ကချင်ပြည်နယ် ရှမ်းတိုင်းရင်းသားရေးရာလွှတ်တော်နေရာမှာ TNDP က ရှေ့ပြေးနေ

ကချင်ပြည်နယ် ရှမ်းတိုင်းရင်းသားရေးရာလွှတ်တော်နေရာမှာ TNDP က ရှေ့ပြေးနေ

ကချင်ပြည်နယ် ရှမ်းတိုင်းရင်းသားရေးရာလွှတ်တော်နေရာမှာ ကျားနီပါတီ(TNDP) မှ ကိုယ်စားလှယ်လောင်း ဦးစိုင်းတင်အောင် အနိုင်ရရှိဖို့ မဲရှေ့ပြေးနေတယ်လို့ သိရပါတယ်။

“ ငါတို့ ( ကျားနီပါတီ) က ရှမ်းတိုင်းရင်းသားရေးရာမှာ မဲသုံးထောင်ကျော်လောက် ကွာထားတယ်။ အခုရွှေကူတို့ ၊ ဗန်းမော်တို့ တက်လာလည်း မဲကအဲ့လောက်များတော့ဘူးဆိုတော့ သူက သေချာသလောက်ပါ”လို့ ကျားနီပါတီနဲ့ နီးစပ်သူတစ်ဦးက ပြောပြပါတယ်။

ဦးစိုင်းတင်အောင်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ရှမ်းတိုင်းရင်းသားရေးရာလွှတ်တော်နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး အနိုင်မရရှိခဲ့ပေ။

ရွေးကောက်ပွဲပြီးစီးသွားပေမယ့် ကချင်ပြည်နယ်ထဲက မဲရလဒ်တွေအားလုံးတော့မထွက်ရှိသေးပါဘူး။

မဲရလဒ်တွေကတော့ ရွေးကောက်ပွဲဝင်ပြိုင်တဲ့ ပါတီအသီးသီးက သိရှိထားကြပြီလည်းဖြစ်တယ်လို့ ဆိုပါတယ်။

TNDP က ရှမ်းတိုင်းရင်းသားရေးရာလွှတ်တော် နေရာတစ်နေရာအပြင် PR စနစ် ရွေးကောက်မှုကနေ အမျိုးသားလွတ်တော် (၁)ဦး နဲ့ ပြည်နယ်လွှတ်တော် (၂) ဦး ကိုယ်စားလှယ်တွေရရှိမှာဖြစ်တယ်လို့ ကနဦးသတင်းအရ သိရပါတယ်။

ရွေးကောက်ပွဲ အပိုင်း(၃) ကျင်းပဖို့ ၂ ရက်အလိုမှ ကချင်ပြည်နယ်ထဲက KIA+PDF ပူးပေါင်းတပ်တို့ထိန်းချုပ်ထားတဲ့ မံစီမြို့နဲ့ မိုးမောက်မြို့တို့ကို ရွေးကောက်ပွဲမကျင်းပတော့ကြောင်း ကြေညာခဲ့ပါတယ်။

၂၀၂၅ ခုနှစ် ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက လွတ်တော်နေရာအများဆုံးအနိုင်ရရှိထားပြီး တိုင်းရင်းသားပါတီတွေက အနည်းအကျဉ်းသာ အနိုင်ရရှိထားတာလည်းဖြစ်ပါတယ်။

ရှမ်းနီအသံရဲ့ သတင်းများကိုအောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှူနိုင်ပါသည်။ 

Most read this week

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...