မံဆောင်း မဏိပူရမြစ်ကူးတံတားကို လျှပ်စစ်ရှော့တိုက်ဖောက်ခွဲ

မံဆောင်း မဏိပူရမြစ်ကူးတံတားကို လျှပ်စစ်ရှော့တိုက်ဖောက်ခွဲ

ဇွန်လ ၇ ရက်နေ့ မနက် ၄ နာရီခွဲအချိန်မှာ တီးတိန်-ရိဒ်ခေါ်ဒါရ် နယ်စပ်ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ ဆောက်လက်စ မံဆောင်း မဏိပူရမြစ်ကူး တံတားရဲ့ နယ်စပ် ဘက်ခြမ်း ရေလယ်တိုင် တခုကို အမည်မသိရသေးသူများ မှ မိုင်းဖြင့် ‌လျှပ်စစ်ရှော့တိုက် ဖောက်ခွဲမှု ဖြစ်ပွားခဲ့တယ် လို့ လမ်ဇန်ရွာသားများ ထံမှ သိရှိရ ပါတယ်။ 

"ပေါက်ကွဲအားက အတော် ပြင်းထန်တယ်။ သေနတ်သံ မဟုတ်ဘူး။ လမ်ဇန် ရွာ အထိ တုန်ဟီး သွားတယ်။ ပေါက်ကွဲ အားကြောင့် မြစ်တဖက်ကမ်း က တဲအကာ သွပ်ပြား တချို့ပါ လွင့်စင်သွားတယ်။ တံတားကတော့ ပြိုကျ မသွားဘူး။ တိုင်ခြေရင်း နှင့် ဖောင်ဒေးရှင်းတော့ အတော် ထိခိုက် သွားတယ်" လို့ ဒေသခံ တဦးက ပြောကြား ခဲ့ပါတယ်။ 

ဖောက်ခွဲမှုမှာ အသုံးပြုတဲ့ ဝါယာကြိုးများ ကျန်ရှိနေတာကို တွေ့ရကြောင်း၊ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် တဆက်တည်းမှာပင် မံဆောင်းတံတား ကနေ လိုင်တွီးရွာ ဘက်ကို ဆိုင်ကယ် တစီး အရှိန်နဲ့ တက်မောင်းသံ ကို မြစ်တဖက်ကမ်းရှိ လူများ ကြားခဲ့ ရကြောင်း ဒေသခံများ ထံမှ ဆက်လက် သိရှိရ ပါတယ်။ 

"ဒီတခါ ဖောက်ခွဲတာ က စစ်ကောင်စီ ဘက်က မဟုတ်တာ သေချာတယ်။ သူတို့ စစ်ကြောင်း က ဒီဖက်မှာ မရှိဘူး။ ဖောက်ခွဲတဲ့ တံတားတိုင်ကလည်း လူနေအိမ် နဲ့ တဲတွေ မရှိတဲ့ နယ်စပ်ဘက်ခြမ်းက တိုင် ဖြစ်နေတယ်။ ဘယ် အဖွဲ့အစည်း ဖြစ်တယ် ဆိုတော့ ကျွန်တော်တို့ မသိရသေးဘူး" လို့ ဒေသခံ ရွာသား တဦးက ပြောကြား သွားပါတယ်။ 

ယခု ဖောက်ခွဲမှုနဲ့ ပတ်သက်ပြီး တံတားနဲ့ အနီးဆုံး ရွာ ဖြစ်တဲ့ Lamzang ရွာရှိ ZYA အဖွဲ့အစည်း (ZYA Lamzang) က ဆောက်လက်စ မံဆောင်းတံတားဟာ ဒေသအတွင်း လမ်းပန်းဆက်သွယ်ရေး အတွက် တစင်းတည်း ကျန်ရှိတဲ့ ဒေသရဲ့ အဓိက အသက်သွေးကြော တံတား ဖြစ်တဲ့ အတွက် ဝိုင်းဝန်း ထိန်းသိမ်း စေလိုကြောင်း တိုက်တွန်း နှိုးဆော် ထားပါတယ်။

ရိဒ်ခေါ်ဒါရ်မြို့ကို ထိန်းချုပ်ထားတဲ့ CDF – Hualngoram က လုံခြုံရေးဆောင်ရွက်နိုင်ဖို့ ဆိုကာ တီးတိန်မြို့နယ် လိုင်တွီးရွာ ကနေ အိန္ဒိယ - မြန်မာနယ်စပ်က ဖလမ်းခရိုင် ရိဒ်ခေါ်ဒါရ်မြို့အကြား လမ်းမကြီးကို မနက် ၉ နာရီကနေ ၁၀ နာရီအတွင်း နဲ့ ညနေ ၅ နာရီ ကနေ ၉ နာရီအတွင်းသာ ဖြတ်သန်းသွားလာခွင့် ပြုတော့ မှာဖြစ်တယ်လို့ မေလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ အပြီး ဇွန်လ ၂ ရက်နေ့မှာတော့ ပုံမှန် လမ်း အသုံးပြုချိန် အတိုင်း ဖြတ်သန်းသွားလာလို့ ပြီ ဖြစ်‌ေကြာင်း ပြန်လည် ထုတ်ပြန် လာပါတယ်။ 

မံဆောင်းကြိုးတံတားဟာ ၂၀၂၄ ဇွန်လ ၈ ရက်နေမှာ စစ်ကောင်စီ တပ်ဖွဲ့မှ မိုင်းခွဲ ဖျက်ဆီး တာကြောင့် ကျိုးကျ ပျက်စီးခဲ့ပြီး ဆောက်လက်စ တံတားသစ်ရဲ့ တန်းများ အပေါ် ဒေသခံများမှ လူအင်အား၊ ငွေအင်အား အကုန်ကျခံကာ ယာယီ တံတားခင်း အသုံးပြုခဲ့ခြင်း ဖြစ်ပါတယ်။

June 6, 2026
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်နဲ့ ကန်ပက်လက်မြို့နယ်တို့ကို စစ်ကြောင်းထိုးလာတဲ့...
June 5, 2026
အာဏာသိမ်း သမ္မတဦးမင်းအောင်လှိုင် အိန္ဒိယ ခရီးစဉ်ပြီးတဲ့နောက်ပိုင်း အိန္ဒိယ -...
June 4, 2026
စစ်ကောင်စီက စစ်ကြောင်းပြန်ထိုးပြီး တိုက်ပွဲဖြစ်နေတာကြောင့် မင်းတပ်မြို့နယ်မှာ စစ်ဘေးရှောင်...
June 3, 2026
လုံခြုံရေးဆောင်ရွက်နိုင်ဖို့ ဆိုကာ တီးတိန်မြို့နယ် လိုင်တွီးရွာ ကနေ အိန္ဒိယ - မြန်မာနယ်စပ်က...