သိမ်ဇရပ်မြို့မှာ လူငယ် ၁၀ ထက်မနည်း စစ်မှုထမ်းဖမ်းဆီးခံရ

သိမ်ဇရပ်မြို့မှာ လူငယ် ၁၀ ထက်မနည်း စစ်မှုထမ်းဖမ်းဆီးခံရ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့မှာ တစ်ပတ်အတွင်း လူငယ် ၁၀ ဦးထက်မနည်း စစ်မှု ထမ်း ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်နေ့ကနေ ဇန်နဝါရီ ၁၄ ရက်နေ့အထိ တစ်ပတ်အတွင်း သိမ်ဇရပ်မြို့မှာ စစ်ကော်မရှင်တပ်က စစ်မှုထမ်းအကြုံးဝင်တဲ့ လူငယ်တွေကို ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေထဲမှာ သိမ်ဇရပ်မြို့ အမှတ် ၁ ရပ်ကွက်နေ မောင်ထက်ရှိုင်းကိုကို၊ ဝါးဒက်ကွင်းကျေးရွာနေ မောင်စည်သူထွန်းအပါအဝင် လူငယ် ၁၀ ဦးထက်မနည်း ဖမ်းဆီးခံလိုက်ရပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကော်မရှင်တပ်ဟာ သိမ်ဇရပ်မြို့ပေါ် ရပ်ကွက်တွေအပါအဝင် ဝါးဒက်ကွင်းနဲ့သုံးခွကျေးရွာ လမ်းပိုင်းတွေမှာ လမ်းသွားလမ်းလာ လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်တွေကို ကနဦးမှာ သိမ်ဇရပ်နယ်မြေရဲစခန်းမှာ ယာယီထိန်းသိမ်းပြီးနောက် မော်လမြိုင်အခြေစိုက် စစ်သားစုဆောင်းရေးတပ်ထံ ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။

အလားတူ ကျိုက်ထိုနဲ့ဘီးလင်းမြို့နယ်တို့မှာလည်း လူငယ်တွေကို စစ်ကော်မရှင်တပ်က စစ်မှုထမ်း ဖမ်းဆီးနေတာကြောင့် လူငယ်အများစု အပြင်ထွက်သွားလာတာ မရှိသလောက် နည်းပါးနေပြီး ပုန်းခိုနေထိုင်တာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ စစ်ကော်မရှင်ရဲ့ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၁ အထိ လူငယ် ၄၀၀၀ နီးပါး စစ်သားစုဆောင်းခံထားရပါတယ်။

July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...