ညောင်ရွှေတွင် ဧည့်စာရင်းစစ်ပြီး စစ်ကော်မရှင်က ပေါ်တာဆွဲ ဖမ်းဆီးမှုများရှိ

ညောင်ရွှေတွင် ဧည့်စာရင်းစစ်ပြီး စစ်ကော်မရှင်က ပေါ်တာဆွဲ ဖမ်းဆီးမှုများရှိ

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး နယ်ခံမဟုတ်သူများကို ဖမ်းဆီးပေါ်တာဆွဲနေကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် မေလ၂၁ရက်တွင် ညောင်ရွှေမြို့နယ် အင်းလေးဒေသ နန်းပန်မြို့မှ အသက် ၃၀ ကျော် လင်မယားနှစ်ဦးသည် ညောင်ရွှေမြို့တွင် သွားရောက်တည်းခိုစဉ် စစ်ကော်မရှင်တပ်က ဧည့်စာရင်းဝင်စစ်ကာ ဖမ်းဆီးသွားကြောင်း ၎င်းအသိမိတ်ဆွေ တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ 

ထိုသို့ ဖမ်းဆီးသွားခဲ့ပြီးနောက် မေ ၂၆ ရက်အထိ သတင်းအစအန မရရှိသေးကြောင်းနှင့် ညောင်ရွှေမြို့တွင်တည်းခိုမည် ဆိုလျှင် သက်ဆိုင်ရာ တာဝန်ရှိဌာနများထံသို့ ကြိုတင်အကြောင်းကြား ထားသင့်ကြောင်း သိရသည်။ 

"ညောင်ရွှေမြို့ပေါ်မှာ နယ်ခံမဟုတ်တဲ့သူကို ဧည့်စာရင်းစစ်ပြီး ဝင်ဖမ်းနေတယ်။  နန်းပန်က ကျောင်းဆရာမ လင်မယား နှစ်ဦးတောင်ဖမ်းသွားတာ ခုထိအစနမရဘူး။ တချို့အုပ်ကြီးနဲ့ နီးစပ်တဲ့သူတွေ ပြောတာကတော့ စစ်မှုထမ်းလူစားထိုး ထည့်လိုက်ပြီလို့ပြောကြတယ်၊ အသွားအလာ သတိရှိရှိနဲ့ နေမှရတယ်။"ဟု အဆိုပါ အမျိုးသားက ပြောသည်။

လက်ရှိ အင်းလေးဒေသအတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့ကနယ်မြေစိုးမိုးထားပြီး ဒေသခံများ၏ အသွား အလာများကို စောင့်ကြည့် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ထို့အပြင် သျှမ်း-ကယားနယ်စပ် အနီးရှိ အင်းလေးဒေသ ကျေးရွာများတွင် လက်နက်ကြီးသံနှင့် သေနတ်သံများ မကြာခဏ ကြားရသဖြင့်  တိုက်ပွဲထပ်မံဖြစ်ပွားလာမည်ကို ဒေသခံများက  စိုးရိမ်နေသည်။ 

"ညဆို လက်နက်သံတွေ ကြားရတယ် အရင်ကလည်း တိုက်ပွဲဖြစ်ဖူးတော့ စိတ်ကလန့်နေတယ် အလိုလိုကြောက်နေရတယ်။ PNOတပ်သားတွေကလည်း ကင်းလှည့်လာကြည့်တာ ရှိတော့ ပိုကြောက်ရတယ်။ တစ်ခါတစ်ခါ ရွာသားတွေကို လမ်းပြခါ်သွားပြီး တစ်ပတ်လောက်ကြာမှ  ပြန်လွှတ်ပေးတာမျိုးတွေရှိတယ်။"ဟု အင်းလေး ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ကျေးရွာများအတွင်း ဒေသခံမဟုတ်သူများ ညအိပ်ညနေ လာရောက်လည်ပတ်လျှင် သက်ဆိုင်ရာ တာဝန်ယူရှိသူများထံ ကြိုတင်အကြောင်းကြားရန်နှင့် အကြောင်းကြားခြင်းမရှိပါက အပြစ်ပေးအရေးယူမှုများ ပြုလုပ်သွားမည်ဟု စစ်ကော်မရှင်တပ်သားနှင့် PNO တပ်သားများက အသိပေးသွားကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ဒုတိယပတ်တွင်လည်း ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသတွင် စစ်ကော်မရှင်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေးခဲ့ကြောင်းလည်းသိရသည်။

Most read this week

ဓာတ်ပုံ - (မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဒဏ်ရာရရှိသွားသည့် အမျိုးသား / Crd)
August 18, 2026
သျှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)...
ဓါတ်ပုံ - နမ့်ခမ်းမြို့နယ်ဆိုင်းဘုတ်နှင့် TNLA တပ်ဖွဲ့ဝင်အချို့
August 18, 2026
သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “...
August 17, 2026
သျှမ်းပြည်၊ 'ဝ'တပ်ဖွဲ့ (UWSA) ထိန်းချုပ်ဒေသရှိ ခရစ်ယာန်ဘာသာရေး ဝတ်ပြုကျောင်းများ...
ဓါတ်ပုံ - ချင်းမိုင်တက္ကသိုလ်တွင် ကျင်းပနေသည့် (၅) ကြိမ်မြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ အခမ်းအနားပုံ
August 15, 2026
“အကျပ်အတည်းနှင့် ဖြစ်နိုင်ခြေကြားမှ မြန်မာ့ အသွင်ကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ဖြင့်...