပိုက်ထိန်းချုပ်သည့် နယ်မြေအထိ ဝင်ရောက်လာပြီး ခရီးသွားပြည်သူများကို နှောင့်ယှက်ပစ်ခတ် ဖမ်းဆီးမှုများပြုလုပ်နေသဖြင့် ဒေသခံများအကြား စိုးရိမ်မှုများမြင့်တက်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
မကွေးတိုင်း၊ ပဒါန်းမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကူထိုးလာသည့် စစ်အုပ်စုတပ်ကို AA က...
ဓါတ်ပုံ - ULA/AA
September 2, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် သဖန်ရောင်ဒေသတို့ကို ဆက်သွယ်...
ဓာတ်ပုံ - (မောင်တောတွင် ကင်းလှည့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း တွေ့ရစဉ် / Arakan Princess Media)
August 31, 2026
ရခိုင်/အာရက္ခပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်းတွင် အာရက္ခတပ်တော် (AA) နှင့် ARSA...
ဓာတ်ပုံ - (ငါးဖမ်းလှေများ - ပုံဟောင်း / Crd)
August 31, 2026
ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် စစ်အုပ်စုတပ် ရေတပ်၏ စစ်သင်္ဘော (နေဗီ...