ရွေးကောက်ပွဲမှာ ကျားနီပါတီ(TNDP)က ကိုယ်စားလှယ်လောင်း (၄) ဦး အနိုင်ရ

ရွေးကောက်ပွဲမှာ ကျားနီပါတီ(TNDP)က ကိုယ်စားလှယ်လောင်း (၄) ဦး အနိုင်ရ

ကချင်ပြည်နယ်အတွင်းသာ မှတ်ပုံတင်ထားတဲ့ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) က ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း (၄) ဦးအနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။

ကျားနီပါတီမှ ရှမ်းတိုင်းရင်းသားရေးရာကိုယ်စားလှယ် (ဝန်ကြီး) နေရာကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဦးစိုင်းတင်အောင်က နိုင်သူအကုန်ယူစနစ် (FPTP) မှာ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

အချိုးကျ ကိုယ်စားပြုစနစ် (PR) အရ အမျိုးသားလွှတ်တော်( ၁ ) ဦး နဲ့ ပြည်နယ်လွှတ်တော် မှာ (၂) ဦး တို့ကိုလည်း ရရှိခဲ့တယ်လို့ မနေ့ညက ကျားနီပါတီမှ ထုတ်ပြန်ခဲ့ပါတယ်။

ကျားနီပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နေရာမှာ ဦးစိုင်းစိန်လွင်ဦး ၊ ပြည်နယ်လွှတ်တော်နေရာမှာ ဦးဉာဏ်ထွန်း နဲ့ ဦးဇင်မောင်လွင်တို့က ရွေးကောက်ပွဲ အချိုးကျစနစ်နဲ့ ရရှိခဲ့တာလည်းဖြစ်ပါတယ်။

“ ငါတို့ပါတီက တစ်ပြည်နယ်လုံးမှာ မဲက ဒုတိယရတယ်။ မဲစုစုပေါင်းက နှစ်သောင်းကိုးထောင်ကျော်ရတယ်၊ ဒုတိယပေါ့ ၊ ကြံ့ခိုင်ရေးက ခြောက်သောင်းခုနှစ်ထောင်ကျော်နဲ့သူကပထမရတာ။ ကိုယ်စားလှယ်လည်း သူများတယ်” လို့ ကျားနီပါတီနဲ့ နီးစပ်သူတစ်ဦးက ပြောပြပါတယ်။

ကျားနီပါတီကနေ (၂၀၂၅) ခုနှစ် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် (၃၁) ဦးနဲ့ မိုးညှင်း၊မိုးကောင်း၊မြစ်ကြီးနား၊ ဝိုင်းမော် ၊ မံစီ၊ ဖားကန့် မြို့တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာလည်းဖြစ်ပါတယ်။

“ ဒီမိုကရေစီကို အခြေခံသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်တွေကို လွှတ်တော်တွင်း/ပြင်ပ များမှနေ၍ ဆောာင်ရွက်သွားမယ်” လို့ မနေ့က ဇန်နဝါရီလ (၂၇) ရက်နေ့မှာ ပါတီက ထုတ်ပြန်ခဲ့ပါတယ်။

ကျားနီပါတီက (၂၀၂၅ )ခုနှစ် ရွေးကောက်ပွဲကနေ ငြိမ်းချမ်းရေး ၊ ရှမ်းနီလူမျိုးအမည်မှန်ရရှိရေး၊ တောင်သူလယ်သမားဘဝ မြှင့်တင်ရေးနဲ့ (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတို့လုပ်ဆောင်မယ်လို့ ကတိပြုဟောပြောခဲ့တာလည်းဖြစ်ပါတယ်။

ကချင်ပြည်နယ်အတွင်း အခုရွေးကောက်ပွဲမှာ မြို့နယ် (၁၂ )မြို့သာကျင်းပနိုင်ခဲ့ပြီး ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးပါတီက အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

Most read this week

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...