ZRA-EC တပ်ဖွဲ့ စစ်ကော်မရှင်နှင့် ပေါ်ပေါ်တင်တင်ပူးပေါင်းလာ

ZRA-EC တပ်ဖွဲ့ စစ်ကော်မရှင်နှင့် ပေါ်ပေါ်တင်တင်ပူးပေါင်းလာ

ချင်းပြည်နယ်၊ တွန်ဇံမြို့နယ်တွင် လှုပ်ရှားနေသော Zomi Revolutionary Army- Eastern Command (ZRA-EC) သည် စစ်ကော်မရှင်တပ်နှင့် ပူးပေါင်းကာ စစ်ရေး၊ နိုင်ငံရေး လုပ်ငန်းစဉ်များကို ပေါ်ပေါ်တင်တင် လုပ်ဆောင်နေပြီဟု Zomi Federal Union (ZFU) / PDF-Zoland က ယမန်နေ့ မတ်လ ၁၅ ရက်နေ့တွင်  သတင်းထုတ်ပြန်သည်။

ယခင်က ZRA-EC သည် စစ်ကော်မရှင်နှင့် လျှို့ဝှက်စွာ ဆက်သွယ်ခြင်း၊ လက်နက်ခဲယမ်း အကူအညီရယူခြင်းများ ရှိခဲ့သော်လည်း ယခုအခါ စစ်ကော်မရှင်၏ လက်အောက်ခံအဖြစ် ပူးပေါင်းဆောင်ရွက်မှုမှာ ပိုမိုထင်ရှားလာကြောင်း သိရသည်။

PDF-Zoland မှ တာဝန်ရှိသူတစ်ဦးက "သူတို့က နဂိုတည်းက စစ်ကော်မရှင်နဲ့ အတူပူးပေါင်းပြီးသား ဖြစ်ပါတယ်။ အရင်ကတော့ လျှို့ဝှက်ပြီးဖြစ်စေ၊ လက်နက်ခဲယမ်းထောက်ပံ့တာဖြစ်စေ ပေါ်ပေါ်တင်တင် မဟုတ်ဘဲ လက်တွဲ လုပ်ဆောင်တာတွေ ရှိခဲ့တယ်။ အခုတော့ တီးတိန်မြို့ ခလရ ၂၆၉ မှာ အတူနေထိုင်တာ၊ စစ်ကော်မရှင်ရဲ့ ယူနီဖောင်းဝတ်ပြီး အတူသွားလာလှုပ်ရှားတာတွေအထိ အထင်အရှား တွေ့ရလို့ ပြည်သူတွေသိအောင် ထုတ်ပြန်ရခြင်းဖြစ်တယ်" ဟု ပြောကြားသည်။

PDF-Zoland ၏ ထုတ်ပြန်ချက်တွင် ZRA-EC သည် စစ်ကော်မရှင် တပ်ဖွဲ့ဝင်များနှင့် အတူတကွ စားသောက်၊ နေထိုင်၊ သွားလာလျက်ရှိကြောင်း၊ ၎င်းတို့သည် ပြည်သူ့ဘက်တော်သား လက်နက်ကိုင်အဖွဲ့အစည်း မဟုတ်တော့ဘဲ စစ်ကော်မရှင်၏ လက်ပါးစေများသာ ဖြစ်သွားပြီဖြစ်ကြောင်း ပြည်သူအား အသိပေးလာခြင်း ဖြစ်သည်။

Zomi Revolutionary Army (Eastern Command) သည် ၂၀၁၃ ခုနှစ်တွင် Pu Zo Thang က ဦးစီး၍ မြန်မာနိုင်ငံ အတွင်း ရှိ ဇိုမီးလူမျိုးများနှင့် ဖွဲ့စည်းခဲ့သော လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး မဏိပူရ်ပြည်နယ်အခြေိစိုက် ZRO/ZRA ဌာနချုပ်၏ လက်အောက်ခံ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တစ်ခု ဖြစ်သည်။

၎င်းတို့သည် ချင်းပြည်နယ်မြောက်ပိုင်းရှိ ဇိုမီး (ချင်း)လူမျိုးစုများ အများစုနေထိုင်ရာ တီးတိန်၊ တွန်းဇံ၊ ကျီခါး နှင့် ကလေးကဘော် ဒေသများတွင် အဓိကခြေကုပ်ယူ လှုပ်ရှားကြပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့များကို မကြာခဏ တိုက်ခိုက်လျက်ရှိသည်။

June 5, 2026
မြန်မာတစ်နိုင်ငံလုံးတွင် ဇွန်လ (၁) ရက်နေ့ကစ၍ စစ်အစိုးရက အခြေခံပ ညာကျောင်းများ ဖွင့်လှစ်ခဲ့ပြီး...
June 4, 2026
အာဏာသိမ်းစစ်တပ်သည် မင်းတပ်မြို့နယ်ကို ဖြတ်လေးဖြတ် ပြုလုပ်ပြီး ထိုးစစ်ဆင်လာသည့်အတွက်...
June 3, 2026
ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း (KMMTTP) နှင့် အိန္ဒိယ - မြန်မာ -...
June 2, 2026
မကွေး- ချင်းအစပ်၊ ယောဒေသ၊ ပုံတောင်နတ်ထိပ်ဒေသတွင် အင်အားတစ်ထောင်ကျော် အာဏာသိမ်းစစ်တပ်နှင့်...