တနင်္သာရီတွင် လေယာဉ်ကွင်းဆောက်ရန် လူထု မြေများ သိမ်းယူ

တနင်္သာရီတွင် လေယာဉ်ကွင်းဆောက်ရန် လူထု မြေများ သိမ်းယူ

တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က အဓမ္မသိမ်းယူနေသည်ဟု ဒေသခံများက ပြောသည်။

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာရှိ အမှတ် (၅၆၁) ခြေမြန်တပ်ရင်းအရှေ့ဘက်တွင် ရဟတ် ယာဉ်ကွင်းတည်ဆောက်ရန်အတွက်ဟုဆိုကာ ဒေသခံရွာသား ၁၅ ဦး ပိုင်ဆိုင်သည့် လယ်ယာမြေများ၊ ခြံများနှင့် နေအိမ်များကို စစ်ကတပ်က အဓမ္မသိမ်းယူလျက်ရှိကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့မှစတင်ကာ စစ်တပ်သည် ကြိုတင်အကြောင်းကြားခြင်းမျိုး မရှိဘဲ ညောင်ပင်ကွင်း ရွာသားများ၏ မြေနေရာများကို သိမ်းယူခဲ့ပြီး မြေတူးစက်များဖြင့် နေအိမ်များကို ဖြိုဖျက်ကာ မြေညှိခြင်း လုပ်ငန်းများ လုပ်ဆောင်နေခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ အသက် ၅၀ ခန့်အရွယ် ရွာသားတစ်ဦးက “လမ်းကို ပေးမသွားခိုင်းတော့ဘဲ ပိတ်ပစ်ထားတယ်၊ ဘက်ဟိုးတွေနဲ့ အိမ် ၂ ဆောင်ကို ဖျက်တယ်၊ မြေကြီးတွေလည်း အကုန်လုံး တူးဆွပစ်နေတယ်။ မြင်ရတာ စိတ်မကောင်းတောင် မကောင်းဘူး။ အိမ်ရှင် မြေရှင်တွေ ငိုတဲ့သူတွေ ငိုကုန်တယ်” ဟု ပြောသည်။

အဆိုပါ ရဟတ်ယာဉ်ကွင်းကို အနံ ၁၅၀ ပေနှင့် အလျား ၃,၀၀၀ ပေအထိ ကျယ်ဝန်းစွာ ဖော်ဆောင်သွားရန် စီစဉ်နေခြင်းဖြစ်ကြောင်း ရွာသားများက ဆိုသည်။ 

လက်ရှိတွင် တနင်္သာရီမြို့နယ်အတွင်းရှိ ဘန်လောကျေးရွာနှင့် ၆ မိုင်ကျေးရွာတို့တွင် စစ်တပ်နှင့် ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။

ထို့ပြင် ဧပြီလ ၂၈ ရက်နေ့၊ ညပိုင်းကလည်း အမှတ် (၅၆၁) ခြေမြန်တပ်ရင်းမှ သကျက်ကျေးရွာဘက်သို့ လက်နက်ကြီး ၉ လုံးခန့် ပစ်ခတ်ခဲ့သဖြင့် နယ်မြေအတွင်း စစ်ရေးတင်းမာနေဆဲ ဖြစ်သည်။

Most read this week

August 11, 2026
ဧရာဝတီတိုင်းအတွင်း ပြည်သူများ ရေဘေးဒဏ်ကို ဆိုးဝါးစွာ ရင်ဆိုင်နေရချိန်တွင် ရေကြည်နှင့် သာပေါင်း...
August 11, 2026
ကချင်ပြည်၊ တနိုင်းမြို့နယ်ရှိ မင်းဇေသန့် ပြည်သူ့စစ်သင်တန်းကွင်း တိုက်ခိုက်ခံရပြီးနောက်...
August 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင်း၌ စစ်တပ်က ရေရှည်မြို့စောင့် ခံစစ်အတွက် ပြင်ဆင်လျက်ရှိပြီး...
August 10, 2026
မကွေးတိုင်း ငဖဲမြို့နယ် နတ်ရေကန်နှင့် ရခိုင်ပြည် နယ်စပ်တွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး...