မြစ်ဆုံဆည်ကြံ့ခိုင်မှုကို ဂြိုလ်တုနဲ့ချိန်ဆက်တဲ့ အာရုံခံကိရိယာတွေ တပ်ဆင်မည်

မြစ်ဆုံဆည်ကြံ့ခိုင်မှုကို ဂြိုလ်တုနဲ့ချိန်ဆက်တဲ့ အာရုံခံကိရိယာတွေ တပ်ဆင်မည်

ကချင်ပြည်နယ်က ဧရာဝတီမြစ်ဆုံ-မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းကို တမံအရွယ်အစားနဲ့ ဆည်ရဲ့ ကြံ့ခိုင်မှုကို ဂြိုလ်တုနဲ့ ချိတ်ဆက်ပြီး အာရုံခံကိရိယာများဖြင့် ၂၄ နာရီပတ်လုံး (Reel Time Monitoring System) စနစ်နဲ့ စောင့်ကြည့်လုပ် ဆောင်သွားမယ်လို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြောဆိုလာပါတယ်။

၁၄ ကြိမ်မြောက် စီမံကိန်း ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်မှာ မြစ်ကြီးနားမြို့ ၊ ဧရာရပ်ကွက် မိုးလုံလေလုံအားကစားခန်းမမှာ ပြုလုပ်တဲ့ အစည်းအဝေးပွဲကနေ ပြောခဲ့တာလည်းဖြစ်ပါတယ်။

ကချင်ပြည်နယ်အတွင်း လျှပ်စစ်မီး လိုအပ်ချက်နဲ့ဒေသဖွံ့ဖြိုးရေးအတွက် အရေးပါတဲ့တွေ့ဆုံမှုတစ်ခုဖြစ်ကြောင်းနဲ့ လျှပ်စစ်မီးရရှိဖို့ တစ်ခုထဲသာမဟုတ်ပဲ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှု၊ လူနေမှုအဆင့်အတန်းမြင့်မားလာပြီး အလုပ်အကိုင်အခွင့်အလမ်းရရှိမှုတွေပါလာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဦးခက်ထိန်နန် နဲ့ နိုင်ငံတော်အကြံပေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူတို့ဟာ မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ခဲ့သူတွေလည်းဖြစ်ပါတယ်။

သူက “ ဒေသခံပြည်သူလူထုများက လက်မခံပါက စီမံကိန်းအောင်မြင်နိုင်မှာ မဟုတ်‌ကြောင်း” ကိုလည်း အဲ့ဒီတွေ့ဆုံပွဲမှာဆိုခဲ့ပါတယ်။

မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ဖို့ ပညာရှင်များနဲ့ ဒေသခံပြည်သူများပါဝင်တဲ့ ဆွေးနွေးပွဲတွေကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး ယခုတွေ့ဆုံမှုအပါအ၀င် ၁၄ ကြိမ်ရှိခဲ့ပြီးဖြစ်ပါတယ်။

ဆည်တည်ဆောက်ရာမှာ ငလျင်ပြင်းအား ၈ မဂ္ဂနီကျူ့ ဒဏ်ခံနိုင်ရည်ရှိတဲ့ ပုံစံနဲ့ တည်ဆောက်သွားမှာဖြစ်ပြီး စီမံကိန်းကာလ ၅ နှစ်မှ ၁၀ နှစ်ခန့်အထိ ကြာမြင့်နိုင်တယ်လို့ သိရပါတယ်။

လတ်တလောမှာ ဧပြီ ၁၈ နေ့မှစပြီး (၂ )ပတ်အတွင်း ချီဖွေငယ်ရေအားလျှပ်စစ်စက်ရုံပြုပြင်နေမှုကြောင့် မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်၊ နမ္မား စတဲ့မြို့တွေမှာ ဓာတ်အားဖြတ်တောက်ထားကာ ဒေသတွင်းမှာ သောက်သုံးရေအခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။

April 29, 2026
မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသအတွင်းက တောင်သူတွေဟာ စပါးစိုက်ပျိုးဖို့အတွက်...
ရပ်နားထားရတဲ့ မိုးညှင်းဘူတာကို ၂၀၂၅ ခုနှစ်ကုန်ပိုင်း မြင်ကွင်း/ShanNi Voice
April 28, 2026
ကချင်ပြည်နယ်အတွင်းရှိ ၂၀၂၁ ခုနှစ်ကနေ ငါးနှစ်အကြာပိတ်ထားတဲ့ မိုးညှင်းမြို့မှ မြစ်ကြီးနားမြို့အထိ...
April 25, 2026
စစ်ကိုင်းတိုင်း၊ဗန်းမောက်မြို့နယ်ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က PDF တပ်ဖွဲ့ဝင်ထားပြီး...
April 24, 2026
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း စစ်ကော်မရှင်စစ်ကြောင်းများဝင်ရောက်နေမှုကို...