မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းမကြီးကို စစ်တပ်ပြန်ထိန်းချုပ်

မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းမကြီးကို စစ်တပ်ပြန်ထိန်းချုပ်

မန္တလေး-မြစ်ကြီးနား ဗျူဟာလမ်းမကြီးကို စစ်တပ်က အပြည့်အဝထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း မေလ ၆ ရက်နေ့မှာ ကြေညာကြောင်း မြန်မာ့အလင်းသတင်းစာက ဖော်ပြပါတယ်။ 

မေလ ၅ ရက်နေ့မှာ မန္တလေး-မြစ်ကြီးနားလမ်းပိုင်းပေါ်မှာရှိတဲ့ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မတ္တရာ၊ သပိတ်ကျင်း၊ တကောင်း၊ ထီးချိုင့်၊ ကသာ ၊အင်းတော်၊ မော်လူး မြို့တွေကို ပြန်လည်ထိန်းချုပ်လိုက်နိုင် တာကြောင့် လမ်းပိုင်းကို အပြည့်အဝထိန်းချုပ်ကြောင်း ဆိုပါတယ်။ 

မေလ ၅ ရက်နေ့မှာ မော်လူးမြို့ကို ထိန်းချုပ်လိုက်ပြီးနောက် စစ်ကိုင်း-ကချင်နယ်စပ်ဒေသလမ်းပိုင်းတွေပွင့်လာခဲ့တာပါ။ 

စစ်ဆင်ရေးကာလ ၁ နှစ်နဲ့ ၃ လကျော်ကြာမြင့်ခဲ့ပြီး တိုက်ပွဲပေါင်း ၃၂၂ ကြိမ်ဖြစ်ပွားခဲ့ကာ တော်လှန်ရေးတပ်များမှ အလောင်း ၁၃၈ လောင်း၊ လက်နက်မျိုးစုံ ၃၃၂ လက်၊ ခဲယမ်းများနဲ့ ဆက်စပ်ပစ္စည်းကို ရရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ တိုက်ပွဲဖြစ်ပွားရာ ဒေသက မြို့၊ ရွာဆက်သွယ်ရေးလမ်းကြောင်းများကိုလည်း စစ်တပ်က ပြန်လည်ပြန်လှစ်ပေးခဲ့ပြီး ခရီးသွားယာဉ်များပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်းနဲ့ ကုန်စည်စီးဆင်းမှုကို မြန်ဆန်စေမှာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့တာပါ။

သို့ပေမယ့်လည်း မန္တလေး-ထီးချိုင့်-မြစ်ကြီးနားလမ်းပိုင်းကို အသုံးပြုသူနည်းပါးသေးပြီး မန္တလေး-ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းကိုသာ အဓိကထားအသုံးပြုနေဆဲဖြစ်တယ်လို့ ယာဉ်မောင်းတွေထံကနေ စုံစမ်းသိရှိရပါတယ်။ 

ထီးချိုင့်-မန္တလေး လမ်းပိုင်းအားလုံးကို စစ်ကော်မရှင်တပ်တွေဟာ ပြီးခဲ့တဲ့ မတ်လ(၂၅)ရက်ကစလို့ အပြည့်အဝ ထိန်းချုပ်ထားလိုက်ပြီးနောက် တစ်လအကြာမှာပဲ ကသာ၊ အင်းတော်၊ မော်လူးမြို့တွေကို ဆက်တိုက်ထိန်းချုပ်ခဲ့တာပါ။ 

၂၀၂၁-၂၀၂၃ ခုနှစ်အထိ မန္တလေး-မြစ်ကြီးနား ခရီးသွားလာမှုနဲ့ ကုန်စည်စီးဆင်းမှုအတွက် အဓိကအသုံးပြုခဲ့တဲ့ လမ်းပိုင်းဟာ   ညီနောင်မဟာမိတ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာ မန္တလေး-ထီးချိုင့်-မြစ်ကြီးနားလမ်းပိုင်းတွေအားလုံးနီးပါးကို PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက စိုးမိုးထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။  

လမ်းပိုင်းပိတ်ဆို့မှုတွေကြောင့် စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေမှာ ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်ကို ကြုံနေကြရတာလည်းဖြစ်ပြီး လမ်းပိုင်းတွေပြန်ဖွင့်ပေးဖို့ ဒေသခံတွေက အမြဲတောင်းဆိုနေခဲ့ကြတာလည်းဖြစ်ပါတယ်။

Most read this week

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...