တိုက်ပွဲကြောင့် အရေးပေါ်ထွက်ပြေးလာရသူတွေ စားနပ်ရိက္ခာလိုနေ

တိုက်ပွဲကြောင့် အရေးပေါ်ထွက်ပြေးလာရသူတွေ စားနပ်ရိက္ခာလိုနေ

ဖလမ်း - ဟားခါး ကြားမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အရေးပေါ် ထွက်ပြေးတိမ်းရှောင်လာရတဲ့ ဒေသခံတွေအတွက် အခြေခံစားနပ်ရိက္ခာတွေ လိုအပ်နေကြပြီး ကူညီပေးကြရန် ဟားခါးမြို့က Carson Baptist Church အသင်းတော်က မေလ ၆ ရက်နေ့မှာ ၎င်းတို့ အသင်းသူအသင်းသားတွေကို အသိပေးထုတ်ပြန်ထားတာတွေ့ရပါတယ်။

တိုက်ပွဲတွေကြောင့် ဖလမ်း - ဟားခါးကြားက ဒေသခံတွေဟာ ၎င်းတို့ရဲ့ နေအိမ်တွေကနေ ဟားခါးမြို့ပေါ်ကို အရေးပေါ် ထွက်ပြေးတိမ်းရှောင်လာကြရတာဖြစ်ပြီး အလျင်အမြန် ထွက်ပြေးလာရသူတွေဖြစ်တာကြောင့် လိုအပ်တဲ့ ပစ္စည်းတွေ လုံလောက်စွာ ယူဆောင်လာနိုင်ခြင်း မရှိကြဘူးလို့ ဆိုပါတယ်။

ဒါကြောင့် ငွေကြေးအားဖြင့် ဖြစ်စေ၊ အိပ်ရာခင်းအဝတ်အစားတွေ စားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား စတဲ့ လူနေမှုဘဝအတွက် လိုအပ်တဲ့ အရာတွေအားလုံးကို ကလေးကနေ လူကြီးအထိ ကူညီထောက်ပံံ့ပေးဖို့ လိုအပ်နေကြတယ်လို့ Carson Baptist Church အသင်းတော်က ဆိုပါတယ်။

ကူညီပံ့ပိုးပေးနိုင်သူတွေအနေဖြင့် မေလ ၇ ရက်နေ့ကစလို့ ရုံးခန်းမှာ လာရောက်ပေးအပ်တဲ့ကြောင်းကိုလည်း အသိပေးထားပြီး ညီအစ်ကို မောင်နှမအတွက် မေတ္တာနှင့်အတူ ပါဝင်ကူညီပေးကြဖို့ကိုလည်း သခင်ခရစ်တော်နာမတော်ဖြင့် မေတ္တာရပ်ခံအပ်တယ်လို့ Carson Baptist Church အသင်းတော်က အသိပေးထုတ်ပြန်ထားပါတယ်။

ဖလမ်းမြို့ကို စစ်ကောင်စီတပ်ဖွဲ့က ဧပြီလ ၂၅ ရက်နေ့မှာ ပြန်လည် သိမ်းပိုက်ခဲ့ပြီးနောက် ဖလမ်း -ဟားခါးလမ်းကိုလည်း စိုးမိုး ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်နေတာကြောင့် ချင်းလက်နက်ကိုင်ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့အကြား နှစ်ဘက်တိုက်ပွဲတွေ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

Most read this week

July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...
July 18, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့၌ စစ်တပ်က ဌာနဆိုင်ရာဝန်ထမ်း...
July 15, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် မြေအရောင်းအဝယ်ပြုလုပ်ရာ၌ ပိုင်ဆိုင်မှုအထောက်အထား...