NUG ၏ စက်သုံးဆီ ကန့်သတ်မှုကြောင့် အခက်အခဲ ဖြစ်ပေါ်နေရဟု ကုန်သည်များ ပြော

NUG ၏ စက်သုံးဆီ ကန့်သတ်မှုကြောင့် အခက်အခဲ ဖြစ်ပေါ်နေရဟု ကုန်သည်များ ပြော

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ စက်သုံးဆီသယ်ယူခွင့် ကန့်သတ်ပိတ်ပင်မှုကြောင့် အချိန်ကြန့်ကြာမှုရှိသဖြင့် အခက်အခဲများ ဖြစ်ပေါ်နေရကြောင်း ကုန်သည်များက ပြောဆိုကြသည်။

NUG ထိန်းချုပ်နယ်မြေကို ဖြတ်၍ ကချင်၊ ချင်းနှင့် ရခိုင်ပြည်သို့ စက်သုံးသယ်ယူရာ၌ ပြည်ထဲရေးနှင့် လူဝန်မှုကြီးကြပ်ရေးဌာန၏ ဖြတ်သန်းခွင့်ထောက်ခံချက်ပါရှိမှ သွားခွင့်ပြုမည်ဟု ထုတ်ပြန်ထားသည်။

ယင်းကြောင့် စက်သုံးဆီ သယ်ခွင့်ရရှိရေးအတွက် ထောက်ခံစာ အဆင်ဆင့်ယူနေရသဖြင့် အချိန်ကြန့်ကြာကာ သယ်ယူပို့ဆောင်ရေးပိုင်းမှာလည်း အခက်အခဲများ ဖြစ်ပေါ်နေရသည်ဟု ကုန်သည်များက ပြောကြသည်။

“တစ်ရက်ထက် တစ်ရက်က ဈေးတွေ တက်တာပဲ ရှိတယ်။ ဝယ်မယ့်သူတွေက ရပ်ကွက်ရုံးက ထောက်ခံစာတွေ ယူဆောင်ရပါတယ်။ ဓာတ်ဆီရောင်းတဲ့ သူတွေနဲ့ပါ တူတူသွားပြီး ထောက်ခံစာတွေ ယူရပါတယ်။ ရပ်ကွက်က ထောက်ခံစာတွေ ယူပြီးရင် ပြည်သူ့ကာကွယ်ရေး (ပကဖ) ရုံးတွေဆီက ထောက်ခံစာ နောက်တဆင့် ယူကြရတယ်။ ပြီးမှ ဆီတွေက ဝယ်ယူလို့ ရတာပါ” ဟု ရခိုင်ကုန်သည်တစ်ဦးက ပြောသည်။

မတ်လ ၉ ရက်မှာပင် အောက်တိန်း (92) တစ်ပီပါကို ငွေကျပ် ၁၅ သိန်း၊ ၁၆ သိန်းနှင့် ပရီမီယမ် ဒီဇယ် တစ်ပီပါကို ငွေကျပ် ၁၇ သိန်းကနေ ၁၈ သိန်းထိ ဈေးမြင့်တက်နေကြောင်းလည်း ကုန်သည်များထံမှ သိရသည်။

အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် နိုင်ငံတကာသို့ ရေနံတင်သွင်းမှုကို ကျဆင်းနေပြီး စက်သုံးဆီနှင့် ပတ်သက်၍ အကျပ်အတည်း မဖြစ်ပေါ်ရေး ဒေသခံများအတွက် မူဝါဒချမှတ်ကာ ထိန်းကျောင်း NUG က ဆိုထားသည်။

“ရခိုင်ဘက်ကို ကုန်ချမယ်ဆိုရင် ထောက်ခံစာတွေ ယူရတယ်။ ရပ်ကွက်ရုံးက တစ်ခေါက် လုပ်ရတယ်။ ပြီးတာနဲ့ NUG ရုံးတွေ ရှိတဲ့နေရာက တစ်ခေါက် လုပ်ရပါတယ်။ ဓာတ်ဆီရောင်းတဲ့ သူတွေဘက်လည်း ထောက်ခံစာတွေ ယူရတာတွေ ရှိပါတယ်။ ဒီလိုဆို ကျနော်တို့လို ကုန်သည်တွေအတွက် အလွန်ပင် ခက်ခဲစေပါတယ်။ အမြတ်တွေ လိုချင်လို့ ကုန်သည် လုပ်တယ်ဆိုမှ အခုလိုလုပ်တော့ ကုန်ဈေးနှုန်းတွေက အဆမတန်တက်တော့ အခက်အခဲများနဲ့ ရင်ဆိုင်ရတာပေါ့” ဟု နောက်ထပ် ကုန်သည်တစ်ဦးက ပြောသည်။

ပြည်မဘက်မှ စက်သုံးဆီများကို နည်းလမ်းမျိုးစုံဖြင့် အခက်အခဲအမျိုးမျိုးကြားက သယ်ယူနေရသဖြင့် တတ်နိုင်သမျှ ဖြေလျှော့ပေးရန် ကုန်သည်များက တောင်းဆိုထားကြသည်။

အီရန်စစ်ပွဲကြောင့် ကမ္ဘာတွင် စက်သုံးဆီ အကျပ်အတည်း ဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံအတွင်း စက်သုံးဆီ တင်သွင်း ဖြန့်ဖြူးမှုဆိုင်ရာ၌ အခက်အခဲများ ဖြစ်ပေါ်နိုင်၍ ပြည်တွင်း စက်သုံးဆီ ပြတ်လပ်မှုရှိလာနိုင်သည်ဟု ISP – Myanmar က သုံးသပ်ထားသည်။

ပုံစာ - အိန္ဒိယ - ရခိုင်ကုန်သွယ်ရေးလမ်းကြောင်း တစ်နေရာကို ၂၀၂၅ ခုနှစ် ဩဂုတ်လအတွင်းက တွေ့ရစဉ်။ 

၂၀၂၅၊ ဩဂုတ်လအတွင်း မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို စစ်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ်။ ဓာတ်ပုံ - DMG
June 1, 2026
ရခိုင်ပြည်အတွင်း အာဏာသိမ်းစစ်တပ်က အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေများကို လေကြောင်းနှင့်...
မောင်တောမြို့ ကညင်ချောင်း ကုန်သွယ်ရေးစခန်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလက တွေ့ရစဉ်။
May 30, 2026
ဘင်္ဂလားဒေ့ရှ်- ရခိုင်ပြည်နယ်စပ် ကုန်သွယ်ရေးကို ဧပြီလအတွင်းက စတင်ဖွင့်လှစ်ပြီး...
May 30, 2026
၁၉၆၀ ကျော်ကာလတွေကို ပြန်ကြည့်ရင် ရခိုင်ပြည်အတွက် အလွန်ခက်ခဲတဲ့ ကာလတစ်ခုပါ။ လမ်းပန်း ဆက်သွယ်ရေး၊...
May 29, 2026
AA ထိုးစစ်ကို ခုခံရန်အတွက် စစ်အုပ်သည် ရခိုင်ပြည်၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့တွင်...