မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းများနှင့် စစ်ကျန်လက်နက်ပစ္စည်းများကြောင့် ဒဏ်ရာရသူများ အမှန်တကယ် မည်မျှရှိသည် ကို တိကျစွာ မသိနိုင်သေးသည့်အပြင် ကျေးလက်ဒေသတွင် နေထိုင်သူများသည် ပိတ်ဆို့မှုများကြောင့် ဆေးကုသမှုရ ရှိဖို့ပင် အလွန်ခက်ခဲလျက်ရှိသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ထုတ်ပြန်ခဲ့သော ကမ္ဘာ့မြေမြှုပ်မိုင်း စောင့်ကြည့်လေ့လာရေး အစီရင်ခံစာ၏ နောက်ဆုံး စာရင်းဇယားများအရ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် နှစ်စဉ် မြေမြှုပ်မိုင်းနှင့် အခြားသော ပေါက်ကွဲလက်နက်ပစ္စည်း များကြောင့် ဘေးသင့်မှု အများဆုံးနိုင်ငံဖြစ်ကြောင်း ဖော်ပြထားသည်။ UNICEF ၏ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ်အ တွင်း မှတ်တမ်းတင်နိုင်ခဲ့သော ဒဏ်ရာရသူနှင့် သေဆုံးသူပေါင်း ၁,၀၅၂ဦး ရှိခဲ့သည်။ နောက်ထပ် မြေမြှုပ်မိုင်းစောင့် ကြည့်လေ့လာရေး အစီရင်ခံစာအသစ်ကိုမူ ယခုနှစ် နိုဝင်ဘာလကုန်ပိုင်းတွင် ထုတ်ပြန်မည်ဖြစ်သည်။
သို့ရာတွင် တချို့စာရင်းများသည် မှတ်တမ်းတင်နိုင်ခြင်းမရှိသဖြင့် အမှန်တကယ် ထိခိုက်ခံစားရသူ အရေအတွက်မှာ များစွာ ပိုမိုမြင့်မားနိုင်သည်။ ခြေတုလက်တုများကို ထောက်ပံ့ပေးနေသော The Leprosy Mission Myanmar (TLMM) မှလည်း မိုင်းဘေးသင့်သူ ၁၀၀ ဝန်းကျင်ကို ကူညီထောက်ပံ့ထားသည်။
“စစ်တွေမြို့တင်မဟုတ်ဘဲ ရခိုင်ပြည်နယ်တစ်ဝှမ်းလို့ ခန့်မှန်းကြည့်ရင် မိုင်းဘေးသင့်သူက အယောက် ၁,၀၀၀ လောက် အထိ ရှိနိုင်တယ်။ အရေအတွက်က သိသိသာသာ မြင့်တက်လာနေတာ ထင်ရှားနေပါတယ်။ ဒါပေမယ့် တိကျတဲ့ အရေ အတွက်ကိုတော့ ကျွန်တော်တို့ မသိရသေးဘူး။ ဒီလိုအချက်အလက်တွေကို စုဆောင်းရတာလည်း မလွယ်ကူပါဘူး။” ဟု TLMM ၏ မြန်မာနိုင်ငံအကြီးအကဲ ဒေါက်တာဇော်မိုးအောင်က Insight Myanmar Podcast သို့ ပြောကြားခဲ့ သည်။
နိုင်ငံအနှံ့အပြားရှိ ဒေသများစွာရှိ ကလေးများသည် ပဋိပက္ခဒဏ်ကို ခံစားနေရသော်လည်း ၂၀၂၀ ခုနှစ်တုန်းက မိုင်း ဘေးသင့်ကလေးငယ် အားလုံး၏ ဖြစ်ရပ်များသည် ရခိုင်တွင်သာရှိခဲ့ကြောင်း ဒေါက်တာဇော်မိုးအောင်က ဆိုသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ခုနှစ်မှ ၂၀၂၄ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ရခိုင် အပါအဝင် ချင်း၊ ကရင်၊ ကရင်နီနှင့် ရှမ်းပြည်နယ်များနှင့် ပဲခူး၊ မကွေး၊ စစ်ကိုင်းတိုင်းဒေသကြီးများတွင်ပါ ဖြစ်ရပ် အရေအတွက် မြင့်တက်လာခဲ့ပြီး ယခုအချိန်တွင် နိုင်ငံတဝှမ်းလုံးရှိ ကလေးများအတွက် ကြောက်မယ်ဖွယ်ကောင်းသော တိုးတက်မှု ဖြစ်နေသည်။
၁၈၉၈ ခုနှစ်တွင် တည်ထောင်ခဲ့သော ခရစ်ယာန် NGO တစ်ခုဖြစ်သည့် TLMM ကို မြန်မာနိုင်ငံသားများက ဦးဆောင် လျက်ရှိပြီး မူလတာဝန်ဖြစ်သော အနာကြီးရောဂါခံစားနေရသူများအား ဝန်ဆောင်မှုပေးရန် အဓိကထားလျက်ရှိသည်။ ယခုအခါတွင် မသန်စွမ်းသူအားလုံးကို စောင့်ရှောက်မှုပေးရန် ချဲ့ထွင်လုပ်ကိုင်လျက်ရှိသည်။
၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံသည် ကုလသမဂ္ဂကလေးသူငယ်အခွင့်အရေးကော်မတီသို့ ပေးပို့ခဲ့သော အစီရင်ခံစာတွင် ကလေးများသည် မိုင်းများနှင့် မပေါက်ကွဲသေးသော ခဲယမ်းများကြောင့် သေဆုံးဒဏ်ရာရနေကြောင်း ဝန်ခံခဲ့သည်။ ထို့ နောက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ မိုင်းလုပ်ငန်းများ ဝင်ရောက်လာနိုင်ရန် အခွင့်အလမ်း ပိုမိုရရှိခဲ့သည်။ ထိုအချိန်က မြန်မာနိုင်ငံဆိုင်ရာကြက်ခြေနီအသင်းမှ ဖားအံတွင် လည်ပတ်နေသည့် စင်တာနှင့် ရန်ကုန်ရှိ အမျိုးသားပြန်လည်ထူထောင်ရေးဆေးရုံတို့သာ ခြေတု လက်တုပစ္စည်းများ ဝန်ဆောင်မှုပေးနိုင် သည့်နေရာနှစ်ခုသာ ရှိခဲ့သည်။
“မန္တလေးလို ဝေးတဲ့နေရာကနေ တစ်ယောက်ယောက် လာရမယ်ဆိုရင် ဒီနေရာနှစ်ခုကို သွားဖို့အတွက် အချိန်အကြာ ကြီး ယူရမယ်။ ဘယ်အချိန်မှာ ချိန်းဆိုမှုရမယ်ဆိုတာလည်း မသိရဘူး။ ခြေလက်အတု လိုအပ်နေသူတစ်ဦးအတွက်ဆို ရင် လက်တွေ့မှာ မဖြစ်နိုင်တဲ့ကိစ္စတစ်ခုပါပဲ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ကိုယ်တိုင်က စင်တာသေးသေးလေးတစ်ခု ထောင်ဖို့ လှုံ့ဆော်လိုက်ရတာပါ။ တစ်ချိန်တည်းမှာပဲ ဒီလိုပွင့်လင်းလာတာနဲ့အမျှ လူသားချင်းစာနာထောက်ထားမှုဆိုင် ရာ မိုင်းလုပ်ငန်းတွေနဲ့အတူ ဘေးသင့်သူများအား ကူညီရန်အတွက် အရင်းအမြစ်တွေ ယူဆောင်လာနိုင်တယ်။”ဟု ဒေါက်တာဇော်မိုးအောင်က ဆိုသည်။
ထိုကဏ္ဍကြီးထွားလာသည်နှင့်အမျှ ၂၀၁၅ နှင့် ၂၀၁၆ ခုနှစ်များတွင် မန္တလေး၊ မြစ်ကြီးနားနှင့် ကျိုင်းတုံမြို့များတွင် အစိုးရက ကြီးကြပ်သည့် စင်တာသုံးခု ထပ်မံဖွင့်လှစ်နိုင်ခဲ့ပြီး TLMM သည် ၎င်းတို့နှင့် ခြေလက်အတုပစ္စည်းများ ထောက်ပံ့ပေးရာတွင် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် အတည်ပြုခဲ့သော ကျယ်ပြန့်သည့် မသန်စွမ်း အခွင့်အရေးများ ဥပဒေကလည်း လေ့ကျင့်ရေးနှင့် လူထုစည်းရုံးရေးလုပ်ငန်းများကို အားဖြည့်ပေးနိုင်ခဲ့သည်။
စစ်အာဏာသိမ်းမှုနှင့် ပဋိပက္ခများသည် ယခုတိုးတက်မှုအား ကြီးမားစွာ နောက်ပြန်ဆုတ်သွားစေခဲ့သည်။ “အစိုးရ ဘက်ကတော့ ၂၀၂၁ ခုနှစ်က CDM လှုပ်ရှားမှုကြောင့် ပညာရှင်တွေနဲ့ ဝန်ထမ်းတွေ ထွက်သွားတဲ့အတွက် စွမ်းဆောင် ရည်တွေ သိသိသာသာ ကျဆင်းသွားတယ်ဆိုတာ နားလည်နိုင်ပါတယ်။”ဟု ဒေါက်တာဇော်မိုးအောင်က ဆိုသည်။
မကြာသေးမီက ငလျင်ကြီးအပြီးတွင် မန္တလေးရှိလုပ်ငန်းများ ပြန်လည်စတင်ခဲ့သော်လည်း ဝန်ထမ်းအင်အားနှင့်ပတ် သက်၍ ပြဿနာများ ရှိနေဆဲဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ ထို့ကြောင့် ၂၀၂၁ ခုနှစ်မှစ၍ TLMM စင်တာများတွင် ၎င်းတို့၏ဝန်ဆောင်မှုများအတွက် တောင်းဆိုမှုများ တိုးလာခဲ့ပြီး ခြေလက်တုပစ္စည်းများ ဝန်ဆောင်မှုအတွက် စောင့်ဆိုင်းရသူများ ရှိနေသည်။ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားရေး မိတ် ဖက်အဖွဲ့အစည်းများက အဖွဲ့အား ကူညီထောက်ပံ့ပေးခြင်းဖြင့် ဝန်ထမ်း ၁၆ဦး၊ ဆေးခန်း ၂ခန်းနှင့် တောင်ငူ၊ ပခုက္ကူ၊ စစ်တွေမြို့များတွင် အလုပ်ရုံ သုံးခုအထိ တိုးချဲ့လုပ်ဆောင်နိုင်ခဲ့သည်။
ပဋိပက္ခကြောင့် ဒဏ်ရာရသူများ အရေအတွက် မြင့်တက်လာသည်နှင့်အတူ အသုံးအဆောင်နှင့် စောင့်ရှောက်မှုဆိုင် ရာ အတားအဆီးများလည်း မြင့်တက်လာခဲ့သည်။ ဘေးသင့်သူများမှာ ၎င်းတို့ကို လက်နက်ကိုင်အဖွဲ့များနှင့် ဆက်စပ်မှု ရှိသည်ဟု စွပ်စွဲခံရမည်ကို ကြောက်ရွံ့နေကြရသဖြင့် ဒဏ်ရာရကြောင်း ဖွင့်ဟဝန်ခံရန် ဝန်လေးနေကြသည်။ အထူးသ ဖြင့် ပဋိပက္ခဒေသများမှ နိုင်ငံသားစိစစ်ရေးကဒ်ပြား (CI) ကိုင်ဆောင်ထားသူများအတွက် ခရီးသွားလာရေး ကန့်သတ် ချက် လိုအပ်နေသူများအား ကာကွယ်စောင့်ရှောက်မှုရယူရန် ပိတ်ပင်မှုဖြစ်နေသည်။
ဤအခက်အခဲများကို ဖြေရှင်းရန် ဆေးခန်း(Clinic)များက ကူညီပေးသော်လည်း ဤနည်းလမ်းတွင်လည်း မှန်ကန်ခိုင် မာသော လျှပ်စစ်မီးရရှိရေး၊ ဒေသခံလူထုနှင့် ယုံကြည်မှုတည်ဆောက်ရေး စသည့်စိန်ခေါ်မှုမျိုးစုံ ရှိနေသေးသည်။ TLMM ၏ လူမှုရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုပုံစံသည် ရုပ်ပိုင်းဆိုင်ရာ ကုထုံးများ၊ ခြေတုလက်တုပစ္စည်းများ ပြုလုပ်တပ်ဆင်ခြင်းနှင့်အတူ စိတ်ဒဏ်ရာကုထုံးများ၊ လူမှုစိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုများ၊ အခြေခံလိုအပ်ချက်များနှင့် လူမှုရေးပိုင်းဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးအတွက် အကူအညီများ ပါဝင်သော ရေရှည်လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ ကလေးများအတွက်မူ ကလေးကြီးထွားလာသည်နှင့်အမျှ ခြေတုလက်တု အစိတ်အပိုင်းအသစ်များ ထပ်မံ ပြုလုပ်ပေး ရန်နှင့် ကလေးအား စောင့်ရှောက်သူများအား ထောက်ပံ့ရန် လိုအပ်ချက်များ ရှိနေသေးသည်။
ဤလူ့အခွင့်အရေး အခြေပြု ထောက်ပံ့မှုပုံစံသည် မသန်စွမ်းသူများအား ၎င်းတို့ကိုယ်တိုင်၏ လှုပ်ရှားမှုများအတွက် တက်ကြွစွာ ပါဝင်နိုင်သူများအဖြစ် အလေးပေး ဖော်ပြသည်။ ဒေါက်တာဇော်မိုးအောင်၏ အတွေ့အကြုံအရ၊ မသန် စွမ်းသူများသည် ဘဝတူ အခြားမသန်စွမ်းများအတွက် အထိရောက်ဆုံး ပံ့ပိုးကူညီမှုများ ပေးနိုင်သူများလည်းဖြစ်ကာ မသန်စွမ်းမှုဒဏ်ကို ကျော်လွှားပြီး လူ့အသိုင်းအဝိုင်းအတွင်း တန်းတူအဖွဲ့ဝင်အဖြစ် ပြန်လည်ရပ်တည်နိုင်သော အောင် မြင်မှုပုံရိပ်များပင် ဖြစ်ပေသည်။







