ကလေးမြို့ပေါ်တွင် စစ်မှုထမ်းဖို့အတွက် အဖမ်းအဆီးကြမ်းနေ

ကလေးမြို့ပေါ်တွင် စစ်မှုထမ်းဖို့အတွက် အဖမ်းအဆီးကြမ်းနေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်မှုထမ်းဖို့အတွက် အပြင်သွားလာနေသောလူငယ်များကို အာဏာသိမ်းစစ်တပ်နှင့် ၎င်း၏လက်ပါးစေများက အဖမ်းအဆီးကြမ်းနေသည်ဟု သိရသည်။   

“စစ်မှုထမ်းဆွဲတာတော့ ဒီရက်ပိုင်းမှာ အသကုန်ဆွဲနေတာ။ အရင့်အရင်ထက်ကို တော်တော်လေးကို ဆိုးဝါးလာတာ ပေါ့။ တခြားမြို့တွေမှာ စစ်မှုထမ်းဆွဲတာ လူဦးရေမပြည့်မီတာနဲ့ ရတဲ့မြို့ တွေမှာ ပိုဆွဲ တဲ့ပုံစံမျိုးရှိတယ်။ ပြီးတော့ ဟိုးနေ့ကလည်း သူတို့ရဲ့ စစ်ထောက်ပို့လေယာဉ်နဲ့ ဆွဲထားပြီးတဲ့လူတွေကို တခါတည်းတင် ပေးလိုက်တယ်လို့ ပြော တယ်။ စစ်မှုထမ်းဆွဲတာ အရင်ထက်ကို တော်တော်လေးကို ဆိုးနေတယ်။” ဟု ကလေးမြို့က ဒေသခံတစ်ဦးက ပြောသည်။ 

ကလေးမြို့ဗိုလ်ချုပ်လမ်းမ မင်းကြီးဟိုတယ်ရှေ့အပါအဝင် မြို့၏ အချက်အချာကြသောနေရာများတွင် စစ်တပ်၊ ရဲ၊ ပျူစောထီးအဖွဲ့ဝင်များက စစ်မှုထမ်းရန်အတင်းအဓမ္မလူသစ်စုဆောင်း(ပေါ်တာဆွဲ)နေသည့်အပြင် တချို့တပ်ဖွဲ့ဝင်များ ကလည်း မြို့အနှံ့ပတ်သွားကာ လမ်းများတွေ့သည့် လူငယ်များကိုဖမ်းဆီးလေ့ရှိသည်ဟု သိရသည်။ 

အဖမ်းခံရသည့်လူငယ်များကို ကလေးမြို့ စုပေါင်းရုံးတွင် ချက်ချင်းပို့ဆောင်ကာ ယင်းမှတဆင့် စခန်းကြီးကျေးရွာအနီး အမှတ် (၁၀) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းသို့ စစ်မှုထမ်းသင်တန်းတက်ရန် ပို့လေ့ရှိပြီး၊ တချို့ မှာလည်း စစ်ထောက်ပို့လေယာဉ်ကြုံဖြင့်လည်း အခြားမြို့၊ ဒေသများသို့လည်း ပို့ဆောင်သည်ဟု သိရသည်။ 

ယနေ့မေလ ၂၁ ရက် နံနက်ပိုင်း ၁၁ နာရီကစ၍ ကလေးမြို့ မင်းကြီးဟိုတယ်ရှေ့တွင် အာဏာသိမ်းစစ်တပ်က လူအင်အားအများအပြားဖြင့် အတင်းအဓမ္မလူသစ်စုဆောင်း(ပေါ်တာဆွဲ)နေပြီး ပြည်သူများသတိရှိကာ အဆိုပါနေရာ ဘက်သို့ မသွားကြရန် ကလေးဒေသအခြေစိုက် Voice of Kalay ကဖော်ပြသည်။  

ယခုနောက်ပိုင်းတွင် စစ်မှုထမ်းအတွက် အတင်းအဓမ္မဖမ်းဆီးခံရသူများကို ငွေကြေးဖြင့် ပြန်ရွေးထုတ်လို့မရတော့ဘဲ လူအစားထိုးပေးနိုင်မှသာလျှင် ပြန်လွတ်ပေးသည်ဟု သိရသည်။ 

“ အခုက အဆက်အသွယ်ကောင်းရုံ၊ ငွေရှိရုံနဲ့လည်း ရွေးလို့မရတော့ဘူး၊ ငွေလည်းကုန်မယ် လူလည်းအစားထိုးပေးနိုင် မှ ပြန်ရွေးလို့ရတာ” ဟု ကလေးမြို့ဒေသခံကပြောသည်။  

ကလေးမြို့ပေါ်တွင် စစ်မှုထမ်းအတွက် လူငယ်များအား ဖမ်းဆီးမှု အရှိန်မြင့် လုပ်ဆောင်လာသောကြောင့် ပြည်သူများ လုံခြုံရေးအထူးဂရုစိုက်ရန်လိုအပ်ကြောင်း ကလေးမြို့ လူထု တိုက်ပွဲဦးဆောင်ကော်မ တီက မေလ (၃) ရက်နေ့တွင် သတိပေးထုတ်ပြန်ထားသည်။ 

May 21, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် စစ်ရေးလှုပ်ရှားနေသော ZFU/PDF-Zoland က ကချင်လွတ်လပ်ရေးတပ်မတော်...
May 20, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့ကို အာဏာသိမ်းစစ်တပ်နှင့် ZRA – EC ပူးပေါင်းတပ်များ၏...
May 18, 2026
ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်သိမ်းပိုက်ပြီးနောက် ဖလမ်း- ဟားခါး လမ်းပိုင်း...
May 15, 2026
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အိန္ဒိယ-မြန်မာနယ်စပ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်ရှိသော ကူကီး...