ဂုတ်ကြီးရွာတိုက်ပွဲတွင်စစ်ကောင်စီအထိနာနေ၍လေကြောင်းကနေအပြင်းအထန်ဗုံးကြဲနေ

ဂုတ်ကြီးရွာတိုက်ပွဲတွင်စစ်ကောင်စီအထိနာနေ၍လေကြောင်းကနေအပြင်းအထန်ဗုံးကြဲနေ

အမ်း-ပဒါန်းလမ်းရှိ နတ်ရေကန်တောင် လေကြောင်းရန် ကာကွယ်ရေးစခန်းသို့ ထိုးဖောက်နေသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းနှင့် အာရက္ခတပ်တော် (AA) ဦးဆောင်သော မဟာမိတ်ပူးပေါင်းတပ်တို့သည် ဂုတ်ကြီးကျေးရွာအရှေ့ဖက်တွင် နှစ်ဖက် တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က အထိနာနေသဖြင့် လေယာဉ်များဖြင့် အပြင်းအထန် ဗုံးလာကြဲနေသည်ဟု သတင်းရရှိသည်။  

အင်အား ၃၀၀ ခန့်ကို စစ်ကြောင်း နှစ်ကြောင်းခွဲကာ ရှေ့ဆင့် နောက်ဆင့် ဖြန့်ခွဲ ထိုးစစ်ဆင်လာရာ AA ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲများက ဂုတ်ကြီးကျေးရွာအရှေ့ဖက်တွင် ကြားဖြတ် တိုက်ခိုက်ရာ အကြမ်းဖက်စစ်တပ်က အကျဆုံးများနေသည်ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်က နိရဉ္စရာကို ပြောသည်။

“နှစ်ဖက်တိုက်ပွဲကတော့ ပြင်းပြင်းထန်ထန် ဖြစ်နေတယ်။ သိရသလောက်တော့ စစ်တပ်က ပထမစစ်ကြောင်း အကျဆုံးများနေလို့ သိရတယ်။ ဒီအတွက် မနေ့ကဆို လေကြောင်းက အကြီးအကျယ် ပစ်ကူပေးနေတယ်။ လေယာဉ်ပေါ်က စစ်သေနတ်တွေနဲ့ပါ ပစ်တာ” ဟု ပြောသည်။

အလားတူ စစ်ကောင်စီသည် Y12 လေယာဉ်ဖြင့် ယမန်နေ့ ညနေဖက် ၄ နာရီ ၃၀ မိနစ်တွင် ပိတ်မိနေသော နတ်ရေကန်ဗျူဟာကုန်းသို့ ထောက်ပို့ပစွည်းများ လာရောက်ချပေးခဲ့သည်ဟု မျက်မြင် ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။

“လေယာဉ်က ပစ္စည်းမချခင် အနီးအနားကျေးရွာ ပတ်ဝန်းကျင်ကို ဗုံးချတယ်။ ပြီးတော့ ပစွည်း ချတယ်” ဟု ပြောသည်။

အဆိုပါ ထောက်ပို့လေယာဉ်သည် ဂုတ်ကြီး၊ လင်းတဲ၊ စွန်တက်၊ ပဇီစသည်ကျေးရွာနှင့် နတ်ရေကန်တောင် ပတ်ဝန်းတို့ကို ပစွည်းမချခင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ထောက်ပို့ပစ္စည်းများကို ဗျူဟာကုန်းသို့ တိုက်ရိုက်ချပေးခဲ့သည်ဟု ဆိုသည်။

မြန်မာအကြမ်းဖက်စစ်တပ်သည် ပိတ်မိနေသော နတ်ရေကန်တောင် လေကြောင်းရန်ဗျူဟာစခန်းကို စစ်ကြောင်းများ စုဖွဲ့ပြီး အသည်းအသန် ထိုးဖောက်ရာတွင် ယနေ့အချိန်ထိ ထိုးဖောက် မရောက်နိုင်ဘဲ ဖြစ်နေသည်ဟု သိရသည်။

Photo credit - social media

February 28, 2026
ကျော်သီဟ — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ စစ်ရှောင်စခန်းရှစ်ခုအတွက်...
February 27, 2026
ခိုင်လူလှ (ရိုးမမြေ) — ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရပြီး အချုပ်ကျကာ လွတ်ရက်စေ့၍ ပြန်ပို့ခံရသည့်...
February 26, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ စစ်တွေမြို့အခြေစိုက် စစ်ကော်မရှင်တပ်ရင်းများနှင့် နေဗီများက...
February 25, 2026
ကျော်သီဟ — ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာဗုံးကြဲခံရမှုအတွင်း သေဆုံးသူအရပ်သား...