ကျောက်ဖြူမြို့ထဲကပါ စက်သေနတ်နှင့် လက်နက်မျိုးစုံပစ်ခတ်သံများကို ပိုမိုကြားလာရ၍ ဒေသခံများအကြား စိုးရိမ်မှုမြင့်တက်

ကျောက်ဖြူမြို့ထဲကပါ စက်သေနတ်နှင့် လက်နက်မျိုးစုံပစ်ခတ်သံများကို ပိုမိုကြားလာရ၍ ဒေသခံများအကြား စိုးရိမ်မှုမြင့်တက်

ယခင်ကလက်နက်ကြီးပစ်ခတ်သံများကိုသာ ကြားခဲ့ရပြီး ယခုရက်ပိုင်းအတွင်း စက်သေနတ်နှင့် လက်နက်ငယ်မျိုးစုံ ပစ်ခတ်သံများကိုပါ ကျောက်ဖြူမြို့ထဲကပါထပ်မံကြားလာရ၍ မြို့ခံများအပါအဝင် ကျောက်ဖြူမြို့ထဲတွင် ရောက်ရှိနေသူများအကြားစိုးရိမ်မှုမြင့်တက်နေကြောင်း သတင်းရရှိသည်။

မြို့ခံအမျိုးသမီးတစ်ဦးက “ဒီလအစကနေ ပိုကြားလာရတာ။ ညဖက်ဆို ပိုကြားရတယ်။ မနေ့ကညကနေ ဒီနေ့မနက်ထိ စက်သေနတ်ပစ်ခတ်သံတွေ၊ လက်နက်ကြီးကျည်ပစ်ခတ်သံတွေ တော်တော်နီးနီးလေးကြားရတာ။ အရင်ကဆို အဲ့လောက်မကြားရဘူး။ နှစ်ရက်ခြားသုံးရက်ခြားလောက် ခဏလောက်ပဲကြားရတာ။ မြို့ကလူတွေလည်း အကုန်ကြောက်နေကြပြီ။ တခုခုဖြစ်ရင် ပြေးဖို့အပေါက်တောင်ရှာမရဘူး” ဟု နိရဉ္စရာကို ပြောသည်။

လက်နက်ပစ်ခတ်သံများကို အမှတ်(၃၂)ရဲတပ်ရင်း၊ ဒိုးတန်းတောင်၊ သိုင်းချောင်း၊ ဇိုင်ချောင်း၊ ဓညဝတီရေတပ်ဌာနချုပ်ဖက်မှ မြို့ပြင်နေရာအနှံ့အပြားမှနေ့စဉ်ကြားရပြီး မြို့တွင်းကဒေသခံများလည်း တချို့ဆိုလျှင် အထုပ်အပိုးပါပြင်ထားကြရသည်ဟု ဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"ညဖက်ဆိုရင်တောင် အရင်လိုအိပ်မပျော်ဘူး။ တချက်တချက် ကျယ်လောင်သံထွက်တယ်။ တကယ်ဖြစ်နေတဲ့နေရာမှာဆို ဘယ်လောက်တောင် တိုက်ပွဲပြင်းမလဲ။ ပစ်နေလဲမသိဘူး။ မြို့ထဲကပါပစ်သံတွေကို ကြားလာရတယ်။ လူတွေလည်း ထွက်ပေါက်က ရန်ကုန်ကလွဲပြီး ဘာမှမရှိ။ ရေကြောင်းကိုလည်း ပိတ်ထားပြီ။ ကုန်းလမ်းလည်း ပိတ်ထားတယ်။ တိုက်ပွဲနေရာကဝေးပေမယ့် လက်နက်ကျည်တွေကျမှာစိုးရတယ်" ဟု ပြောသည်။

ကျောက်ဖြူမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများသည် လွန်ခဲ့သော နိုဝင်ဘာလ အတွင်း အကြမ်းဖက် စစ်တပ်က ထိုးစစ်ဆင်၍ ကျောက်ဖြူက မိုင် ၂၀ ကျော်ဝေးသည့် သိုင်းချောင်း၊ မင်းပြင်၊ ချောင်း၀၊ ဇိုင်ချောင်းအနားထိ ရောက်ရှိခဲ့သော်လည်း လက်ရှိတွင် မြို့အနီးအနားတွင် ပြန်လည် တိုက်ပွဲ ဖြစ်လာပုံရသည်ဟု သူက ဆိုသည်။

ကျောက်ဖြူမြို့ပြင်တွင်ဖြစ်နေသည့် တိုက်ပွဲများအထဲမှ လက်နက်ကြီးပစ်သံ၊ စက်သေနတ်ပစ်ခတ်သံများကို ယခုဒီဇင်ဘာလ အစမှ စ၍ နေ့ရောညပါကြားနေရသည့်အတွက် လက်နက်ကျည်များကျရောက်မည်ကို မြို့ စိုးရိမ်နေရသည်ဟု သိရသည်။

ကျောက်ဖြူမြို့သည် ရခိုင်ပြည်မှ စစ်အုပ်စု ရွေးကောက်ပွဲ ကျင်းပမည့်  မြို့  ၃ ခုတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ယခုအနေအထားအတိုင်းဆိုလျှင် ကျောက်ဖြူမြို့ပေါ်တွင်လည်း ရွေးကောက်ပွဲ ဖြစ်နိုင်ရန် အလားအလာမမြင်ရဟု သူက ဆိုသည်။

June 1, 2026
(အခုလို အောင်မြင်မှုတွေရရှိလာတာဟာ အာရက္ခစစ်သည်တော်တွေရဲ့ စွန့်လွှတ်အနစ်နာခံ ပေးဆပ်...
May 30, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်ကျောက်ဖြူမြို့မှ ဒေသခံ ၂ ဦးအား လွတ်ရက်စေ့သော်လည်း ပြန်မလွှတ်ဘဲ...
May 29, 2026
ပိုးဝါ — ရခိုင်ပြည်၊ ရမ်းဗြဲ၊ ကျောက်ဖြူ နယ်ခြားဒေသ၊ ပိန္နဲတောင်/မော်ဦးအနီး...
May 28, 2026
ပိုးဝါ — ရခိုင်ပြည်မြို့တော် စစ်တွေတွင် အာဏာသိမ်း အစိုးရမှ ငွေ ၅ သိန်း၊ ဆန်တစ်အိတ်ဖြင့်...