ဘင်္ဂလားဒေ့ရှ် ရေလုပ်သားများကို လွှဲပြောင်းခြင်းက နှစ်ဖက်ပူးပေါင်းဆက်သွယ်ရေး နယ်မြေတစ်ခု ဖြစ်လာနိုင်

ဘင်္ဂလားဒေ့ရှ် ရေလုပ်သားများကို လွှဲပြောင်းခြင်းက နှစ်ဖက်ပူးပေါင်းဆက်သွယ်ရေး နယ်မြေတစ်ခု ဖြစ်လာနိုင်
ဘင်္ဂလားဒေ့ရှ် ရေလုပ်သား ၇၀ ကျော်ကို AA ကလွှဲပြောင်းပေးသည့် မြင်ကွင်း။ ဓာတ်ပုံ - APM
ဘင်္ဂလားဒေ့ရှ် ရေလုပ်သား ၇၀ ကျော်ကို AA ကလွှဲပြောင်းပေးသည့် မြင်ကွင်း။ ဓာတ်ပုံ - APM

ရခိုင်ရေပိုင်နက်အတွင်း ခိုးဝင်ငါးဖမ်း၍ ဖမ်းဆီးထိန်းသိမ်းထားသည့် ဘင်္ဂလားဒေ့ရှ်ရေလုပ်သား ၇၃ ဦးကို အာရက္ခတပ်တော်က ဖေဖော်ဝါရီ ၁၆ ရက် ညနေပိုင်းတွင် နယ်ခြားစောင့်တပ် (BGB) ထံသို့ တရားဝင် လွှဲပြောင်းပေးအပ်လိုက်ကြောင်း သိရသည်။

အဆိုပါ ရေလုပ်သားများသည် ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်အတွင်း ရခိုင်ရေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက် ငါးဖမ်းခဲ့ကြသဖြင့် အာရက္ခတပ်တော်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းတို့ကို အာရက္ခတရားဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ ပြန်လည် လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။

ပြန်လည်လွတ်မြောက်လာသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများသည် နောက်နောင်တွင် နယ်စပ်ကျူးကျော်မှုများ မပြုလုပ်ရန် အစ္စလာမ်ဘာသာရေး အစဉ်အလာနှင့်အညီ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြပြီး ဝန်ခံဂတိလက်မှတ်များ ရေးထိုးခဲ့ကြကြောင်း သိရသည်။

အာရက္ခတပ်တော်က ဖမ်းဆီးထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သားများအား ပြန်လည်လွှဲပြောင်းလိုက်ခြင်းက နယ်စပ်ဒေသ တည်ငြိမ်ရေးအတွက် အပြုသဘောဆောင်သော လက္ခဏာတစ်ရပ်ဟု ရှုမြင်နေကြသည်။

“ဒီနေ့အချိန်မှာဆိုရင် အာရက္ခတပ်တော်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို လွှဲပြောင်း ပေးလိုက်တယ်၊ တစ်ဖက်နိုင်ငံကလည်း ကြည်ကြည်ဖြူဖြူနဲ့ လက်ခံတယ်ဆိုရင်တော့ နှစ်နိုင်ငံနယ်စပ်ကြားမှာ ကောင်းမွန်တဲ့ လက္ခဏာဖြစ်ကြောင်း” ဟု စာရေးဆရာ ဝေဟင်အောင်က ပြောဆိုထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အထွေထွေရွေးကောက်ပွဲအပြီး ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီ (BNP) က အနိုင်ရရှိကာ လက်ရှိတွင် အစိုးရသစ် တက်လာတော့မည်ဖြစ်သည်။

နယ်စပ်ကိစ္စမှာ အရေးပါသဖြင့် တစ်ဖက်နှင့်တစ်ဖက် သဟဇာတနှင့် ဆက်ဆံမှုများ လိုအပ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်မှလည်း ယခု ရေလုပ်သားများအား လွှဲပြောင်းပေးမှုကြောင့် နယ်စပ်ကုန်သွယ်ရေးနှင့် လုံခြုံရေးလုပ်ငန်းများကို ပိုထိန်းသိမ်းလာနိုင်ကြောင်းလည်း ရှုမြင်နေကြသည်။

ယင်းအပြင် ဘင်္ဂလားဒေ့ရှ် - ရခိုင်နယ်စပ်ဒေသကြား ရေလုပ်ငန်းပြဿနာမှာလည်း အာရက္ခတပ်တော်နှင့် ဘင်္ဂလားဒေ့ရှ် အစိုးရကြား ပူးပေါင်းဆက်သွယ်ရေး နယ်မြေတစ်ခု ဖြစ်သွားနိုင်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။

“အမှန်တော့ ဒါက နိုင်ငံတာကာဆက်ဆံရေး နယ်ပယ်က ကြည့်မယ်ဆိုရင် ပြဿနာတွေက တစ်ခါတလေဆိုရင် အခွင့်အလမ်းတွေ ဖြစ်သွားနိုင်တယ်။ နိုင်ငံ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ၊ အစိုးရတစ်ခုနဲ့ တစ်ခု ပူးပေါင်းဖို့အတွက်ကို အခွင့်အလမ်းဖြစ်သလို စီးပွားရေး အကျပ်အတည်းတွေ၊ အခက်အခဲတွေကို အဆိုးအနေနဲ့ မကြည့်ဘဲ အခွင့်အလမ်းအနေနဲ့ ပြောင်းလဲနိုင်ရင် ပူးပေါင်းဆောင်ရွက်ရေးအတွက် ကောင်းမွန်တဲ့ အရာတစ်ခုဖြစ်ပါတယ်” ထိုင်းနိုင်ငံအတွင်း နိုင်ငံတကာ ဆက်ဆံရေး ဘာသာရပ် လေ့လာနေသူ ကိုပြည့်စုံက ပြောသည်။

မောင်တော နယ်စပ်ဒေသတွင် မွတ်ဆလင် လက်နက်ကိုင်အဖွဲ့များလှုပ်ရှားမှု ရှိနေ၍ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များနှင့် အာရက္ခတပ်တော်တို့၏ လုံခြုံရေးတင်းကျပ်မှုများကြောင့် နယ်စပ်ကုန်သွယ်ရေးမှာ ယခင်ကထက် သိသိသာသာကျဆင်းလာနေကြောင်း သိရသည်။

ယခုကဲ့သို့ ရေလုပ်သားများကို AA ပြန်လည်လွှဲပြောင်းပေးနှင့် နယ်စပ်တွင် ဖြစ်ပွားနေသည့် ကိစ္စရပ်များကို နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုကတစ်ဆင့် နယ်စပ်စီးပွားရေး အခွင့်အလမ်းများ ဖြစ်ထွန်းလာနိုင်ကြောင်းလည်း သုံးသပ်မှုများရှိနေကြသည်။

ဓာတ်ပုံ - AA Info Desk
March 11, 2026
(သုံ့ပန်းအများဆုံး သေဆုံးခဲ့ရသည့် လေကြောင်းတိုက်ခိုက်မှုကို စစ်ကောင်စီကျူးလွန်ခဲ့ခြင်းဖြစ်...
ဂုတ်ကြီးကျေးရွာအား တွေ့ရစဉ်။ (ဓာတ်ပုံ- CJ)
March 10, 2026
ရခိုင် - မကွေးအစပ် ရိုးမပေါ်ရှိ နတ်ရေကန်ဗျူဟာကုန်းကို စစ်ကောင်စီက အင်အား ၂၀၀ ပါ...
၂ဝ၂၆ ခုနှစ်၊ မတ် ၃ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်တစ်နေရာ ပြုလုပ်ခဲ့သည့် ရိုးရာယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲအား တွေ့ရစဉ်။ ဓာတ်ပုံ - Thet Traditional Culture
March 9, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ရခိုင်ပြည်တွင် မျိုးနွယ်များ ပေါင်းစုပြီး လူမှုသဟဇာတအရေးနှင့်...
March 7, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် စစ်တွေမြို့ပေါ်က ပြည်သူ့ဆေးရုံကြီးကို မတ်လ ၇ ရက်၊ နံနက် ၅...