ဖားဆောင်း(သံလွင်) မြစ်ကူးတံတား ဒုတိယအကြိမ် မိုင်းခွဲဖျက်ဆီးခံရ

ဖားဆောင်း(သံလွင်) မြစ်ကူးတံတား ဒုတိယအကြိမ် မိုင်းခွဲဖျက်ဆီးခံရ

ကရင်နီပြည် ၊ ဖားဆောင်းမြို့နယ် နဲ့ မယ်စဲ့မြို့နယ်ကို ဆက်သွယ်ထားတဲ့ ဖားဆောင်း ( သံလွင် ) မြစ်ကူးတံတားဟာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မနက်ပိုင်းမှာ ဒုတိယအကြိမ် ထပ်မံ မိုင်းခွဲဖျက်ဆီးခံရတယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ပါတယ်။

မိုင်းခွဲခံရမှုကြောင့် တံတားရဲ့ အနောက်ဖက် ရေလည်တိုင်ဖြစ်တဲ့ တိုင်အမှတ် P-5 နဲ့ P-7 တို့အကြား အရှည် ၃၀၀ ပေ၊ အကျယ် ၂၄ ပေခန့် ပြိုကျပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

“ သေချာဖို့တော့ များပါတယ် တံတားပျက်တာက။ အသံအကျယ်ကြီး ကြားလိုက်ရတယ်။” လို့ ဖားဆောင်းမြို့နယ်အနီးမှာနေထိုင်တဲ့ ဒေသခံတဦးက ပြောပါတယ်။

ဖားဆောင်း(သံလွင်) မြစ်ကူးတံတားဟာ တံတားအရှည် ၁၂၆၀ ပေ၊ တံတားအကျယ် ၂၄ ပေ၊ လူသွားလမ်း ဘယ်/ညာသုံးပေစီရှိပြီး သံကူကွန်ကရစ်တံတား အမျိုးအစားဖြစ်ကာ ၂၀၁၅ ခုနှစ်မှာ ဆောက်လုပ်ပြီးစီးခဲ့တာဖြစ်ပါတယ်။ တံတားကို မိုင်းခွဲဖျက်ဆီးတာက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့လုပ်ရပ်ဖြစ်တယ်လို့ စစ်ကော်မရှင်က စွပ်စွဲပြောဆိုထားပါတယ်။

အဆိုပါ သံလွင်မြစ်ကူးတံတားဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ပထမအကြိမ် မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် တံတားအထိပ်ပိုင်း ပျက်စီးခဲ့ပါတယ်။ ဒုတိယအကြိမ်မှာတော့ တံတားရဲ့အလယ်ပိုင်းမှာ ကျိုးကျပျက်စီးခဲ့ပြီး တံတားအရှည်ရဲ့ ထက်ဝက်နီးပါး ပျက်စီးသွားတာကို ဓါတ်ပုံတွေမှာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကတည်းက ဘောလခဲမြို့နယ်ကနေ ဖားဆောင်းမြို့နယ်ရှိရာဖက်ကို ဦးတည်ပြီး စစ်ကြောင်းထိုး စစ်ဆင်ရေးဆောင်ရွက်ခဲ့တဲ့ စစ်ကော်မရှင်တပ်က ဖားဆောင်းမြို့တွင်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ထိန်းချုပ်နိုင်ခဲ့ပြီလို့ ပြောဆိုထားပါတယ်။ သို့ပေမယ့် ဖားဆောင်းမြို့အနီးအနားမှာတော့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေကလည်း ပြောပါတယ်။

ယခု ဖေဖော်ဝါရီလအတွင်း ဖားဆောင်းမြို့နယ်အတွင်းမှာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် သံလွင်မြစ်ကူးတံတား ၊ ထူးချောင်းတံတား ၊ ပွန်ချောင်း တံတား ဖျက်ဆီးခံထားရတာကြောင့် ဆက်သွယ်ရေးလမ်းမကြီးတွေကို အသုံးပြုသွားလာလို့မရတော့ဘူးလို့ သိရပါတယ်။

ပုံစာ - စစ်ကော်မရှင်ထုတ်ပြန်ထားတဲ့ ဖားဆောင်း (သံလွင်) မြစ်ကူးတံတားပျက်စီးမှုမြင်ကွင်းကို တွေ့ရစဉ်

April 7, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ စစ်တပ်ထုပ်ကုန်တွေဖြစ်တဲ့ ဒဂုံဘီယာနဲ့မြန်မာဘီယာ ဖာ ၁၀၀...
April 4, 2026
ဒီးမော့ဆိုမြို့နယ်အတွင်းမှာ နေ့စဉ် နှစ်ဖက်ထိတွေ့တိုက်ခိုက်မှုတွေ ပုံမှန်ရှိနေတဲ့အတွက် လူထုတွေ...
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်ကော်မရှင်တပ်ရဲ့ ဒရုန်းနဲ့ ပစ်ခတ်မှုကြောင့် ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာတရွာမှာ နေအိမ်တချို့ မီးလောင်ခဲ့စဉ်။ ( ပုံဟောင်းအသုံးပြုထားသည်။ )
April 3, 2026
ကရင်နီပြည်၊ ဖရူဆိုနဲ့ ဘောလခဲမြို့နယ်အစပ်က ကျေးရွာတရွာမှာ စစ်ကော်မရှင်တပ် တလကျော်ကြာ...
April 2, 2026
ကရင်နီပြည်မှာ ရှိတဲ့ လူငယ်တွေအနေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ အားကောင်းကောင်းနဲ့...