ချင်းပြည်အရေးပေါ် ကာကွယ်ရေး ရန်ပုံငွေ ကျပ် ၃ သိန်းစီ ထည့်ဝင်ကြဖို့တိုက်တွန်း

ချင်းပြည်အရေးပေါ် ကာကွယ်ရေး ရန်ပုံငွေ ကျပ် ၃ သိန်းစီ ထည့်ဝင်ကြဖို့တိုက်တွန်း

ချင်းပြည်အရေးပေါ် ကာကွယ်ရေး ရန်ပုံငွေအတွက် အရှေ့အလယ်ပိုင်းနိုင်ငံများ (Middle East)ကို ရောက်ရှိနေကြတဲ့ ချင်းတော်လှန်ရေး ညီအစ်ကိုမောင်နှမများအနေ တစ်ဦးလျှင် ကျပ် ၃ သိန်းစီ ထည့်ဝင် ပူးပေါင်းကြဖို့   ချင်းပြည်သူ့အစည်းအရုံး (Chin People's Union)က မေလ ၁၈ နေ့မှာ ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။

ပြည်ပရောက် ချင်းလူမျိုးတစ်ဦးက " ဒီနိုင်ငံပြင်ပ ရောက်နေတဲ့ ချင်းလူမျိုးတွေအနေနဲ့ အခုလို အချိန်ခါမှာ ကိုယ့်ဒေသ၊ ကိုယ်လူမျိုးအတွက် တတ်နိုင်သလောက် ပါဝင်သင့်ပါတယ်၊ အခုက စစ်ရေးအခြေအနေတွေကလည်း တဖြည်းဖြည်း တင်းမာမှုတွေ ရှိလာနေတဲ့ချိန်ဆိုတော့ မြေပြင်တော်လှန်ရေးအဖွဲ့တွေနဲ့ တသားတည်းရှိတယ်ဆိုတာ ပြသဖို့ သူတို့အတွက် ခွန်အားဖြင့်ဖို့ လိုအပ်နေချိန်လည်း ဖြစ်တယ် ပါဝင်ကြဖို့ကိုလည်း မေတ္တာရပ်ခံချင်ပါတယ်” လို့ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ (၁၀) ရက်နေ့က ပြုလုပ်ခဲ့တဲ့  ချင်းပြည်သူ့အစည်းအရုံး ကိုယ်စားလှယ်များနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများရှိ ချင်းတော်လှန်ရေး ညီအစ်ကိုမောင်နှမများ တွေ့ဆုံခဲ့တဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ချင်းပြည်အရေးပေါ် ကာကွယ်ရေးရန်ပုံငွေအတွက် ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းရတာဖြစ်တယ်လို့ဆိုပါတယ်။

အဆိုပါအစည်းအဝေး ဆုံးဖြတ်ချက်အရ အရှေ့အလယ်ပိုင်းဒေသရောက် ချင်းမိသားစုဝင်များအနေနဲ့  ဘိုးဘွားပိုင် အမိမြေကို ကာကွယ်စောင့်ရှောက်ရန်နှင့် မြေပြင်ရှိ တော်လှန်ရေးရဲဘော်၊ ရဲဘက်များနဲ့အတူ တသားတည်း ရပ်တည်ကြောင်း ပြသတဲ့အနေနဲ့ တဦးကိုမြန်မာငွေ ကျပ် ၃၀၀,၀၀၀ သိန်းစီ ထည့်ဝင်ကာ အင်အားဖြည့်တင်းပေးကြဖို့ တိုက်တွန်းနှိုးဆော်ထား ထားတာဖြစ်ပါတယ်။

ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) ကို ချင်းညီနောင်အဖွဲ့ဝင်များဖြင့်ကြတဲ့ မင်းတပ်မြို့နယ်တော်လှန်ရေးဦးဆောင် ကော်မတီ/ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့/ ချင်းကာကွယ်ရေးတပ်ဖွဲ့- မင်းတပ်၊ မတူပီတော်လှန်ရေး အဖွဲ့ချုပ်/ ချင်းကာကွယ်ရေးတပ်ဖွဲ့- မတူပီ နှင့် ကန်ပက်လက်မြို့နယ်ကောင်စီ/ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့/ ချင်းကာကွယ်ရေးတပ်ဖွဲ့- ကန်ပက်လက် တို့အပြင် ဒိုင်ရ်ဒေသန္တရကောင်စီ/ ချင်းကာကွယ်ရေးတပ်ဖွဲ့ – ဒိုင်ရ် တို့ကို စုစည်းပြီး ဒေသတွင်း နိုင်ငံရေးစစ်ရေး ဦးဆောင်မှုပေးရန်အတွက် ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

May 19, 2026
ချင်းပြည်နယ်တောင်ပိုင်းနဲ့ မကွေးတိုင်းအစပ်ဒေသတွေဖြစ်တဲ့ ကန်ပက်လက်၊ ကျောက်၊ ဆော နယ်အတွင်း...
May 18, 2026
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အခြေစိုက် CDF – Hakha တပ်ဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး...
May 16, 2026
ကလေးမြို့၊ ကလေးအကျဉ်းထောင် (မော်လိုက်ကလေးအကျဉ်းထောင်) ရှိ နိုင်ငံရေးအကျဉ်းသား ၂၀၀ ခန့်ဟာ “...
May 15, 2026
အိန္ဒိယ - မြန်မာနယ်စပ်  ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိဒ်ခေါဒါရ်မြို့ကို စစ်ကောင်စီက...