ထိန်းချုပ်ဒေသများတွင် နှစ်လုံး၊ သုံးလုံးနှင့် လောင်းကစား ပြုလုပ်ခြင်းကို AA ပိတ်ပင်

ထိန်းချုပ်ဒေသများတွင် နှစ်လုံး၊ သုံးလုံးနှင့် လောင်းကစား ပြုလုပ်ခြင်းကို AA ပိတ်ပင်

ရခိုင်ပြည်အတွင်းက ထိန်းချုပ်ဒေသများတွင် နှစ်လုံးထီ၊ သုံးလုံးထီနှင့် လောင်းကစားအားလုံး မပြုလုပ်ရန် အာရက္ခတပ်တော် (ULA/AA)က ဒေသန္တရအမိန့်ထုတ်ပြန်ကာ ထပ်မံ ပိတ်ပင်ထားကြောင်း ဒေသခံများထံမှ သိရသည်။

မောင်တော၊ ကျောက်တော် အပါအဝင် AA ထိန်းချုပ်မြို့နယ်အများအပြားတွင် နှစ်လုံး၊ သုံးလုံး၊ လောင်းကစားများ ကျယ်ကျယ်ပြန့်ပြန့်လုပ်လာနေသဖြင့် ထိုသို့ လောင်းကစားများအား ဇန်နဝါရီလ နောက်ဆုံးထားပြီး ပိတ်ပင်ရန် AA က အမိန့်ထုတ်ထားသည်။

သတ်မှတ်ကာလအတွင်း ထပ်မံ လောင်းကစားများ ပြုလုပ်ခြင်း၊ နှစ်လုံး၊ သုံးလုံးထီ ရောင်းချမှုများ ပြုလုပ်ပါက ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း ULA/AA က သတိပေးထားသည်။  

“ချဲ (နှစ်လုံး၊ သုံးလုံး)”ဒိုင်တွေကိုတော့ ခေါ်ပြီး သတိပေးထားတယ်လို့ သိရတယ်။ ဇန်နဝါရီလ နောက်ဆုံးထားပြီး ချဲရောင်းချခွင့် မပြုလုပ်ဖို့ ပြောဆိုထားကာ ထပ်မံရောင်းချခွင့် ပြုလုပ်ပါက ထိရောက်စွာ အရေးယူမယ်လို့ သတိပေးခဲ့တယ်” ဟု မောင်တော ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။  

ရခိုင်တွင် တိုက်ပွဲများကြောင့် ဒေသတွင်း အလုပ်အကိုင်ရှားပါးမှု၊ စစ်ကောင်စီ၏ ပိတ်ဆို့မှုတို့ကြောင့် ဒေသခံများမှာ နေ့စဉ်လူမှုဘဝရပ်တည်ရေးအတွက် စိန်ခေါ်မှုများ ရှိနေကြသည်။

ထိုသို့ အခြေအနေများမှာ ဒေသခံများမှာ အရင်းငွေအနည်းနှင့် အမြတ်ငွေ အများရရှိသည့် နှစ်လုံး၊ သုံးလုံးကို လောင်းကစားကို ဖြတ်လမ်းကနေ လိုက်ကာ လောင်းကစားနွံထဲ နစ်မြှုပ်မှုများဖြစ်ပေါ်နေကြသည်။

လူငယ်အခန်းကဏ္ဍတွင်လည်း ရှေ့ဆက်အနာဂတ်များ ပျောက်ဆုံးနေကြသဖြင့် လောင်းကစား၊ မူးယစ် ဆေးဝါးသုံးစွဲခြင်းစသည့် စိတ်လွတ်ကိုယ်လွတ်ဘက်သို့ ဦးတည်လာနေကြသည်။

“ကျောက်တော်မြို့နယ်မှာလည်း ကျေးရွာတချို့မှာ ချဲ”နှစ်လုံး၊ သုံးလုံး”ဒိုင်တွေကို ခေါ်ယူ စစ်ဆေးပြီး သတိပေးမှုတွေ ရှိတယ်။ ချဲ(နှစ်လုံး၊ သုံးလုံး) ရောင်းတဲ့ အမျိုးသမီးနှစ်ယောက်ကို ဖမ်းဆီးပြီးတော့ ခံဝန်ဂတိနဲ့ ပြန်လွှတ်လိုက်တယ်လို့ သိရတယ်။ ဖဲကစားတဲ့ လူငယ်တွေကိုလည်း ဖမ်းဆီး ဒဏ်ငွေရိုက်တာရှိတယ်လို့ သိရပါတယ်” ဟု ကျောက်တော်မြို့နယ်မှ အမျိုးသားတစ်ဦးက ပြောသည်။  

အာရက္ခတပ်တော်က ထိန်းချုပ်ဒေသများတွင် နှစ်လုံး၊ သုံးလုံး၊ လောင်းကစားပြုလုပ်ခြင်းများကို တားမြစ်ပိတ်ပင်ထားသော်လည်း ဆက်လက်၍ လောင်းကစားပြုလုပ်မှုများ အကြီးအကျယ် ပြန့်နှံ့လာသဖြင့် ယခုကဲ့သို့ ထပ်မံ ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

 

ယခုကာလမျိုးတွင် ပြည်သူများအနေဖြင့် လောင်းကစားဘက်သို့ ယိမ်းယိုင်သွားပါက နောက်ဆက်တွဲ စိုးရိမ်စရာများဖြစ်ပေါ်လာနိုင်ပြီး အာရက္ခတပ်တော်က နှစ်လုံး၊ သုံးလုံးနှင့် လောင်းကစားများအား ပိတ်ပင်ခြင်းမှာ ကောင်းမွန်သော လုပ်ရပ်ဖြစ်သည်ဟု ဒေသခံများက ပြောဆိုထားကြသည်။  

အပေါက်ဝကျေးရွာတွင် ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုအခြေအနေအား ယခုလအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့
June 20, 2026
မိုးတွင်းကာလ ရောက်ရှိလာပြီဖြစ်၍ မိုးရွာသွန်းမှုနှင့်အတူ တောင်ကျရေပြင်းထန်စွာ စီးဆင်းခြင်း၊...
June 20, 2026
ကားကြီး၊ ကားငယ်လေးတွေက လမ်းမပေါ်မှာ အချိန်ပြင်းပြင်းနဲ့ မောင်းနှင်သွားလာနေကြတယ်။ လမ်းမကြီးရဲ့...
June 19, 2026
ရခိုင်ပြည်၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် မန္တလေး-မူဆယ် ရထားလမ်းအပါဝင် တရုတ်-...
ကျောက်တော်ကို အာဏာသိမ်းစစ်တပ်မှ ဗုံးကြဲမှုကြောင့် ထိခိုက်သေဆုံးသူ၏ ရုပ်အလောင်းနားတွင် ငိုကြွေးနေသည့် မိသားစုဝင်အချို့။
June 18, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နှင့် အနီးတဝိုက်ကို မနေ့၊ နေ့လယ်ပိုင်းက အာဏာသိမ်းစစ်တပ်က...