ရခိုင်ပြည်သူများ လေကြောင်းအန္တရာယ် သတိရှိစေရေး ULA ဒေသန္တရအမိန့်ထုတ်

ရခိုင်ပြည်သူများ လေကြောင်းအန္တရာယ် သတိရှိစေရေး ULA ဒေသန္တရအမိန့်ထုတ်
လေကြောင်းအသိပညာပေးနှင့် တားမြစ်ချက် ထုတ်ပြန်ထားခြင်း။ ဓာတ်ပုံ- GEM
လေကြောင်းအသိပညာပေးနှင့် တားမြစ်ချက် ထုတ်ပြန်ထားခြင်း။ ဓာတ်ပုံ- GEM

အာရက္ခတပ်တော်ထိန်းချုပ်ရာ ဒေသက ပြည်သူများ လေကြောင်းအန္တရာယ်ကို ပိုမိုသတိပြုနိုင်စေရန်အတွက် ULA ၏ အုပ်ချုပ်ရေးဌာနက ဒေသန္တရအမိန့်ထုတ်ပြန်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

မြောက်ဦးမြို့အတွင်း လေကြောင်းအန္တရာယ် အသိပေး ဆိုင်းဘုတ်များ စိုက်ထူခြင်း၊ လော်စပီကာဖြင့် လှည့်လည်ကြေညာခြင်းတို့ကို မြောက်ဦးမြို့တွင် မတ်လ ၁၂ ရက်က ပြုလုပ်ခဲ့သည်။

ထို့အတူ မြောက်ဦးမြို့တွင် ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ တောက်ပြောင်သော လျှပ်စစ်မီးများ မထွန်းရန်နှင့် အိမ်တိုင်းတွင် ဗုံးခိုကျင်းများ ပြုလုပ်ရန်၊ ညအချိန်အိပ်စက်ရာတွင် အတတ်နိုင်ဆုံး အိမ်အောက်ထပ်တွင် အိမ်ကြရန် ကြေညာထားသည်။

ယင်းအပြင် လေယာဉ်သံကို မကြားနိုင်သည့် ဆိုင်ကယ်၊ ကား စသည့်ယာဉ်များ သွားလာရာတွင်လည်း ဆူဆူ ညံညံ မပြုလုပ်ရန်နှင့် အသံချဲ့စက် ဆူညံစွာဖွင့်ခြင်းနှင့် လူစုလူဝေးအများအပြားဖြင့် ပွဲလမ်းသဘင်များ မလုပ်ရန် ကိုလည်း တားမြစ်ထားကြောင်း သိရသည်။

ထို့တူ ရပ်ကွက်၊ ကျေးရွာအနီး မသင်္ကာစရာလူများ တွေ့ပါက နီးစပ်ရာ အုပ်ချုပ်ရေးဌာန၊ ဒီလပ်စခန်းနှင့် ပါတီ ရုံးများသို့ သတင်းပေးရန်လည်း တိုက်တွန်းထားကြောင်း သိရသည်။

ရခိုင်ဒေသအတွင်းရှိ အာရက္ခတပ်တော်ထိန်းချုပ်ရာ မြို့နယ်များအား ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေသဖြင့် လေကြောင်းအန္တရာယ် သတိပြုနိုင်ရန် ယခုကဲ့သို့ ကြေညာခြင်းဖြစ် ကြောင်း ဒေသခံများက ပြောသည်။

မြောက်ဦးမြို့ခံ အမျိုးသားတစ်ဦးက “ အခုလို ကြေညာတာလည်း လေကြောင်း သတိထားဖို့ လုပ်တာဆိုတော့ ကောင်းတယ်။ နေ့တိုင်း ညပိုင်း လေယာဉ်တွေ ဝဲတယ်။ အသံကြားတယ်လို့ နားထောင်လိုက်ရင် ဆိုင်ကယ်တွေ လီဗာအသားကုန်တင်ပြီးသွားကြတော့ လေယာဉ် အာရုံစိုက်လို့ မရဘူး။ ပြီးတော့ ကလေးတွေဆိုလည်း လေယာဉ်သံနဲ့ ဒီအသံတွေကို ရောပြီး ကြောက်လာကြတာတွေရှိတယ် ” ဟု ပြောသည်။

လက်ရှိ အာရက္ခတပ်တော်ထိန်းချုပ်ထားရာ အချို့မြို့နယ်များတွင် ညအချိန်၌ လေကြောင်းတိုက်ခိုက်မှု များလာ နေပြီး ကင်းထောက်ဒရုန်းများ ပျံသန်းခြင်းများလည်း ရှိနေသည်။ ထို့အတူ လက်ရှိ မြို့နယ်အချို့တွင် လေယာဉ်လာပါက လေကြောင်းအန္တရာယ်အချက်ပေးစနစ်များ ပြုလုပ်ပေးထားကြောင်း သိရသည်။

ယင်းအပြင် ပွင့်လင်းရာသီရောက်လာသည်နှင့်အမျှ ပွဲလမ်းသဘင်များ လာမှုကိုလည်း လေကြောင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ULA/AA အနေဖြင့် ကြပ်မတ်ပေးရန် လိုအပ်လာကြောင်း ထောက်ပြမှုများလည်း ရှိနေသည်။

မင်းပြားဒေသခံ အမျိုးသမီးတစ်ဦးက “ အခုပွဲများတဲ့ ရာသီရောက်တော့ ရှင်ပြုပွဲတို့ မင်္ဂလာပွဲတို့ များလာတယ်။ အလှူလုပ်တာကို တားတဲ့ သဘောတော့ မဟုတ်ပေမယ့် ပြည်သူဘက်ကလည်း လေကြောင်းကို ဂရုပြုဖို့ လိုတယ်။ စကစက လူစုတဲ့ နေရာတွေကိုပဲ ဗုံးကြဲတဲ့ ဖြစ်စဉ်တွေလည်း လူတိုင်း မြင်နေရတယ်။ ဒီတော့ ပွဲလုံးဝ မလုပ်ရ ဆိုပြီးလည်း ပိတ်ပင်တာမျိုးမဟုတ်ဘဲ တာဝန်ရှိသူတွေက နည်းနည်းချင်းစီ ထိန်းကျောင်းဖို့ လိုအပ်လာတယ် ” ဟု ပြောသည်။

လက်ရှိ အာရက္ခတပ်တော်ထိန်းချုပ်ရာမြို့နယ်များအား စစ်ကောင်စီက နေ့စဉ်နှင့်အမျှ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်လာနေပြီး အရပ်သားထိခိုက်သေဆုံးမှုမှာလည်း တိုးလာနေသည်။

မတ်လ ၁၂ ရက်၊ ည ၁၀ နာရီတွင် စစ်ကောင်စီက ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တံတားတွင် ကျရောက်ပေါက်ကွဲခဲ့ကာ ထိခိုက်ပျက်စီးမှု အချို့ရှိခဲ့သည်။

မတ်လ ၈ ရက်ကလည်း အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသရှိ အာရက္ခတပ်တော်၏ စစ်သုံ့ပန်းအကျဉ်းစခန်းကို စစ်ကောင်စီက လေယာဉ် ၈ စီးဖြင့် ၃ နာရီကြာ ဗုံးကြဲချမှုကြောင့် စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးပြီး ၃၂ ဦး ဒဏ်ရာ ရရှိခဲ့သည်။

ယင်းကဲ့သို့ စစ်ကောင်စီက ရခိုင်ဒေသကို လေကြောင်းတိုက်ခိုက်မှုဆက်တိုက် ပြုလုပ်လာနေသဖြင့် ဒေသခံများ အနေဖြင့် လေကြောင်းအန္တရာယ်ကို ယခင်ထက်ပိုမို ဂရုပြုရန် လိုအပ်ပြီး ကြိုတင်ကာကွယ်ရေး ဆိုင်ရာ နည်းလမ်းများအား လိုက်နာရန်လိုအပ်လာနေကြောင်း ထောက်ပြမှုများ ရှိနေသည်။

ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...