တောင်ကြီးတွင် စက်သုံးဆီ တစ်လီတာ ၃၆၀၀ ကျပ်အထိတက်လာ

တောင်ကြီးတွင် စက်သုံးဆီ တစ်လီတာ ၃၆၀၀ ကျပ်အထိတက်လာ

သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် စက်သုံးဆီ တစ်လီတာလျှင် ၃၆၀၀ ကျပ်အထိ ဈေးတက်လာပြီး ဆီဆိုင်များက အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံမှ စက်သုံးဆီ တင်ပို့ရောင်းချမှုကို ပြီးခဲ့သည့် မတ်လ(၁)ရက်တွင် ရပ်ဆိုင်းလိုက်ပြီးနောက် စက်သုံးဆီ ပြတ်လပ်သွားမည်ကို စိုးရိမ်သောကြောင့် တောင်ကြီးမြို့အပါအဝင် သျှမ်းပြည်တောင်ပိုင်းတွင် အလုအယက်ဝယ်ယူနေပြီး ဆီဆိုင်များက ဈေးတင်ကာ အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေကြောင်း သိရသည်။

“မြို့ထဲမှာရော ရပ်ကွက်ထဲမှာရော ဓာတ်ဆီတွေ အလုအယက် ဝယ်နေကြတာ၊ ရပ်ကွက်ဆိုင်တွေမှာဆို တစ်လီတာကို ၃၆၀၀ကျပ် ဈေးရှိတယ်။ တချို့ဆို ၄၀၀၀ ကျပ် လောက်ပေးပြီးတောင် မရမက ဝယ်နေကြတာ၊ ဆီရောင်းတဲ့သူတွေက ဒီအချိန်အခွင့်ရေးယူ ဈေးတင်ရောင်းနေကြပြီ”ဟု တောင်ကြီးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ယခင်ရှေ့လတွင် တောင်ကြီးမြို့ပေါ်၌ စက်သုံးဆီ တစ်လီတာလျှင် ၂၆၀၀ ကျပ်သာ ရှိကြောင်းသိရသည်။

တောင်ကြီးမြို့တွင်း စက်သုံးဆီ ရရှိနိုင်ရန်အတွက် မနက် ၇ နာရီမှ တန်းစီစောင့်နေကြရပြီး အကန့်သတ်ဖြင့်သာ ရောင်းချသောကြောင့် အချိန်ပေးစောင့်ဆိုင်းပြီး ဆီမရသူများလည်း ရှိကြောင်း ၎င်းက ဆက်ပြောသည်။

ထိုသို့ စက်သုံးဆီများ ပြတ်လပ်သွားလျှင် နေ့စဉ်အလုပ် သွားနေရသော ဝန်ထမ်းများနှင့် အလုပ်သမားများအတွက် သွားလာရေးခက်ခဲ လာနိုင်ကြောင်း နယ်မှ အလုပ်လာလုပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

“ဝန်ထမ်းဆိုတော့ နေ့တိုင်းအလုပ်သွားရတယ် ၊ဒီဆိုင်ကယ်ကိုပဲ အားကိုးနေရတာ၊ ဆီပြတ်သွားရင်တော့ အလုပ်လည်းမရှိ ဝင်ငွေလည်း မရှိဖြစ်သွားမှာ၊ ရုံးဆင်းချိန်ဆို ဓာတ်ဆီရဖို့ တန်းစီရတာ ည၈ နာရီလောက်မှ အိမ်ရောက်တယ်။ ဆီဈေးကလည်း ခေါင်ခိုက်နေရောပဲ ဒီတိုင်းသာဆို ဆီဖိုးနဲ့ မွဲမှာ။”ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

ယခုလက်ရှိ တောင်ကြီးမြို့တွင် စက်သုံးဆီဈေးနူန်းသာမက စားသောက်ကုန်ဈေးနှုန်း များလည်း မြင့်တက်နေပြီး ဒေသတွင်း ကုန်စည်ပြတ်လပ်မှုများ စတင် ရင်ဆိုင်နေရသည်။

ပြီးခဲ့သည့် မတ်လ (၃)ရက်နေ့တွင်လည်း သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း စက်သုံးဆီ တစ်လီတာလျှင် ဘတ် (၂၀၀) ထိရှိလာပြီး အလုအယက်ဝယ်ယူနေကြသည်။

အရှေ့အလယ်ပိုင်း စစ်ပွဲအခြေနေကြောင့် ထိုင်းနိုင်ငံမှ ပြီးခဲ့သည့် (မတ်လ ၁ ရက်)တွင် ပြည်ပသို့ စက်သုံးဆီ တင်ပို့ရောင်းချမှုကို ဆိုင်းငံ့ပြီးနောက် သျှမ်းပြည်နယ်တွင် ထိုင်းနိုင်ငံ လာအိုနိုင်ငံမှ လာအိုနိုင်ငံမှ ဝင်လာသည့် စက်သုံးဆီကို အဓီကမှီခိုအသုံးပြုနေရကြောာင်း သိရသည်။

August 17, 2026
သျှမ်းပြည်၊ 'ဝ'တပ်ဖွဲ့ (UWSA) ထိန်းချုပ်ဒေသရှိ ခရစ်ယာန်ဘာသာရေး ဝတ်ပြုကျောင်းများ...
ဓါတ်ပုံ - ချင်းမိုင်တက္ကသိုလ်တွင် ကျင်းပနေသည့် (၅) ကြိမ်မြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ အခမ်းအနားပုံ
August 15, 2026
“အကျပ်အတည်းနှင့် ဖြစ်နိုင်ခြေကြားမှ မြန်မာ့ အသွင်ကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ဖြင့်...
August 14, 2026
သျှမ်းပြည် မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့်...
သိန္နီရှိ ရေအားလျှပ်စစ် စီမံကိန်းအား MNDAA တာဝန်ရှိသူများ သွားရောက်ကြည့်ရှု စစ်ဆေးစဉ်
August 13, 2026
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) သည် ၎င်းတို့ ထိန်းချုပ်ထားသည့် နယ်မြေ...