မွန်မှာ တက္ကသိုလ်ဝင်စာမေးပွဲပြီးနောက် လောင်းကစားဝိုင်းတွေ ပြန်ခွင့်ပြု

မွန်မှာ တက္ကသိုလ်ဝင်စာမေးပွဲပြီးနောက် လောင်းကစားဝိုင်းတွေ ပြန်ခွင့်ပြု
ဓာတ်ပုံ-CJ
ဓာတ်ပုံ-CJ

မွန်ပြည်နယ်မှာ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲပြီးနောက် စစ်ကော်မရှင် လက်အောက်ခံ မွန်ပြည်နယ်အစိုးရအဖွဲ့က လောင်းကစားဝိုင်းတွေကို အကြီးအကျယ် ပြန်ခွင့်ပြုနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်ဟာ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က စတင်ကျင်းပခဲ့တာ ဖြစ်ပြီး မတ်လ ၁၇ ရက်နေ့မှာတော့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။

မွန်ပြည်နယ် စစ်ကော်မရှင်ဟာ ပွဲလမ်းသဘင်နဲ့ လောင်းကစားဝိုင်းတွေကို စာမေးပွဲ ဖြေဆိုစဉ် ကာလအတွင်း ယာယီ ရပ်နားခိုင်းထားပေမယ့် တက္ကသိုလ်ဝင်တန်း စာမေးပွဲပြီးတဲ့ မတ်လ ၁၇ ရက်နေ့ ညမှာပဲ လောင်းကစားဝိုင်းတွေကို ပြန်လည် ပြုလုပ်ခွင့်ပေးခဲ့တာပါ။

ဒေသခံ လူငယ်တစ်ဦးကတော့ လောင်းကစားဝိုင်းတွေ ပြန်ခွင့်ပြုလိုက်တာကြောင့် လူငယ်တွေ ပိုမိုပျက်စီးလာနိုင်ပြီး ခိုးဆိုးလုနှိုက်မှုတွေ ပိုများလာနိုင်တယ်လို့ ပြောပါတယ်။

“အဓိက လောင်းကစားဝိုင်း လာရင် ခိုးဆိုးလုနှိုက်တွေ တွဲပါလာတာပဲ။ ဒီလောင်းကစား ရှုံးရင် မဖြစ်သင့်တာတွေ ဖြစ်မယ်။ မလုပ်တက်တာတွေ လုပ်လာခဲ့မယ်။ တချို့ လူငယ်တွေက ဒီလောင်းကစား အားသန်တဲ့ လူငယ်ဆို အဲဒီဘက်ကို ရောက်သွားမယ်။ လောင်းကစား သွားပေးတော့ လောင်းကစား အားပေးလိုက်ရင် လူငယ်က နဂိုကတည်းကလည်း အဆင်မပြေဘူးဆိုရင် ပိုပြီးတော့ ပျက်စီးသွားမယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိ ကျောင်းပိတ်ကာလဖြစ်တာကြောင့် ကလေးသူငယ် အပါအဝင် လူငယ်တွေ အားလပ်နေတဲ့အချိန်မှာ ဒီလို အကျိုးမရှိတဲ့ လောင်းကစားဝိုင်း တွေခွင့်ပြု လိုက်တဲ့အတွက် စိတ်လေပြီး အကျင့် စာရိတ္တတွေပါ ပိုမို ပျက်စီးလာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

တဖက်မှာလည်း မွန်ပြည်နယ် စစ်ကော်မရှင်ဟာ အစိုးရသစ် မဖွဲ့ခင် သူတို့ လက်အောက်ခံ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို လောင်းကစားဝိုင်းတွေ ပြုလုပ်နိုင်ဖို့အတွက် စာမေးပွဲတွေ မဖြေခင် ကာလကတည်းက ပွဲပါမစ်တွေ တောက်လျှောက်ချပေးခဲ့တာပါ။

ဒေသတွင်းမှာတော့ လောင်းကစားဝိုင်းတွေဟာ ဘုရားပွဲတွေ၊ ဆွမ်းကြီးလောင်းပွဲတွေ၊ ကထိန်ပွဲတွေ၊ ရာသီအလိုက် ပွဲတော်တွေအပြင် အကြောင်းအမျိုးမျိုး ပြပြီး ပြုလုပ်တဲ့ ပျော်ပွဲ ရွှင်ပွဲတွေကအစ ခွင့်ပြုပေးနေတာ ဖြစ်ပါတယ်။

လောင်းကစားဝိုင်းတွေကနေ ရရှိလာတဲ့ ဝင်ငွေတွေကိုတော့ စစ်ကော်မရှင်ခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် အပါအဝင် တာဝန်ရှိသူ အဆင့်ဆင့် ခွဲဝေယူ ကြသလို အရှေ့တောင်တိုင်း စစ်ဌာနချုပ် ထိပ်ပိုင်း အကြီးအကဲတွေကိုလည်း ခွဲဝေပေးရတယ်လို့ သိရပါတယ်။

မွန်ပြည်နယ်မှာတော့ တရားဝင် သဖွယ် ခွင့်ပြုထားတဲ့ လောင်းကစားဝိုင်းတွေကြောင့် ဒေသတွင်းမှာ မကြာခဏ ဆိုသလို ဆိုင်ကယ် ခိုးမှုတွေ၊ ခိုးဆိုးလုနှိုက်မှုတွေ အပြင် အရွယ်မရောက်သေးတဲ့ ကျောင်းသား၊လူငယ်တွေကအစ အကျင့် စာရိတ္တ ပျက်စီးမှုတွေပါ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ - Social Media
April 9, 2026
မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ စစ်ကော်ရှင်တပ်က အင်အားအလုံးရင်းနဲ့ စစ်ကြောင်းထိုးလာလို့ ဒေသခံ...
April 8, 2026
မွန်ပြည်နယ် ရေးမြို့နယ်ရှိ စစ်ကော်မရှင်တပ်ရဲ့ ကာကင်းစခန်း နှစ်ခုကို...
April 7, 2026
ပြန်လည်ဖွင့်လှစ်လိုက်တဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းတစ်လျှောက်မှာ နေရာယူတပ်စွဲထားတဲ့...
ဓာတ်ပုံ-MOI
April 4, 2026
တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့အထိ ဖွဲ့စည်းထားတဲ့ လွှတ်တော် ရေးရာ...