လန်ဆယ်မှာ ကုမ္ပဏီလုပ်ငန်းဆိုက်တစ်ခုမီးလောင်၊ တရုတ်အမျိုးသား ၃ ဦးထိခိုက်

လန်ဆယ်မှာ ကုမ္ပဏီလုပ်ငန်းဆိုက်တစ်ခုမီးလောင်၊ တရုတ်အမျိုးသား ၃ ဦးထိခိုက်

ကချင်ပြည်နယ်၊ ချီဖွေခရိုင် ဆော့လော်မြို့နယ် လန်ဆယ်ရှိ ရွှေတူးဖော်တဲ့ကုမ္ပဏီလုပ်ငန်းဆိုက် တစ်ခုမီးလောင်မှုဖြစ်ခဲ့ပြီး တရုတ်အမျိုးသား ၃ ဦးထိခိုက်ဒဏ်ရာရရှိတယ်လို့ လန်ဆယ်ဒေသ KIA အရာရှိတွေထံမှ သိရပါတယ်။

ဖေဖော်ဝါရီလ ၂ ရက်နေ့ မနေ့ကညနေပိုင်း ၅ နာရီခန့်မှာ လန်ဆယ်ရှိ ဆွတ်ကဘာ (Sutkaba )ကုမ္ပဏီရဲ့ လုပ်ငန်းဆိုက်တွင်း လျှပ်စစ်အပူပေးစက် မီးချောင်းကနေ ရှော့ခ်ဖြစ်ပြီး မီးစလောင်တာဖြစ်တယ်လို့ ဆိုပါတယ်။

 “လူက ၃ ယောက်ထိတယ် ၂ ယောက်က ဒဏ်ရာပြင်းထန်တယ်။ တစ်ယောက်တော့ သိပ်မဆိုးဘူး။ ဒဏ်ရာပြင်းထန်တဲ့ ၂ ယောက်ကိုတော့ တရုတ်နိုင်ငံကို ပို့လိုက်ပြီ။ မီးလောင်လာတာက လျှပ်စစ်အပူပေး မီးစက်ကနေရှော့ခ်ဖြစ်လို့လို့ ကြားတယ်” လို့ လန်ဆယ် KIA အရာရှိတစ်ဦးက ပြောပါတယ်။

လုပ်ငန်းဆိုက်အတွင်း တရုတ်အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ခြားထိခိုက်မှုတော့မရှိဘူးလို့ ပြောပါတယ်။

တစ်ကိုယ်လုံး မီးလောင်ကျွမ်းလို့ ဒဏ်ရာပြင်းထန်တဲ့ တရုတ်အမျိုးသား ၂ ဦးကတော့ တရုတ်နိုင်ငံမှာ ဆေးကုသနေတယ်လို့  သိရပါတယ်။

အခုမီးလောင်သွားတဲ့ ဆွတ်ကဘာကုမ္ပဏီဟာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA နဲ့ တရုတ်လုပ်ငန်းရှင်များပူးပေါင်းပြီး လုပ်ငန်းလည်ပတ်နေတဲ့ကုမ္ပဏီဖြစ်ပြီး လုပ်ငန်းဆိုက် A မီးလောင်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။

“လုပ်ငန်းဆိုဒ်အားလုံးတော့ မလောင်သွားဘူး၊ ယမ်းတွေသိုလှောင်ထားတဲ့ အိမ်တစ်အိမ်မီးလောင်သွားတယ်။ အခြားသူတွေ အလုပ်သမားတွေ ထိခိုက်တာတော့မရှိဘူး။ အဲဒီတရုတ်အမျိုးသား ၃ ဦးပါပဲ” ဟု KIA အရာရှိက ဆက်ပြောပါတယ်။

လန်ဆယ်ဒေသမှာ ၀ကုမ္ပဏီတွေအပါအဝင် တရုတ်လုပ်ငန်းရှင်တွေအမြောက်အများကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ လုပ်ငန်းဆိုက်တွေပေးထားကာ ရွှေတူးဖော်နေတာဖြစ်ပါတယ်။

June 6, 2026
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေနဲ့ ပတ်သက်တဲ့...
June 5, 2026
Zaw Zaw — ရွှေကူမြို့နယ် စီသာရွာက တိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့...
June 4, 2026
စစ်ခေါင်းဆောင် မင်းအောင်လှိုင် အစိုးရလက်အောက်မှာ စစ်တပ်ကို တော်လှန်နေတဲ့အဖွဲ့ အားလုံးပါဝင်တဲ့...
June 3, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း အုပ်စုလိုက် စည်းကမ်းမဲ့ဆိုင်ကယ်မောင်းနှင်မှုတွေကြောင့်...