ဂွ ကမ်းရိုးတန်းတလျှောက် ကျေးရွာများကို စစ်နေဗီက လက်နက်ကြီးဖြင့် နေ့စဉ်ပစ်ခတ်နေ

ဂွ ကမ်းရိုးတန်းတလျှောက် ကျေးရွာများကို စစ်နေဗီက လက်နက်ကြီးဖြင့် နေ့စဉ်ပစ်ခတ်နေ

ရခိုင်ပြည်၊ ဂွမြို့ကမ်းရိုးတန်းတစ်လျှောက်ရှိ ကျေးရွာများအား စစ်ကောင်စီက ပင်လယ်ပြင်နေဗီများမှ လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်နေ၍ လုံခြုံရေးခြိမ်းခြောက်ခံနေကြောင်း ဒေသခံများက ပြောကြသည်။ 

နိုဝင်ဘာ ၂၅ ရက် ညအချိန်တွင် စစ်ကောင်စီ လက်နက်ကြီး ၈ ကြိမ်ထက်မနည်းပစ်ခတ်ခဲ့ပြီး ဂွမြို့နယ်၊ အောင်ချမ်းသာကျေးရွာအတွင်း ကျရောက်ပေါက်ကွဲမှုရှိခဲ့ကာ လူထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။  

ပြီးခဲ့သည့် နိုဝင်ဘာ ၂၁၊ ၂၂ ရက်နှင့် ၂၃ ရက်နေ့တွင်လည်း ဂွမြို့အနီးတဝိုက်ကို စစ်ကောင်စီက လက်နက်ကြီး အကြိမ်ရေ ၂၀ ထက်မနည်းပြုလုပ်ခဲ့သည်။ 

ထိုသို့ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ဂွမြို့နယ် ကမ်းရိုးတန်းတစ်လျှောက် ပစ်ခတ်မှုများလုပ်နေ၍ ကမ်းခြေအနီးကျေးရွာများမှ ဒေသခံများမှာ အသက်အန္တရာယ်လုံခြုံရေး စိုးရိမ်မှုမြင့်တက်နေကြသည်။  

“စစ်ကောင်စီနေဗီတွေက လက်နက်ကြီးနေ့တိုင်းဆိုသလို ပစ်တယ်။ နေဗီတွေအများကြီး သွားလာတွေ တာတွေ လည်းတွေ့တယ်။ ဒေသခံတွေဆိုလည်း လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေရင် ပြန်ပြီး ထိုးစစ်ဆင်လ မလား၊ ဘယ်နေရာကို ထပ်ပြီးစစ်ဘေးရှောင်ရမလဲဆိုပြီးတော့ စိုးရိမ်ကြတာပေါ့” ဟု ဂွမြို့နယ်မှ အမျိုးသားတစ်ဦးက ပြောသည်။

တစ်ဖက်တွင် စစ်ကောင်စီနေဗီများက ကမ်းခြေပင်လယ်ပြင်တကြော သွားလာလှုပ်ရှားနေမှုနှင့်အတူ လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်မှုနေ၍ ဒေသခံရေလုပ်သားများမှာ ငါးဖမ်းလုပ်ငန်းမလုပ်နိုင်ဘဲ စားဝတ်နေရေးကျပ်တည်းမှုပါ ရင်ဆိုင်နေကြရသည်။ 

ရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ စစ်ကောင်စီသည် ရခိုင်က အာရက္ခတပ်တော်ထိန်းချုပ်ထားသော သံတွဲ၊ ဂွ၊ တောင်ကုတ်နှင့် အမ်းမြို့တို့ကို ထိုးစစ်ဆင်ရန် နည်းမျိုးစုံဖြင့် အသည်းအသန်ကြိုးပမ်းနေသည်။ 

တဆက်တည်းတွင် စစ်ကောင်စီက ထိုမြို့နယ်များကို လက်နက်ကြီး၊ လေကြောင်းနှင့် ပင်လယ်ပြင်နေ ဗီများဖြင့်ပစ်ခတ်ကာ စစ်ရေးအရ တိုက်ခိုက်မှုများကို လုပ်ဆောင်လျက်ရှိနေသည်။ 

“စစ်ကောင်စီဖက်ကတော့ ဂွဖက်ကို ဦးတည်ပြီး ဘယ်လိုပဲစစ်ကြောင်းထိုးလာပါစေ၊ ရခိုင်တောင်ပိုင်း ဝင်ပေါက်တွေကို AA နဲ့ပူးပေါင်းတပ်တွေက ပိတ်ဆို့ထားတဲ့အတွက် ထိုးဖောက်ဖို့ကတော့ မလွယ်ဘူး။ ဆိုတော့ စစ်ကောင်စီ လုပ်နေကျအတိုင်း လေကြောင်း၊ ရေကြောင်းကနေ အရပ်သားတွေကို ပစ်မှတ်ထားပြီးတိုက်ခိုက်တာတွေ လုပ်လာ နိုင်ခြေရှိတယ်။ တောင်ပိုင်းဒေသတွေတော့ လုံခြုံရေးသတိထားရမယ့်အခြေအနေပေါ့” ဟု ရခိုင်စစ်ရေးလေ့လာ နေသူတစ်ဦးကပြောသည်။

လက်ရှိ စစ်ကောင်စီက ဂွမြို့နယ်ကို ဦးတည်ပြီး ဧရာဝတီတိုင်းမှတစ်ဆင့် ထိုးစစ်ဆင်လာနေသဖြင့် သာပေါင်း၊ ပုသိမ်၊ ရွှေသောင်ယံနှင့် မကျီးဇင်ကျေးရွာအနီးတို့တွင် အာရက္ခတပ်တော်ပူးပေါင်းတပ်တို့ နှင့် တိုက်ပွဲပြင်းထန်နေသည်။ 

မောင်တော ၃ မိုင် လမ်းဆုံကို ၂၀၂၅ ဇူလိုင်လက တွေ့ရစဉ်။ ဓာတ်ပုံ - DMG
July 2, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားရာ မောင်တောမြို့နှင့် အနီးတဝိုက်ကို ဇွန် ၁ ရက် ညဉ့် ၁၀ နာရီကျော်တွင်...
ကျောက်တော်မြို့နယ်မှ လယ်ယာမြေများကို ပြီးခဲ့သည့် ရက်ပိုင်းက တွေ့ရစဥ်။ ဓာတ်ပုံ - DMG
July 1, 2026
ရခိုင်ပြည်အတွင်း လယ်ယာမြေပိုင်ဆိုင်သူများအနေဖြင့် လယ်ယာမြေများကို ခွင့်ပြုချက်မရှိဘဲ...
ဖားကန့်‌ဒေသတွင်း မြေစာပုံပြိုကျ၍ သေဆုံးသွားသူရုပ်အလောင်းများအား ရှာဖွေနေစဥ်။ ဓာတ်ပုံ - ပေးပို့
June 30, 2026
ကချင်ပြည်နယ်၊ ဖားကန့်ဒေသ နမ့်မှော်‌ကျေးရွာ သုံးသိန်းမှော်ဘက် မြေစာပုံပြိုကျမှုတွင် သေဆုံးသူ ၇...
ကျောက်ဖြူမြို့အဝင်ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ နောက်ဆုံးအပတ်က တွေ့ရစဉ်။ ဓာတ်ပုံ - DMG
June 29, 2026
အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားသော ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်တွင် အခြေခံစားနပ်ရိက္ခာ...