ရန်ကုန်ရှိ ဖင်လန်သံရုံး ဖေဖော်ဝါရီလကုန်တွင် ပိတ်မည်

ရန်ကုန်ရှိ ဖင်လန်သံရုံး ဖေဖော်ဝါရီလကုန်တွင် ပိတ်မည်
ဖင်လန်သံရုံးမှ မြင်ရသည့် ရန်ကုန်မြင်ကွင်း။ ရန်ကုန်မြို့ရှိ ဖင်လန်သံရုံးကို လာမည့် ဖေဖော်ဝါရီလ ၂၈ ရက်တွင် ပိတ်သိမ်းမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၄ ရက် တွင်ထုတ်ပြန်သည်။ (Embassy of Finland in Yangon)
ဖင်လန်သံရုံးမှ မြင်ရသည့် ရန်ကုန်မြင်ကွင်း။ ရန်ကုန်မြို့ရှိ ဖင်လန်သံရုံးကို လာမည့် ဖေဖော်ဝါရီလ ၂၈ ရက်တွင် ပိတ်သိမ်းမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၄ ရက် တွင်ထုတ်ပြန်သည်။ (Embassy of Finland in Yangon)

မောင်ခက်နွေ — ရန်ကုန်မြို့ရှိ ဖင်လန်သံရုံးကို ယခုလကုန် (ဖေဖော်ဝါရီလ ၂၈ ရက်)တွင် ပိတ်သိမ်းမည်ဖြစ်ကြောင်း ဖင်လန်သံရုံးက ဖေဖော်ဝါရီလ ၂၄ ရက်တွင် ထုတ်ပြန်ကြေညာသည်။

ကြေညာချက်တွင် သံရုံး ပိတ်သိမ်းရခြင်း အကြောင်းအရင်းကို ဖော်ပြထားခြင်းမရှိသော်လည်း သံရုံးပိတ်သိမ်းပြီးနောက် ကောင်စစ်ဝန်ဆောင်မှုများ၊ ပတ်စ်ပို့၊ နေထိုင်ခွင့် လျှောက်လွာ အစရှိသည့် ကောင်စစ်ဆိုင်ရာ လုပ်ငန်းများကို ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ ဖင်လန်သံရုံးမှ တဆင့် ဆောင်ရွက်ပေးမည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် သံရုံးပိတ်မည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလကပင် ဖင်လန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာထားပြီး နိုင်ငံ၏ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒများ၊ ပို့ကုန်တိုးမြင့်ရေးဆိုင်ရာ လုပ်ငန်းများတွင် လိုအပ်ချက်များရှိသည့် သုံးသပ်ချက်များကြောင့် သံရုံးပိတ်ရခြင်းဖြစ်ကြောင်း ဆိုသည်။

မြန်မာနိုင်ငံအပြင် ပါကစ္စတန်နှင့် အာဖဂန် နစ္စတန်နိုင်ငံတို့တို့လည်း ဖင်လန်သံရုံးမျာကို ပိတ်သိမ်းမည်ဟုလည်း ဖင်လန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

ဖင်လန်နိုင်ငံနှင့် မြန်မာနိုင်ငံသည် ၁၉၅၄ ခုနှစ်ကပင် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး တည်ထောင်ခဲ့၍ ၂၀၂၆ ခုနှစ်တွင် နှစ်ပေါင်း ၇၀ ကျော်ပြီဖြစ်သည်။

မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုတွင် ဖင်လန်သံရုံးသည် ပူးပေါင်းပါဝင်ခဲ့ပြီး ကလေးများကျောင်းတက်ခွင့်နှင့် သက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းများတွင်လည်း ဖင်လန်သံရုံးက ကူညီပံ့ပိုးပေးခဲ့သည်။

ယခုနှစ်အတွင်း ဖင်လန်နိုင်ငံအပြင် အခြားဥရောပနိုင်ငံများဖြစ်သည့် ဒိန်းမတ်နှင့် နယ်သာလန် တို့သည်လည်း မြန်မာနိုင်ငံမှ ထွက်ခွာရန် စီစဉ်မည်ဖြစ်ကြောင်း ကြေညာထားကြသည်။

ထို့အပြင် ဆွီဒင်နိုင်ငံ သံရုံးသည်လည်း မြန်မာနိုင်ငံအတွက် ကူညီထောက်ပံ့ရေးအစီအစဉ်အားလုံးကို လာမည့် ၂၀၂၆ ခုနှစ်၊ ဇွန်လတွင် ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။

June 6, 2026
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် ပူးပေါင်းထားသော တရုတ်ကုမ္ပဏီတခုက...
June 5, 2026
ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာရှိ...
June 4, 2026
ပါခွီး — ချင်းပြည်နယ် ၊မင်းတပ်မြို့နယ်အတွင်း စစ်ဘေးရှောင်များ လစဥ် ပျှမ်းမျှ ၁၆...
June 3, 2026
အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးများ ပြန်လည်စတင်မည်ဆိုပါက ကုန်သွယ်ရေးလမ်းကြောင်းတလျှောက်...