မုန်းအခြေစိုက် စစ်တပ်ဂိတ်စခန်း နှစ်ခုကို KNLA ဝင်စီး

မုန်းအခြေစိုက် စစ်တပ်ဂိတ်စခန်း နှစ်ခုကို KNLA ဝင်စီး

ပဲခူးတိုင်း မုန်းမြို့နယ်အခြေစိုက် စစ်တပ်ဂိတ်စခန်း နှစ်ခုကို ဝင်ရောက်စီးနင်းပြီး တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက မေ ၂၅ ရက်နေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေ ၂၂ ရက်နေ့မှာ မုန်းမြို့နယ် ရွာကြီးအင်းနဲ့တောင်စုကျေးရွာကြားမှာ တပ်စွဲထားတဲ့ စစ်တပ်ဂိတ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၃) တပ်ရင်း(၈) က ဝင်ရောက်စီးနင်းခဲ့တာပါ။

ဒါ့အပြင် မေ ၂၃ ရက်နေ့မှာလည်း ဘီဗြဲစခန်းဘေးရှိ ထီးလေးထာနေရာမှာ နေရာယူတပ်စွဲထားတဲ့ စစ်တပ်ဂိတ်စခန်းကို KNLA တပ်မဟာ(၃) တပ်ရင်း(၈)အဖွဲ့က ထပ်မံစီးနင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ခြောက်ဦးထက်မနည်း သေဆုံးပြီး သေနတ် ၁၁ လက်အပါအဝင် ဆက်စပ်ပစ္စည်းတွေကိုလည်း သိမ်းပိုက်ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

KNLA ပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ မေ ၂ ရက်နေ့ကလည်း ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် မီးရထားလမ်း အမှတ် ၁၄၇ တံတားမှာ တပ်စွဲထားတဲ့ စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် မီးရှို့ဖျက်ဆီးထားပါတယ်။

May 25, 2026
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာ စစ်ကော်မရှင်တပ် စစ်ကြောင်း ရုတ်တရက် ဝင်ရောက်လာမှုနဲ့အတူ...
ဓာတ်ပုံ-CJ
May 23, 2026
မွန်ပြည်နယ်မှာ စိုက်ပျိုးရေး ကုန်ကျစရိတ် အဆမတန် ကြီးမြင့်လာမှုနဲ့အတူ အလုပ်သမား အခက်အခဲတွေကြောင့်...
May 22, 2026
မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ ဈေးရောင်းပွဲတော် လာရောက်သူတွေကို စစ်တပ်လက်အောက်ခံတွေက ပေါ်တာဆွဲ...
May 21, 2026
မကွေးတိုင်း ပွင့်ဖြူမြို့နယ် အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ရင်းကနေ အာဏာသိမ်း စစ်တပ်ဘက်ကို...