တော်လှန်ရေး အင်အားစုတွေကြား နိုင်ငံရေးကျေလည်မှုရှိအောင် NUG ဆွေးနွေးနေ

တော်လှန်ရေး အင်အားစုတွေကြား နိုင်ငံရေးကျေလည်မှုရှိအောင် NUG ဆွေးနွေးနေ

တော်လှန်ရေး ဦးဆောင်အဖွဲ့တွေကြား နိုင်ငံရေးအရ ကျေလည်မှုရှိအောင် အချိန်ပေး တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ NUG က ပြောဆိုခဲ့ပါတယ်။

(၁၁) ကြိမ်မြောက် ရန်ကုန်ဖက်ဒရယ်ယူနစ်လွှတ်တော် အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ NUG ပြည်ထောင်စုဝန်ကြီး မန်းဝင်းခိုင်သန်းက ပြောခဲ့တာပါ။

အခုကာလမှာ နိုင်ငံရေးအရကျေလည်မှုရရှိအောင် လုပ်ဆောင်နေသလို အားကောင်းတဲ့ စုဖွဲ့မှုတွေနဲ့ အာဏာရှင်စနစ်ကို ဖယ်ရှားနိုင်ရေးလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲကနေ တရားဝင်မှုတွေကို ရရှိဖို့ လုပ်ဆောင်နေပြီး ဆက်လက်ပြီးတော့လည်း ငြိမ်းချမ်းရေး ၊ တွေ့ဆုံဆွေးနွေးရေးတွေ လုပ်ဆောင်လာနိုင်ကြောင်း သူကပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း စစ်ကော်မရှင်က ဖိတ်ခေါ်မှုတွေကြောင့် တော်လှန်ရေးအင်အားစုလမ်းကြောင်းမှန်ကနေ သွေဖယ်မသွားဖို့ စုစည်းညီညွှတ်မှုကို ပြသရမယ့်အချိန်ကာလဖြစ်တယ်လို့ ဆိုပါတယ်။

တော်လှန်ရေး (၅) နှစ်တာကာလအတွင်း အင်အားစုတွေအကြား ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နိုင်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။

နိုင်ငံရေးညှိနှိုင်းမှုများနဲ့ တူညီတဲ့ သဘောဆန္ဒနဲ့အညီ ပံ့ပိုးကူညီနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကနေ ထွက်လာတဲ့ရွေးကောက်ပွဲရလဒ်ကို ခိုင်ခိုင်မြဲမြဲကိုင်စွဲပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ပေါ်ပေါက်တဲ့အထိ လက်တွဲသွားဖို့ကိုလည်းသူက ဆိုပါတယ်။

တရုတ်နိုင်ငံကလည်း သူ့နယ်စပ်ဒေသမှာ ရှိတဲ့ KIA တပ်အပါအဝင် လက်နက်ကိုင်တပ်တွေကို စစ်ကော်မရှင် နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိအားပေးတိုက်တွန်းနေတာတွေလည်းရှိနေတာလည်း ဖြစ်ပါတယ်။

June 24, 2026
မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် မြစ်ကြီးနားမြို့ပေါ်ရှိ ရွှေပြည်သာရပ်ကွက်မှာ ...
June 23, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း ဥရုမြစ်ရေမြင့်တက်လာမှုကြောင့်...
June 20, 2026
ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ မိုင်းလားတပ်ဖွဲ့ (NDAA)က တိုင်းရင်းသားအဆင့်မြင့်...
June 19, 2026
မိုးညှင်း၊မိုးကောင်း၊ဖားကန့်နဲ့ ဝိုင်းမော် မြို့နယ်တွေအပြင် ဒေသအားလုံးနီးပါးမှာ...