ညောင်ခြေထောက်ရှိ ကပစ(၆)စက်ရုံနှင့် ၂ မိုင်ခွဲကျော်ခန့်တွင် တိုက်ပွဲ ဖြစ်ပွားနေပြီး AA နှင့် ပူးပေါင်းတပ်ဖွဲ့များက ယာယီကာကင်းစခန်းတချို့ကို ဆက်လက်သိမ်းပိုက်

ညောင်ခြေထောက်ရှိ ကပစ(၆)စက်ရုံနှင့် ၂ မိုင်ခွဲကျော်ခန့်တွင် တိုက်ပွဲ ဖြစ်ပွားနေပြီး AA နှင့် ပူးပေါင်းတပ်ဖွဲ့များက ယာယီကာကင်းစခန်းတချို့ကို ဆက်လက်သိမ်းပိုက်

ညောင်ခြေထောက်ရှိ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ ကပစ(၆)နှင့် ၂ မိုင်ခွဲကျော်ခန့်တွင် အာရက္ခတပ်တော် ( AA) ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး တော်လှန်ရေးတပ်ဖွဲ့များက ယာယီကာကင်းစခန်းတချို့ကို ဆက်လက် သိမ်းပိုက်ထားကြောင်း သတင်းရရှိသည်။

မြေပြင်သတင်းရင်းမြစ်တစ်ဦးက “ကပစ(၆) စက်ရုံအနားက ယာယီကုန်းတွေကို ရထားတယ်။ လက်နက်ခဲယမ်းတွေလည်း ရထားတယ်။ ထိုးစစ်ကတော့ စက်ရုံနဲ့ ၂ မိုင်ကျော်လောက်မှာ တိုက်ပွဲကတော့ အသားကုန်ပြင်းနေတယ်” ဟု နိရဉ္စရာကို ပြောသည်။

ယခုတိုက်ပွဲဖြစ်ပွားနေသော နေရာသည် ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့အနီးရှိ ညောင်ခြေထောက်နှင့် (ခန့်မှန်း) ၂ မိုင်နီးပါးခန့်နှင် ကပစ(၆) နှင့် ၂ မိုင်ခွဲကျော်ခန့်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

တိုက်ပွဲမှာ ယနေ့နံက်အထိ ပြင်းထန်နေပြီး အကြမ်းဖက်စစ်တပ်၏ ယာယီကာကင်းစခန်းတချို့ကို AA ဦးဆောင်သည့် ပူးပေါင်းတော်လှန်ရေးတပ်တို့က ထပ်မံသိမ်းပိုက်ထားသည်ဟု ဆိုသည်။ 

တိုက်ပွဲများသည် ဥသျှစ်ပင်မြို့နယ်၊ ညောင်ခြေထောက်အနီးရှိ ကပစ(၆) နှင့် မသုန်ရွာအနီးရှိ ကပစ(၁၆)နှင့် ၂ မိုင်ခွဲကျော်တို့တွင် နေ့စဉ်ရက်ဆက် ဖြစ်ပွားနေပြီး AA ဦးဆောင်သည့် ပူးပေါင်းတော်လှန်ရေးတပ်တို့၏ ထိုးစစ်ကြောင့် တိုက်ပွဲအရှိန်အဟုန် ပြင်းနေပြီ အကြမ်းဖက်စစ်တပ်ဖက်မှ လေကြောင်းအားကိုးဖြင့်သာ ခုခံကာကွယ်နေရသည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိနရဉ္စရာကို ပြောသည်။

“စစ်ကောင်စီရဲ့ အဓိကအရေးကြီးတဲ့ ကပစတွေအနားထိ တိုက်ပွဲက ရောက်နေတယ်။ စစ်တပ်ကအထိနာလို့ နောက်ဆုတ်ရင်း တဖြည်းဖြည်းနီးလာတယ်။ စစ်ကောင်စီဖက်ကတော့ ကာကင်းတွေ၊ ယာယီစခန်းတွေ အထပ်ထပ်ရှိတယ်။ အဲ့ဒီစခန်းတွေလည်း တခုပြီး တခု ကျနေတဲ့သဘော ရှိတယ်။ လက်ရှိတော့ အပြန်အလှန်ပြင်းတုန်း။ လေကြောင်းကတော့ လက်နက်အလကားရသလား အောက်မေ့ရတယ်။ ပစ်တာကတရစပ်ပဲ” ဟု ပြောသည်။

အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းအချို့သည် ညောင်ကျိုးနှင့် ညောင်‌ခြေထောက်ကြားရှိ တောင်ကုန်းနေရာအချို့တွင် ယာယီအခြေချနေထိုင်ပြီး AA ထိန်းချုပ်နယ်မြေသို့ စစ်ကြောင်းထိုး တက်လာသဖြင့် ဩဂုတ်လအစပိုင်းမှ စတင်ကာ ယခုထိ တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်။

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ပုဂံဂွေ့ (ပန်းကန်ကွဲ) ကျေးရွာ တောင်ဘက်၊ (၉)ကီလိုမီတာအကွာအဝေး၌ ရှိသော ဖက်ဆစ်အကြမ်း ဖက်စစ်ကော်မရှင်၏ (၆၆၆)ပွိုင့်ကုန်းကို အာရက္ခတပ်တော်မှ အောက်တိုဘာလ (၁၄) ရက်၊ နံနက် (၉) နာရီ (၀၅) မိနစ်အချိန်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးတိုက်ပွဲ ၃ နာရီ အကြာတွင် သိမ်းပိုက်ရရှိခဲ့သည်။

ယင်းသို့ သိမ်းပိုက်ပြီး အောက်တိုဘာ ၂၆ ရက်နေ့က (၆၆၆) ပွိုင့်ကုန်းကို အကြမ်းဖက်စစ်တပ်မှ ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်ရာ အောင်မြင်မှုမရသည့်အပြင် လူနှင့် ရိက္ခာထောက်ပို့ လုပ်နေသည့် စစ်တပ်ကြားစခန်းတစ်ခုကိုပါ လက်လွှတ်လိုက်ကြောင်း သိရသည်။

အာရက္ခတပ်တော်နှင့် ပူးပေါင်းတော်လှန်ရေး တပ်ဖွဲ့များသည် ပုသိမ်-မုံရွာလမ်းမကြီး အနောက်ဘက်ခြမ်းတွင် ရှိသောကပစ-၅ (ကမြိုင်)၊ ကပစ-၁၆ (မသုန်)၊ကပစ-၆ (ညောင်ခြေထောက်)နှင့်ကပစ-၉ (ကျောက်ဖူး)တို့ကို သိမ်းပိုက်ထိန်းချုပ်ရန် ရည်ရွယ်ထားပုံရသည်ဟု စစ်ရေးလေ့လာသုံးသပ်သူများက ခန့်မှန်းထားကြသည်။

ရိက္ခာပြတ်ရာမှ ၆၆၆ ပွိုင့်ကုန်းက အတင်းတိုးထွက်လာသော စစ်တပ်စစ်ကြောင်း AA ဆီမှာ ချေမှုန်းခံရ
December 4, 2025
စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပွိုင့် ၆၆၆ စခန်းမှထွက်ခွာလာတဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ခုကို...
December 3, 2025
မကွေးတိုင်း၊ မင်းတုန်းမြို့တွင် စစ်ရှောင်နေသည့် ရခိုင်လူငယ်သုံးဦးသည် အကြမ်းဖက်စစ်တပ်ထံ...
December 2, 2025
အာရက္ခတပ်တော် (AA)သည် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ သိုင်းချောင်းဆည်နှင့် မင်းပြင် မိုးလေဝသ...