စစ်အင်အားတိုး၍ ကေ့ာကရိတ်နှင့် နဘူးတွင် ဒေသခံများစိုးရိမ်မှုမြင့်တက်

စစ်အင်အားတိုး၍ ကေ့ာကရိတ်နှင့် နဘူးတွင် ဒေသခံများစိုးရိမ်မှုမြင့်တက်

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ၊ ကော့ကရိတ်နှင့် နဘူးမြို့နယ်တို့တွင် အာဏာသိမ်းစစ်အုပ်စုမှအင်အားတိုးချထားနေသဖြင့် မြို့နေပြည်သူများအကြား တိုက်ပွဲရန်စိုးရိမ်မှုမြင့်တက်နေကြောင်း ဒေသခံလူထုထံမှ သိရသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကတည်းက ကော့ကရိတ်နှင့် နဘူးဘက်ခြမ်းတွင် စစ်အင်အားများ ထပ်တိုးရောက်ရှိနေခြင်းဖြစ်ပြီး ယခုရက်ပိုင်းလည်း အဆမတန်များလာခြင်းကြောင့် လုံခြုံရေးစိုးရိမ်၍ ရှောင်တိမ်းရန်အသင့်ပြင်ထားရကြောင်း နဘူးဒေသခံအချို့က ဆိုသည်။

” စစ်တပ်က စစ်အင်အားတွေထပ်ရောက်လာတယ်။‌ နောင်ထပ္ပံ၊ မြပတိုင်ရွာက‌နေ အပေါ်ဘက်ရွာတွေထိ စစ်အင်အားဖြည့်တင်းလာတယ်။ အချို့ရွာမှာဆို ရွာသား‌တွေ တိုက်ပွဲဖြစ်ရင်ရှောင်ဖို့ အသင့်ပြင်နေကြပြီ”ဟု နဘူးဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ကော့ကရိတ်မြို့တွင် စစ်အုပ်စုက လူအင်အားအပြင် လက်နက်ကြီး၊ လက်နက်ငယ်နှင့် စစ်ဘက်ဆိုင်ရာ သုံးသံချပ်ကာမော်တော်ယာဥ်များပါ ရောက်ရှိလာမှုကြောင့် တပ်လှန့်အနေအထားဖြင့် စစ်ရေးသတိရှိနေရကြောင်းလည်း ကော့ကရိတ်နယ်မြေတွင်လှုပ်ရှားနေသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA သတင်းအရင်းအမြစ်များထံမှ သိရသည်။

” ရန်သူက လူအင်အား၊ လက်နက်အင်အား‌တွေပြင်ဆင်လာတာ မြဝတီကိုတက်ဖို့လား ဘာလုပ်မလဲ သေချာမသိဘူးဆိုတော့ သတိပြုစောင့်ကြည့်ရမယ်”ဟု အမည်မဖော်လိုသူ KNLA တပ်ဖွဲ့ဝင်က ကေအိုင်စီသို့ ပြောသည်။ 

ထိုသို့ နှစ်ဖက်စစ်ရေးအသင့်ပြင်ထားပြီး၊ တင်းမာမှုများကြောင့် တိုက်ပွဲအချိန်မရွေးဖြစ်ပေါ်နိုင်သည်ဟုလည်း ဒေသခံများက ယူဆ သတိထားနေကြသည်။ 

အလားတူ မြဝတီမြို့ တောင်ပိုင်း မင်းလက်ပံ‌ကျေးရွာတွင် စစ်အုပ်စုနှင့်နှစ်ဖက်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်။

ယင်းတွင် ရှေ့ဆက်မတိုးနိုင်သည့်စစ်အုပ်စုသို့ အင်အားတိုးလာသည့်စစ်ကူများထုတ်ပေးနေပြီး ခံတပ်မှနေ၍လည်း လက်နက်ကြီးပစ်ကူခြင်းနှင့် ဒရုန်းသုံးတိုက်ခိုက်ခြင်းတို့ ကူညီလုပ်ဆောင်နေသည်ဟု စစ်မျက်နှာပြင်ရှိတော်လှန်ရေးအင်အားစုထံမှ သိရသည်။

ဓာတ်ပုံ - CJ
September 18, 2026
ကရင်ပြည်၊ ကော့ကရိတ်မြို့နယ် နောင်ထပ္ပံ-နန်းကော်တေး ရွာချင်းဆက်လမ်းတွင် လမ်းသွားလမ်းလာ နန်းကော်...
သံတောင်ကြီးမြို့နယ်အတွင်း ဖာလာစိုက်ပျိုးထားသည့် ဥယျာဉ်ခြံတစ်ခြံအား တွေ့ရစဉ်။ / CJ
September 18, 2026
ပဲခူးတိုင်း၊ တောင်ငူ (တောအူး) ခရိုင်၊ သံတောင်ကြီးမြို့နယ်အတွင်း ဖာလာပေါ်ချိန် ရောက်သော်လည်း...
ပုံဟောင်း / MOI
September 17, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်နှင့် မအူပင်မြို့နယ်တို့တွင် ပြီးခဲ့သည့် သြဂုတ်လမှ စတင်ကာ...
September 17, 2026
စစ်အုပ်ချုပ်ရေးယန္တရား ပြန်လည်ထူထောင်ထားသည့် ကရင်ပြည်၊ ကော့ကရိတ်မြို့ပေါ် ရပ်ကွက်များတွင် လူသူ...