ဆရာဝန်အယောင်ဆောင် ဆေးကုနေသူများကို AA ရဲတပ်ဖွဲ့ အရေးယူနေ

ဆရာဝန်အယောင်ဆောင် ဆေးကုနေသူများကို AA ရဲတပ်ဖွဲ့ အရေးယူနေ

အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန် အယောင်ဆောင်များနှင့် လိုင်စင်မဲ့ ဆေးရောင်းချမှုများကို အာရက္ခတပ်တော် ရဲတပ်ဖွဲ့ ဒီလပ်က စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

အာရက္ခမှုခင်းနှင့် ဆက်စပ်သတင်းများထုတ်ပြန်ရေးအဖွဲ့(ဒီလပ်) ၏ ဧပြီ ၂ ရက်နေ့ထုတ်ပြန်ချက်အရ ပေါက်တောမြို့၊ ဘဝမ်းရပ်ကွက်ရှိ "ငြိမ်း" အမည်ဖြင့် ဆေးခန်းဖွင့်လှစ်ထားသည့် ဦးမောင်သန်းဦးနှင့် ကျောက်တော်မြို့နယ်၊ သာစည်ရွာတွင်"ရွှေနဒီ"အမည်ဖြင့် ဆေးခန်းဖွင့်ထားသည့် ဦးမြတ်မင်းသူတို့ကို စစ်ဆေးဖော်ထုတ်ခဲ့ကြောင်း သိရသည်။

ဧပြီလ ၂ ရက်က DLEPS နှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဌာနများ အပါအဝင် ဌာနဆိုင်ရာများ ပူးပေါင်း ဖော်ထုတ်ကာ ကွင်းဆင်းစစ်ရေးရာတွင် မှန်ကန်ကြောင်း တွေ့ရှိရသဖြင့် ၎င်းတို့ တရားမဝင် ဖွင့်လှစ်ထားသည့် ဆေးခန်းများကို ချက်ချင်းပိတ်သိမ်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် နောက်နောင် ယင်းလုပ်ရပ်မျိုး ထပ်မံမကျူးလွန်စေရန် ခံဝန်ကတိလက်မှတ် ရေးထိုးစေခဲ့ပြီး ကတိကဝတ်ကို ဖောက်ဖျက်ပါက တည်ဆဲ ဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

“ ဒီကာလမှာက ဆေးရုံဆေးခန်းခတွေ ဈေးကြီးတော့ အကုန်အကျနည်းတဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူသူတွေ အများကြီးရှိတာပေါ့။ ကျေးလက်တွေမှာဆို ရွာတိုင်းလိုလို ရမ်းကုတွေ ရှိတယ်။ အရင် ရမ်းကုတွေက တိုင်းရင်းဆေးနဲ့ ကုတာများတယ်။ နောက်ပိုင်း ပိုက်ဆံနည်းနည်းရှိလာရင် ဆေးဆိုင်နဲ့ ဆေးခန်းတွေပါ ဖွင့်ပြီး ဆရာဝန်ပုံစံလိုလို ပြောင်းလဲလာကြတာတွေ ရှိတယ်။ ဒါတွေကြောင့် ရမ်းကုသမှုတွေ၊ ဆေးဝါးရောင်းချသူတွေကို လိုင်စင်မှတ်ပုံတင် ရှိ/မရှိ သေသေချာချာ စစ်ဆေးသင့်တယ် ” ဟု ရသေ့တောင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ယခုနှစ် အစောပိုင်းကတည်းက အာရက္ခတပ်တော် ထိန်းချုပ်ဒေသများအတွင်း ဆေးဝါးတင်သွင်း ရောင်းချသူများ၊ ဆေးဝါးကုသပေးနေသူများ ဆေးဝါးရောင်းချခွင့်နှင့် တင်သွင်းခွင့်လိုင်စင် မဖြစ်မနေ လျှောက်ထားကြရန် အာရက္ခ ကျန်းမာရေးဌာန လက်အောက်ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဌာန (FDA) က ကြေညာထားသည်။

ဒေသတွင်း ဆေးဆိုင်များ၊ ဆေးကုသပေးနေသူများနှင့် ဆေးစပ်ရောင်းချနေသူများအနေဖြင့် ဆေးဝါး ရောင်းချခွင့် လိုင်စင်၊ တင်သွင်းခွင့် ထောက်ခံချက်၊ မှတ်ပုံတင်ကတ်တို့ကို လျှောက်ထားရန် ကြေညာထားခြင်းဖြစ်သည်။

ဆေးဝါးလိုင်စင် ပြုလုပ်ပေးရခြင်းမှာ ဒေသတွင်း မတရားမဝင် ဆေးဝါးများနှင့် ရမ်းကုသမှုများ ပပျောက်စေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ကျန်းမာရေးအသိုင်းအဝိုင်းထံမှ သိရသည်။

“ ရမ်းကုတွေကို စိစစ်ကြပ်မတ်သင့်တယ်။ ဘာလို့ဆိုရင် သူတို့က သူတို့ တတ်မှတ်သလောက်ပဲ ရောဂါတွေကို ကုလိုက်တာ။ တချို့လူနာတွေဆို ပိုဆိုးသွားတာ ရှိသလို တစ်ချို့ဆိုလည်း အဆင်ပြေတာတွေ ရှိပေမယ့် စိတ်မချရဘူး။ ရောဂါအခြေအနေကို အသေအချာမသိဘဲ ကုသတာတွေက နောက်ဆက်တွဲ ဆိုးကျိုးက သက်ရောက်မှုကြီးတယ်” ဟု ရခိုင်ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိ ရခိုင်ဒေသအတွင်း အာရက္ခပြည်သူ့ ကျန်းမာရေးဌာနမှ အာရက္ခပြည်သူများ၏ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းသည့် ကျန်းမားရေးစောင့်ရှောက် ရရှိရေးအတွက် အယောင်ဆောင် ဆေးကုသမှုများကို ကြပ်မတ်ဆောင်ရွက်လျက် ရှိသည်။

ယင်းအပြင် ရခိုင်ဒေသအတွင်း ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် အလှမ်းဝေးနေသည့် နေရာများနှင့် ကျေးလက်များတွင် အခမဲ့ဆေးခန်းများ ဖွင့်လှစ်ပေးနိုင်ရန် ဒေသခံများ လိုလားနေကြသည်။

“ အာရက္ခတပ်တော်က မလိုလားအပ်တဲ့ ကျန်းမာရေး ဆိုးကျိုးတွေ မဖြစ်အောင် တားဆီးတာဆိုပေမယ့် တချို့ ကျေးလက်ဒေသနေရာတွေမှာ ရွာဆေးပေးခန်းတွေ မရှိဘဲ ရမ်းကုတွေကို အားထားရတာတွေလည်း ရှိတယ်။ ဒါကြောင့် သူတို့ကို စစ်ဆေးတဲ့အခါမှာလည်း သေချာစိစစ်ပြီး ခွင့်ပြုလို့ရတဲ့ အနေအထားဆိုရင် ခွင့်ပြုပေးသင့်တယ်လို့ မြင်တယ် ” ဟု မောင်တောဒေသခံအမျိုးသားတစ်ဦး က ပြောသည်။

လက်ရှိတွင် အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရအနေဖြင့် ရခိုင်ဒေသခံများ ကျန်းမာရေးဝန်ဆောင်မှုများ အလွယ်တကူ လက်လှမ်းမီစေရန်အတွက်လည်း ကျန်းမာရေးဝန်ထမ်းများကို စနစ်တကျ လေ့ကျင့်ပျိုးထောင်ခြင်း၊ လိုအပ်သည့် ဆေးရုံဆေးခန်း စက်ပစ္စည်းကိရိယာများ ဖြည့်တင်းခြင်းများကို ဆောင်ရွက်လျက်ကြောင်း သိရသည်။

ထို့အတူ ပြည်သူများအနေဖြင့်လည်း ကျန်းမာရေးကိစ္စများအတွက် တရားဝင်ခွင့်ပြုချက်ရှိသည့် ဆရာဝန်များ ဖွင့်လှစ်ထားသည့် ဆေးခန်းများတွင် ယုံကြည်စိတ်ချစွာ ဆေးကုသမှုခံယူရန် တိုက်တွန်းနှိုးဆော်ထားသည်။

ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...