ဖားကန့်မှာ တိုက်ပွဲပြင်းထန်နေပြီး ပြည်သူတစ်ချို့ပိတ်မိနေ

ဖားကန့်မှာ တိုက်ပွဲပြင်းထန်နေပြီး ပြည်သူတစ်ချို့ပိတ်မိနေ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မှုကျေးရွာဘက်မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဖားကန့်ပြည်သူတွေဆီကနေ သိရပါတယ်။

ဇန်နဝါရီလ ၃၀ ရက်နေ့ကစပြီး စစ်တပ်ဘက်က ဖားကန့်၊ မရှီကထောင်ရပ်ကွက်နဲ့ ယူမာကျေးရွာ နောက်ကျောရှိ ထုံးဘိုကျေးရွာဘက်ကနေ KIA ပူးပေါင်းတပ်ထိန်းချုပ်ရာ ဆိပ်မူရွာဘက်ကို ဦးတည်ပြီး စစ်ကြောင်းထိုးလာရာကနေ တိုက်ပွဲစဖြစ်လာတာလို့ ဖားကန့်မြို့ခံအမျိုးသားတစ်ဦး ပြောပါတယ်။

"စစ်တပ်ဘက်က စစ်ကြောင်းထိုးနေတာဟုတ်တယ်။ အဲဒါကြောင့် တိုက်ပွဲပြန်ဖြစ်နေတာ" လို့ ပြောပါတယ်။

ဒေသခံပြည်သူတွေ ပြောချက်အရ လက်ရှိထိတိုက်ပွဲဆက်လက်ပြင်းထန်နေဆဲပြီး KIA/KPDF တော်လှန်ရေးတပ်တွေက ပိတ်ဆို့တိုက်ခိုက်နေတယ်လို့ KPDF တပ်ဖွဲ့ဝင်တစ်ဦး ပြောပါတယ်။

" သူတို့အင်အားက အနည်းဆုံးမရှိရင် တစ်ရာကျော်မယ်။ ခုလောလာဆယ်တော့ တိုက်ပွဲဖြစ်နေတဲ့အခြေအနေမို့ အသေးစိတ်တော့ နောက်မှထပ်ပြောပါ့မယ်။" လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က ရုတ်တရုတ်စစ်ကြောင်းထိုးလာတာကြောင့် စစ်ကြောင်းထိုးလာရာလမ်းတစ် လျှောက်ရှိ ထုံးဘိုကျေးရွာအပါအဝင် ကျေးရွာတစ်ချို့ကပြည်သူတွေ တိုက်ပွဲကြား ပိတ်မိသူအများအပြားရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်တပ်ဘက်က ဖားကန့်ဗျူဟာကုန်းကန တိုက်ပွဲဖြစ်ပွားရာနေရာဘက်နဲ့ မြို့ပြင်ဘက်ကို လက်နက်ကြီးဆက်တိုက်ပစ်‌နေတယ်လို့သိရပါတယ်။

" ခုလောလာဆယ်က ပိတ်မိနေတဲ့သူတွေလည်း ရှိတယ်။ အခြေနေက အတော်လည်းဆိုးနေတော့ ပြည်သူတွေ မလိုအပ်ရင် အပြင်မထွက်ကြဖို့တော့ ပြောချင်တယ်။ကျနော်တို့လည်း တစ်ခုခုဆို ပြည်သူတွေကို ငှဲ့ညာရတာရှိတဲ့အတွက် မလိုရင်မထွက်တာ အကောင်းဆုံးပါ" လို့ အထက်မှာဖာ်ပြခဲ့တဲ့ KPDF တပ်ဖွဲ့တစ်ဦး ပြောပါတယ်။

ဖားကန့်မှာ အာဏာသိမ်းစစ်ကောင်စစ်တပ်က ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီ (၂၅) ရက်နေ့ ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ လက်နက်ကြီး အပြန်အလှန် ပစ်ခတ်မှုတွေရှိခဲ့ပြီးနောက် ငြိမ်သက်နေခဲ့ရာကနေ တစ်လကျော်အကြာ ဇန်နဝါရီလ ၃၀ ရက်ညမှာ တိုက်ပွဲတဖန်စတင်လာတာဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် ၂၀၂၄ ခုနှစ် ဧပြီလမှာ ဖားကန့်-မြစ်ကြီးနားသွားလမ်းမပေါ်ရှိ နန့်ယား၊နန့်တိန်ကျေးရွာတွေကို KIA ကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမယ့် ၂၀၂၅ ခုနှစ် ဩဂုတ်လမှာ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်က ၅ လဝန်းကျင် ထိုးစစ်ဆင်ပြီး ပြန်လည်ထိန်းချုပ်လိုက်တာဖြစ်ပါတယ်။

စစ်တပ်ရဲ့ တန်ပြန်ထိုးစစ် ၅ လကျော်အတွင်းမှာ ဖားကန့်ရဲ့ လူဦးရေထူထပ်ပြီး ယခင်အုပ်ချုပ်ရေးယန္တရားတွေလည်ပတ်ခဲ့တဲ့ ရွာအကြီးတွေကို စစ်တပ်အာဏာရဖို့ တိုက်ပွဲဖော်ဆောင်ခဲ့ရာမှာ ကားမိုင်း – နန့်ယား ဖားကန့်လမ်းပိုင်း၊ လုံးခင်းကျေးရွာအုပ်စုနဲ့ ဖာကန့်မြို့တွင်းနေရာတော်တော်များများကို စစ်တပ်က ဝင်ရောက်နေရာယူနိုင်ခဲ့တာဖြစ်ပါတယ်။

Most read this week

မြစ်ကြီးနားမြို့၊ ဗလမင်းထင်တံတားအောက် စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်နေတဲ့မြင်ကွင်း
January 31, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရဲ့အထင်ကရဖြစ်တဲ့ ဗလမင်းထင်တံတားကြီးအောက်မှာ...
January 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က ထီးချိုင့်မြို့ကို ပြန်လည်ရရှိရေး တော်လှန်ရေးအင်အားစုတွေဘက်က ဇန်နဝါရီလ ၂၈...
January 29, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ KIA နဲ့ပြည်သူ့စစ်တပ်တို့အကြားတိုက်ပွဲကြောင့်...
January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...