ပွင့်ဖြူမှာ ဈေးရောင်းပွဲတော်လာတဲ့ လူ ၄၀ နီးပါးကို စစ်တပ် ဖမ်းဆီး

ပွင့်ဖြူမှာ ဈေးရောင်းပွဲတော်လာတဲ့ လူ ၄၀ နီးပါးကို စစ်တပ် ဖမ်းဆီး

မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ ဈေးရောင်းပွဲတော် လာရောက်သူတွေကို စစ်တပ်လက်အောက်ခံတွေက ပေါ်တာဆွဲ ဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေကသံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၁၂ ရက်ကစလို့ ဈေးရောင်းပွဲတော်ကို စတင်ပြုလုပ်တာဖြစ်ပြီး ဈေးပွဲတော်ကို လာရင် မဖမ်းပါဘူးလို့ စစ်တပ်လက်အောက်ခံတွေက လိုက်လံကြေညာထားပေမဲ့ မေ ၁၉ ရက် ညပိုင်းမှာတော့ လူ ၄၀ နီးပါး အဖမ်းခံခဲ့ရတာပါ။

"သူတို့ အုပ်ကြီးတွေနဲ့ စစ်တပ်နီးစပ်တဲ့သူတွေက ဈေးပွဲတော်ကို သွားရင် မဖမ်းဘူး။စည်တယ်ဆိုပြီး ရွာတွေကို လိုက်ပြောတယ်။ အခုတော့ဖမ်းတာ ကားတွေရော၊ လူတွေရောအများကြီးပဲ" လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဈေးပွဲတော် အကြောင်းပြပြီး ဖမ်းဆီးခံရတဲ့ ကားနဲ့ ဆိုင်ကယ် အစီး ၂၀ ကျော်ရှိပြီး လူဦးရေ ၄၀ နီးပါးလောက်ရှိတယ်လို့ ဖမ်းဆီးခံထားရာကနေ လွတ်မြောက်လာသူတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူအများစုဟာ မုန်းချောင်းရဲ့မြောက်ဘက်ခြမ်း ကျေးရွာတွေက အများစုဖြစ်ပြီး ကျောင်းကုန်းကြီးနဲ့ ရွာခိုင်ကျေးရွာတွေက ပျူစောထီးတွေက ဖမ်းဆီးတာဖြစ်တယ်လို့ ပြောပါတယ်။

ဖမ်းဆီးထားသူ တချို့ကို ကျပ်သိန်း ၃၀ ကနေ ၁၄၀ နဲ့ ပြန်လည်ရွေးခဲ့ရပြီး ငွေကြေးမတတ်နိုင်သူတွေကတော့ ပြန်လည် လွတ်မြောက်လာခြင်းမရှိသေးဘူးလို့ သိရပါတယ်။

Most read this week

ဓါတ်ပုံ - MOI
August 10, 2026
ထိုင်း - မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမှုများအပြီး နယ်စပ်ရှိ တော်လှန်ရေး...
August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...