လောက်တူဒေသက ငရုတ်သီးအခြောက်ကို အိန္ဒိယဘက် တင်ပို့နိုင်ဖို့ ကူညီပေးနေ

လောက်တူဒေသက ငရုတ်သီးအခြောက်ကို အိန္ဒိယဘက် တင်ပို့နိုင်ဖို့ ကူညီပေးနေ

ချင်းပြည်နယ်၊ ထန်တလန်၊မတူပီနဲ့ဟားခါးမြို့နယ်တွေက လောက်တူမျိုးနွယ်စုဒေသမှာ ငရုတ်သီးအခြောက် အမြောက်အများ အိန္ဒိယနိုင်ငံဘက်ကို တင်ပို့နိုင်ဖို့ မျော်မှန်းထားတာကြောင့် ငရုတ်စိုက်ပျိုးမယ့် တောင်သူတွေကို မျိုးစေ့အခမဲ့ပံ့ပိုးတာ စတဲ့ ထောက်ပံ့မှုတွေပေးပြီး အောင်မြင်နိုင်ဖို့ လောက်တူဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ( LRPA) ကြိုးပမ်းနေတယ်လို့ (LRPA) စိုက်ပျိုးရေးတာဝန်ခံ Salai Anthony က ပြောပါတယ်။

လောက်တူဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ( LRPA) စိုက်ပျိုးရေးတာဝန်ခံ Salai Anthony က “အဓိကတော့ အိန္ဒိယဘက်တင်ပို့ဖို့ အဆက်အသွယ်ဈေးကွက်ရှိလို့ တောင်သူတွေကို စိုက်ပျိုးဖို့အားပေးတာဖြစ်တယ် လက်ရှိတော့ သိပ်တော့ ဈေးမကောင်းသေးဘူး 3 KG ကို မြန်မာငွေ လေးသောင်းလောက်ပဲ ဈေးရှိတယ် ဒါပေမယ့် များများထုတ်နိုင်ရင် အဆင်ပြေတယ် ကျနော်တို့ဘက်က မျော်မှန်းထားတာက kg 300 လောက် တင်ပို့နိုင်ဖို့ မျော်မှန်းထားတယ်။ ဂျင်းလဲတင်ပို့ဖို့ ဈေးကွက်ရှိတယ် အဲဒါကိုလည်း လုပ်ဖို့ မျော်မှန်းထားတယ်။ လောလောဆယ် တခြားပြောင်းတို့ ဘာတို့က ဈေးကွက်လည်း မရှိသေးတော့ နောက်ပိုင်းရှာနိုင်ရင် ဒါတွေကိုလည်း စိုက်ပျိုးရမှာပေါ့” လို့ပြောပါတယ်။

ငရုတ်စိုက်ပျိုးမယ့် တောင်သူတွေကို လောက်တူဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မျိုးစေ့အခမဲ့ပံ့ပိုးတာ ၊ လက်တွဲလုပ်ဆောင်ဖို့ သဘောတူတဲ့သူတွေရဲ့ ငရုတ်များကို ကာလပေါက်ဈေးထက်မလျော့ဘဲ တာဝန်ခံပြီး ပြန်လည်ဝယ်ယူပေးတာတွေ ၊ ငရုတ်စိုက်ဖို့ လုပ်အားခအတွက် အတိုးမဲ့ ချေးငွေ ချေးယူနိုင်ခွင့် နဲ့ စိုက်ပျိုးတဲ့နေရာမှာ နည်းပညာပိုင်းကိုလည်း ပံ့ပိုးပေးမှာဖြစ်တယ်လို့ လောက်တူဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ထုတ်ပြန်ပါတယ်။

တော်လှန်ရေးကာလ အခက်ခဲ ကြပ်တည်းမှုတွေကို ငရုတ်စိုက်ပျိုးခြင်းဖြင့် ဝင်ငွေရရှိမှု မြှင့်တင်နိုင်ဖို့ ဖြစ်နိုင်သမျှ ငရုတ်စိုက်ပျိုးကြဖို့နဲ့ အမှန်တကယ်ပူးပေါင်း ဆောင်ရွက်လိုတဲ့ တောင်သူတွေအနေဖြင့် မိမိရပ်ရွာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များထံ အမည်စာရင်းနှင့် မျိုးစေ့လိုအပ်ပမာဏကို စာရင်းပေးသွင်းကြဖို့ကိုလည်း နှိုးဆော်ထားပါတယ်။

လောက်တူဒေသဟာ ထန်တလန်မြို့နယ်၊ မတူပီမြို့နယ်၊ ဟားခါးမြို့နယ် တွေက လောက်တူမျိုးနွယ်စုတွေ နေထိုင်တဲ့ ဒေသဖြစ်ပြီး နှာရိန်မြို့အပါဝင် ကျေးရွာ ၁၈ ကျေးရွာ တည်ရှိတယ်လို့လည်း သိရပါတယ်။

March 2, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှာ တပ်သားစုဆောင်းရာမှာ ဝေဖန်သံတွေ အွန်လိုင်းပေါ်ရောက်မှာ...
February 28, 2026
နှစ်ရှည်လများ အမှောင်ချခံထားရတဲ့ လွတ်မြောက်နယ်မြေဒေသတွေထဲ ချင်းပြည်နယ်ထဲက ဖလမ်း၊ ကန်ပက်လက်၊...
February 26, 2026
အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊လောင်တလိုင်ခရိုင်ဘက်ခြမ်းကနေ ပိတ်ထားတဲ့ အိန္ဒိယ - မြန်မာ ( ပလက်ဝ...
February 25, 2026
“စစ်ကော်မရှင်အနေနဲ့ သူတို့ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့အတွက် ‘...